ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ ေက်ာက္ေတာင္သခ်ဳႋင္း(ၿမိဳ႕မသုသာန္)အနီးတြင္ မသကၤာဖြယ္ ေတြ႕ရိွသူႏွစ္ဦးအား ရဲတပ္ဖြဲ႕က စစ္ေဆးရာမွ ဘိန္းျဖဴဟု ယူဆရသည့္ အျဖဴေရာင္အမႈန္႔(၁၀.၄) ဂရမ္ႏွင့္ WY စာတန္းပါ စိတ္ၾကြေဆးျပား (၅၆၀)အား ဖမ္းဆီးရမိေၾကာင္း သိရသည္။
ေဖေဖၚဝါရီလ (၇)ရက္ ေန႔လယ္ (၁)နာရီ (၃၀)မိနစ္ခန္႔တြင္ မူးယစ္ရဲတပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ႏွင့္ ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ မသကၤာဖြယ္ေတြ႕ရသည့္ အသက္(၂၂)ႏွစ္အရြယ္ ဟဲေလးႏွင့္ အသက္ (၃၅)ႏွစ္အရြယ္ မဘူးခ်ိဳတို႔အား စစ္ေဆးရာ မဘူးခ်ိဳလြယ္ထားသည့္ လြယ္အိတ္အတြင္းမွ ဘိန္းျဖဴဟု ယူဆရသည့္ အျဖဴေရာင္အမႈန္႔မ်ား ထည့္ထားသည့္ ေကာ္ဗူး (၁၃) ဗူး၊ WY စာတမ္းပါ စိတ္ၾကြေဆးျပားမ်ား ထည့္ထားသည့္ အိတ္ႏွစ္ထုပ္တို႔အား သက္ေသမ်ားေရွ႕တြင္ ရွာေဖြေတြ႔ရိွ ဖမ္းဆီးမိျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ဟဲေလးႏွင့္ ဘူးခ်ိဳတို႔ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၇/၂၀၁၇ မူး/စိတ္ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ဖေဖော်ဝါရီလ (၇)ရက် နေ့လယ် (၁)နာရီ (၃၀)မိနစ်ခန့်တွင် မူးယစ်ရဲတပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ်တွေ့ရသည့် အသက်(၂၂)နှစ်အရွယ် ဟဲလေးနှင့် အသက် (၃၅)နှစ်အရွယ် မဘူးချိုတို့အား စစ်ဆေးရာ မဘူးချိုလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့်များ ထည့်ထားသည့် ကော်ဗူး (၁၃) ဗူး၊ WY စာတမ်းပါ စိတ်ကြွဆေးပြားများ ထည့်ထားသည့် အိတ်နှစ်ထုပ်တို့အား သက်သေများရှေ့တွင် ရှာဖွေတွေ့ရှိ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဟဲလေးနှင့် ဘူးချိုတို့နှစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၇/၂၀၁၇ မူး/စိတ် ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။