ကယားျပည္နယ္ ေဒါတမႀကီး တိုက္နယ္ေဆးရံု လွ်ပ္စစ္မီးသြယ္တန္းျခင္း ကိစၥ စစ္ေဆးမႈ ထပ္မံလုပ္ေဆာင္မည္

ကယားျပည္နယ္ ေဒါတမႀကီး တိုက္နယ္ေဆးရံု လွ်ပ္စစ္မီးသြယ္တန္းျခင္း ကိစၥ စစ္ေဆးမႈ ထပ္မံလုပ္ေဆာင္မည္
ဖေဖော်ဝါရီ 22, 2017
By Tachileik News Agency

ကယားျပည္နယ္ ဒီးေမာ႔ဆိုၿမိဳ႕နယ္ ေဒါတမႀကီး တိုက္နယ္ေဆးရံုအတြက္ လွ်ပ္စစ္မီး သြယ္တန္းျခင္း၊ တပ္ဆင္ျခင္းကိစၥႏွင့္ ပတ္သက္၍ ၾကားနာစစ္ေဆးၿပီးေနာက္ အဆိုပါ ေဆးရံုအား ကယားျပည္နယ္လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္း ေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီမွ သြားေရာက္ စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းႏွင့္ပတ္သက္၍ လုပ္ငန္းေဆာင္ရြက္ရာတြင္ ညႊန္ၾကားခ်က္မ်ားႏွင့္ ကိုက္ညီမႈ မရိွေၾကာင္း တိုင္ၾကားမႈမ်ားေၾကာင့္  လုပ္ငန္းေဆာင္ရြက္မႈတြင္ တာဝန္ရိွသူမ်ားႏွင့္ ဌာနမ်ားအား ကယားျပည္နယ္ လႊတ္ေတာ္ ျပည္သူ႔ေငြစာရင္း ေစာင့္ၾကည့္စစ္ေဆးေရးေကာ္မတီက ေဖေဖာ္ဝါရီလ (၂၁)ရက္ေန႔တြင္ စစ္ေဆးၾကားနာပြဲ ျပဳလုပ္ရာ တုိင္ၾကားမႈႏွင့္ကြဲလြဲေန၍ အဆိုပါေဆးရံုအား သြားေရာက္စစ္ေဆးရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒါတမႀကီးေက်းရြာ တိုက္နယ္ေဆး႐ုံအား လွ်ပ္စစ္မီးသြယ္တန္းတပ္ဆင္ရာတြင္ အသုံးျပဳေသာ ပစၥည္းမ်ား ဓာတ္မီးတိုင္ စေသာ ပစၥည္းကိရိယာမ်ား သုံးစြဲရာတြင္ ၫႊန္ၾကားခ်က္မ်ားႏွင့္ ကိုက္ညီမႈ မ႐ွိဘဲ ကြဲလြဲမႈမ်ား ရိွေနေၾကာင္း တိုင္းၾကားလာမႈမ်ား ရိွလာေသာေၾကာင့္ စစ္ေဆး၍ ၾကားနာပြဲ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း ျပည္သူ႕ေငြစာရင္းေစာင့္ၾကည့္စစ္ေဆးေရး ေကာ္မတီထံမွ သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီး တိုက်နယ်ဆေးရုံအတွက် လျှပ်စစ်မီး သွယ်တန်းခြင်း၊ တပ်ဆင်ခြင်းကိစ္စနှင့် ပတ်သက်၍ ကြားနာစစ်ဆေးပြီးနောက် အဆိုပါ ဆေးရုံအား ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီမှ သွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ရာတွင် ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိကြောင်း တိုင်ကြားမှုများကြောင့် လုပ်ငန်းဆောင်ရွက်မှုတွင် တာဝန်ရှိသူများနှင့် ဌာနများအား ကယားပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီက ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် စစ်ဆေးကြားနာပွဲ ပြုလုပ်ရာ တိုင်ကြားမှုနှင့်ကွဲလွဲနေ၍ အဆိုပါဆေးရုံအား သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါတမကြီးကျေးရွာ တိုက်နယ်ဆေးရုံအား လျှပ်စစ်မီးသွယ်တန်းတပ်ဆင်ရာတွင် အသုံးပြုသော ပစ္စည်းများ ဓာတ်မီးတိုင် စသော ပစ္စည်းကိရိယာများ သုံးစွဲရာတွင် ညွှန်ကြားချက်များနှင့် ကိုက်ညီမှု မရှိဘဲ ကွဲလွဲမှုများ ရှိနေကြောင်း တိုင်းကြားလာမှုများ ရှိလာသောကြောင့် စစ်ဆေး၍ ကြားနာပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီထံမှ သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~