ရွမ္းျပည္နယ္အတြင္း ေဒသေလးခုတြင္ ကုန္သြယ္မႈဗဟိုဌာနမ်ားကို ထပ္မံဖြင့္လွစ္သြားမည္

ရွမ္းျပည္နယ္အတြင္း ေဒသေလးခုတြင္ ကုန္သြယ္မႈဗဟိုဌာနမ်ားကို ထပ္မံဖြင့္လွစ္သြားမည္
ဖေဖော်ဝါရီ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ေဒသထြက္ကုန္မ်ား ျပည္ပတင္ပို႔ႏုိင္မႈတိုးျမႇင့္ေရးအတြက္ လားရိႈး၊ တာခ်ီလိတ္၊ ေအာင္ပန္းႏွင့္ က်ဳိင္းတံုၿမိဳ႕မ်ားတြင္ ကုန္သြယ္မႈ ဗဟိုဌာနမ်ား ထပ္မံဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျမန္မာကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚေနာ္မူတာကေပါထံမွ သိရသည္။

“ကုန္သြယ္မႈဗဟိုဌာနဖြင့္တဲ့ ရည္ရြယ္ခ်က္ကေတာ့ သတင္းအခ်က္အလက္ေတြ ေပးခ်င္တယ္။ ပို႔ကုန္သြင္းကုန္ ေတြလုပ္တဲ့ အခ်ိန္မွာ စီးပြားေရးလုပ္ငန္းရွင္မ်ား ျပည္တြင္းျပည္ပေတြ႕ဆံုနိုင္ဖို႔ အဆက္အသြယ္ခ်ိတ္ဆက္ေပးနိုင္ဖို႔ အတြက္ အဓိကရည္မွန္းၿပီးေတာ့ ကုန္သြယ္မႈဗဟိုဌာနမ်ားကို ဖြင့္လွစ္ရျခင္းျဖစ္ပါတယ္”ဟု ေဒၚေနာ္မူတာကေပါ က ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေဒသတြင္း စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ေဒသထြက္ ကုန္မ်ားတင္ပို႔လိုသည့္ ေတာင္သူမ်ားအတြက္ ခ်ိတ္ဆက္ေဆာင္ရြက္မႈမ်ားျပဳလုပ္ႏုိင္ရန္ (၁၁) ခုေျမာက္ ကုန္သြယ္မႈ ဗဟိုဌာနအျဖစ္ ကေမာၻဇကုန္သြယ္မႈ ဗဟိုဌာနကို ေတာင္ႀကီးၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ (၁၁)ရက္က ဖြင့္လွစ္လုိက္ျခင္းျဖစ္သည္။

ကုန္သြယ္မႈဗဟိုဌာနကို တိုင္းႏွင့္ျပည္နယ္ (၁၀) ေနရာတြင္ ဖြင့္လွစ္ထားၿပီး ကရင္ျပည္နယ္ ဘားအံၿမိဳ႕တြင္ ဇြဲကပင္ကုန္သြယ္မႈဗဟိုဌာနႏွင့္ ရွမ္းျပည္နယ္ လားရိႈး၊ တာခ်ီလိတ္၊ ေအာင္ပန္း၊ က်ဳိင္းတံုၿမိဳ႕မ်ားတြင္လည္း ထပ္မံဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွ ဖြင့္လွစ္ထားသည့္ ကုန္သြယ္မႈဗဟိုဌာနမ်ားမွာ ရန္ကုန္၊ မႏၱေလး၊ ပုသိမ္၊ မံုရြာ၊ မေကြး၊ မူဆယ္၊ လြိဳင္ေကာ္၊ ျမစ္ႀကီးနား၊ စစ္ေတြ၊ ေမာ္လၿမိဳင္ႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ျဖစ္ေၾကာင္း သိရသည္။

“ကုန္သြယ္မႈျမႇင့္တင္နိုင္ဖို႔အတြက္ ထြက္ကုန္ေတြ ေကာင္းရမယ္။ ေစ်းကြက္ကလိုခ်င္တဲ့ အရည္အေသြးျဖစ္ေအာင္ ထုတ္နိုင္ဖို႔လိုတယ္။ ေစ်းႏႈန္းသက္သာမွ သူမ်ားေတြနဲ႔ယွဥ္နိုင္မယ္။ ေစ်းကြက္က လိုအပ္ခ်က္ေတြကို ေတာင္သူေတြသိဖို႔ ကုန္စည္ျပပြဲေတြလုပ္ၿပီး အရည္အေသြးကို ျမွင့္တင္ေပးတယ္။ ကုန္ထုတ္လုပ္မႈ တုိးတက္လာေစေရး အတြက္လည္း နည္းပညာေတြကို စံခ်ိန္စံႏႈန္းျပည့္မီနိုင္ေအာင္ ပညာရွင္ေတြ နိုင္ငံတကာအၾကံေပးေကာ္မရွင္ေတြနဲ႕ ပူးေပါင္းၿပီးေတာ့ အလုပ္ရံုေဆြးေႏြးပြဲေတြကိုလည္း တစ္ႏွစ္ကို အနည္းဆံုး(၂)ႀကိမ္ေတာ့ ျပဳလုပ္ေပးပါတယ္”ဟု ေဒၚေနာ္မူတာကေပါ က ေျပာသည္။

ျမန္မာကုန္သြယ္မွဳျမႇင့္တင္ေရးအဖြဲ႕သည္ ျပည္တြင္းေစ်းကြက္သာမဟုတ္ဘဲ အျခားျပည္ပသို႔ နိုင္ငံတကာ ေစ်းကြက္ရရွိနိုင္ေရးအတြက္ နိုင္ငံေပါင္း(၉)နိုင္ငံႏွင့္ ခ်ိတ္ဆက္ထားေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်း ဒေသထွက်ကုန်များ ပြည်ပတင်ပို့နိုင်မှုတိုးမြှင့်ရေးအတွက် လားရှိုး၊ တာချီလိတ်၊ အောင်ပန်းနှင့် ကျိုင်းတုံမြို့များတွင် ကုန်သွယ်မှု ဗဟိုဌာနများ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါထံမှ သိရသည်။

“ကုန်သွယ်မှုဗဟိုဌာနဖွင့်တဲ့ ရည်ရွယ်ချက်ကတော့ သတင်းအချက်အလက်တွေ ပေးချင်တယ်။ ပို့ကုန်သွင်းကုန် တွေလုပ်တဲ့ အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်များ ပြည်တွင်းပြည်ပတွေ့ဆုံနိုင်ဖို့ အဆက်အသွယ်ချိတ်ဆက်ပေးနိုင်ဖို့ အတွက် အဓိကရည်မှန်းပြီးတော့ ကုန်သွယ်မှုဗဟိုဌာနများကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်”ဟု ဒေါ်နော်မူတာကပေါ က ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဒေသတွင်း စီးပွားရေးလုပ်ငန်းများနှင့် ဒေသထွက် ကုန်များတင်ပို့လိုသည့် တောင်သူများအတွက် ချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်နိုင်ရန် (၁၁) ခုမြောက် ကုန်သွယ်မှု ဗဟိုဌာနအဖြစ် ကမော္ဘဇကုန်သွယ်မှု ဗဟိုဌာနကို တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ (၁၁)ရက်က ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ကုန်သွယ်မှုဗဟိုဌာနကို တိုင်းနှင့်ပြည်နယ် (၁၀) နေရာတွင် ဖွင့်လှစ်ထားပြီး ကရင်ပြည်နယ် ဘားအံမြို့တွင် ဇွဲကပင်ကုန်သွယ်မှုဗဟိုဌာနနှင့် ရှမ်းပြည်နယ် လားရှိုး၊ တာချီလိတ်၊ အောင်ပန်း၊ ကျိုင်းတုံမြို့များတွင်လည်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖွင့်လှစ်ထားသည့် ကုန်သွယ်မှုဗဟိုဌာနများမှာ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မုံရွာ၊ မကွေး၊ မူဆယ်၊ လွိုင်ကော်၊ မြစ်ကြီးနား၊ စစ်တွေ၊ မော်လမြိုင်နှင့် တောင်ကြီးမြို့များတွင်ဖြစ်ကြောင်း သိရသည်။

“ကုန်သွယ်မှုမြှင့်တင်နိုင်ဖို့အတွက် ထွက်ကုန်တွေ ကောင်းရမယ်။ ဈေးကွက်ကလိုချင်တဲ့ အရည်အသွေးဖြစ်အောင် ထုတ်နိုင်ဖို့လိုတယ်။ ဈေးနှုန်းသက်သာမှ သူများတွေနဲ့ယှဉ်နိုင်မယ်။ ဈေးကွက်က လိုအပ်ချက်တွေကို တောင်သူတွေသိဖို့ ကုန်စည်ပြပွဲတွေလုပ်ပြီး အရည်အသွေးကို မြှင့်တင်ပေးတယ်။ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေး အတွက်လည်း နည်းပညာတွေကို စံချိန်စံနှုန်းပြည့်မီနိုင်အောင် ပညာရှင်တွေ နိုင်ငံတကာအကြံပေးကော်မရှင်တွေနဲ့ ပူးပေါင်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း တစ်နှစ်ကို အနည်းဆုံး(၂)ကြိမ်တော့ ပြုလုပ်ပေးပါတယ်”ဟု ဒေါ်နော်မူတာကပေါ က ပြောသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပြည်တွင်းဈေးကွက်သာမဟုတ်ဘဲ အခြားပြည်ပသို့ နိုင်ငံတကာ ဈေးကွက်ရရှိနိုင်ရေးအတွက် နိုင်ငံပေါင်း(၉)နိုင်ငံနှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~