နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီကြိတ်နှင့် ခြေပူးလက်ပူးဝေဒနာရှင်များအား တာချီလိတ်တွင် အခမဲ့ ကုသပေးမည်။ စာရင်းပေးသွင်းရန်လိုအပ်

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီကြိတ်နှင့် ခြေပူးလက်ပူးဝေဒနာရှင်များအား တာချီလိတ်တွင် အခမဲ့ ကုသပေးမည်။ စာရင်းပေးသွင်းရန်လိုအပ်
ဖေဖော်ဝါရီ 27, 2017
By Tachileik News Agency
ဂျာမနီနိုင်ငံ အခြေစိုက် Interplast အဖွဲ့အစည်းနှင့် MCA(Myanmar Chef's Association)အဖွဲ့ တို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ၊ နှာခေါင်းကွဲ ၊ မီးလောင်ဒဏ်ရာ ၊ အဆီအကြိတ် နှင့် ခြေပူးလက်ပူးစသည့် ဝေဒနာရှင်များကို အခမဲ့ ကုသခွဲစိတ်မှု ပထမဆုံးအကြိမ် လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဆေးကုသမှု ခံယူလိုသော ဝေဒနာရှင်များ အနေဖြင့် မတ်လ(၄)ရက်နေ့ နောက်ဆုံးထားက ဆက်သွယ်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်သို့ လာရောက်၍ ဆေးဝါးကုသမှုခံယူမည့် ဝေဒနာရှင်များအတွက် တာချီလိတ်မှ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင်များက အဆင်ပြေစေရန်  လူနာများနှင့် လူနာရှင် မိသားစုများ ရောက်ရှိလာချိန်တွင် တည်းခိုနိုင်ရန်အတွက် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို) ၀န်ထမ်းကုန်းကျောင်းတိုက်တွင် စီစဉ်ထားရှိကြောင်း နှင့် လူနာများနှင့် လူနာရှင်များအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ ထမင်းဟင်းများအတွက် စီစဉ်ထားရှိသည့်အပြင် ကားအကြိုအပို့များလည်း စီစဉ်ပေးထားကြောင်း သိရှိရသည်။
ဆေးဝါးကုမှုခံယူလိုသည့် ဝေဒနာရှင်များအနေဖြင့် ဒေါ်သန်းသန်းဌေး ( 09445242232 ) ၊ ဒေါ်ရွှေစင်ခက် ( 0941003219 ) ၊ ဒေါ်မေဇာခြည်လင်း ( 095241807 ) ဖော်ပြပါ ဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး ၂၀၁၇ခုနှစ် မတ်လ(၄)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~

ဂျာမနီနိုင်ငံ အခြေစိုက် Interplast အဖွဲ့အစည်းနှင့် MCA(Myanmar Chef's Association)အဖွဲ့ တို့မှ ပူးပေါင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီအကြိတ် နှင့် ခြေပူးလက်ပူးစသည့်ေဝဒနာရှင်များကို အခမဲ့ ကုသခွဲစိတ်မှု ပထမဆုံးအကြိမ် လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဆေးကုသမှု ခံယူလိုသောေဝဒနာရှင်များ အနဖြေင့် မတ်လ(၄)ရက်နေ့ နောက်ဆုံးထားက ဆက်သွယ်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဓမ္မသီရိဆေးရုံကြီး)တွင် မတ်လ (၄)ရက်နေ့မှ (၁၄)ရက်နေ့အထိ Interplast အဖွဲ့အစည်းမှ ဂျာမနီဆရာဝန် (၁၀)ဦးက လာရောက်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
“နောက်တစ်ကြိမ်ခွဲစိတ်ဖို့က လူနာမကုန်သေးရင်တော့ ရပါတယ်။ လာရောက် ကုသပေးဖို့က ဒီဖက်က တောင်းဆိုမှုတွေရယ်၊ ပရဟိတအသင်းတွေက ပါဝင်မှုတွေရယ် လိုအပ်ပါတယ်။ တစ်မြို့နယ် ခွဲစိတ်မှုပြုလုပ်မယ်ဆိုရင် တစ်နှစ်လောက် ကြိုတင်ပြင်ဆင်ရပါတယ်။ လူနာ(၁၀၀)လောက်ရှိတယ်ဆိုရင် အကြောင်းကြားလာရင် Interplast အဖွဲ့တွေက ကမ္ဘာ့နေရာအနှံ့မှာ လိုက်ခွဲစိတ်နေရတာဆိုတော့ မြန်မာပြည်မှာလည်း အနှစ်(၂၀)လောက်ရှိပြီ။ ဘယ်မြို့က တင်ပြထားတယ်။ ဘယ်မြို့က တောင်းထားတယ်။ သူတို့က အချိန်ကိုကြည့်ပြီး ပြန်ခွဲပေးတာပါ။ အဲဒါကြောင့် တစ်မြို့နယ်က တင်ပြထားရင် တစ်နှစ်လောက် အချိန်ယူရပါတယ်”ဟု MCA(Myanmar Chef’s Association)အဖွဲ့မှ အတွင်းရေးမှူး(စီမံ) ဒေါ်ခက်ခက်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
တာချီလိတ်သို့ လာရောက်၍ ဆေးဝါးကုသမှုခံယူမည့်ေဝဒနာရှင်များအတွက် တာချီလိတ်မှ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာရှင်များက အဆင်ပြေစေရန် လူနာများနှင့် လူနာရှင် မိသားစုများ ရောက်ရှိလာချိန်တွင် တည်းခိုနိုင်ရန်အတွက် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို) ဝန်ထမ်းကုန်းကျောင်းတိုက်တွင် စီစဉ်ထားရှိကြောင်း နှင့် လူနာများနှင့် လူနာရှင်များအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာ ထမင်းဟင်းများအတွက် စီစဉ်ထားရှိသည့်အပြင် ကားအကြိုအပို့များလည်း စီစဉ်ပေးထားကြောင်း သိရှိရသည်။
ဆေးဝါးကုမှုခံယူလိုသည့်ေဝဒနာရှင်များအနဖြေင့် ဒေါ်သန်းသန်းဌေး ( 09445242232 )၊ ဒေါ်ရွှေစင်ခက် ( 0941003219 )၊ ဒေါ်မေဇာခြည်လင်း ( 095241807 ) ဖော်ပြပါ ဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး ၂၀၁၇ခုနှစ် မတ်လ(၄)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~