ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးနိုင်ရန် လူမှုကူညီရေးအဖွဲ့ဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက စာရင်းကောက်ယူနေရာ ဆေးဖြတ်လိုသူ လူဦးရေမှာ ဇန်နဝါရီလကုန်အထိ စုစုပေါင်း (၁၂၅)ဦးအထိ စာရင်းရရှိနေပြီဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးစွဲနေသူများ၏ စာရင်းအား ဇန်နဝါရီလကုန်တွင် အပြီးသတ်ကောက်ယူရန် မျှော်မှန်း ထားသော်လည်း စာရင်းပေးရန် စိုးရိမ်မှုများရှိနေကြသဖြင့် စာရင်းကောက်ယူရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းသည့် လက်ကမ်းစာရွက်များ ဖြန့်ဝေပေးရန် လတ်တလောစီစဉ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်ရှိ ရပ်ကွက်(၁၁)ခုတွင် မူးယစ်ဆေး စွဲနေသူများ စာရင်းကောက်ယူခြင်းကို ဇန်နဝါရီလ (၁၀)ရက်နေ့မှစ၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါ စာရင်းအား ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
စာရင်းကောက်ခံမှုကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြန်လည်စတင်သွားမည်ဖြစ်ပြီး စာရင်း ကောက်ခံမှု ပြီးစီးသွားပါက ဆေးဖြတ်ပေးခြင်း ၊ နေရပ်ပြန်လိုသူများအား ပြန်ပို့ပေးခြင်း ၊အလုပ်အကိုင် ရှာဖွေပေးခြင်းနှင့် လက်မှုပညာသင်ပေးခြင်းတို့ကို စီမံချက်အနေဖြင့်ရေးဆွဲပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ရှမ်းပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးစွဲလေလွင့်သူများ အများစုခိုလှုံနေသည့် တာချီလိတ်မြို့မသုသန်အတွင်း စာရင်းလိုက်လံ ကောက်ယူခြင်းပြီးစီးသွားပြီးနောက် လက်ရှိတွင် ရပ်ကွက်များအတွင်း စာရင်းကောက်ယူနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - #အင်မိုင်ခ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးနိုင်ရန် လူမှုကူညီရေးအဖွဲ့ဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက စာရင်းကောက်ယူနေရာ ဆေးဖြတ်လိုသူ လူဦးရေမှာ ဇန်နဝါရီလကုန်အထိ စုစုပေါင်း (၁၂၅)ဦးအထိ စာရင်းရရှိနပြေီဖြစ်ကြောင်း သိရသည်။
“အခုစာရင်းကောက်လို့ရတဲ့ အထဲကနေ ကလေးတစ်ဖက်နဲ့ အမျိုးသားက ထောင်ကျနေတာတို့ နောက်ဆေးဖြတ်ချင်ပြီး နေရပ်ကိုပြန်ချင်တဲ့ အမျိုးသမီး(၁၉)ဦးကို ဆေးရုံအုပ်ကြီးနဲ့ တိုင်ပင်ပြီးတော့ ဆေးရုံဟောင်းမှာ ဆေးဖြတ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဆေးရုံအုပ်ဖက်ကလည်း လိုအပ်တဲ့ ဆေးဝါးတွေကိုပေးပြီး အသင်းဖက်ကတော့ လိုအပ်တဲ့ စားရေးသောက်ရေးအတွက် ထောက်ပံ့ပေးရမှာပါ”ဟု မဇ္ဈိမ လူမှုရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
မူးယစ်ဆေးစွဲနေသူများ၏ စာရင်းအား ဇန်နဝါရီလကုန်တွင် အပြီးသတ်ကောက်ယူရန် မျှော်မှန်းထားသော်လည်း စာရင်းပေးရန် စိုးရိမ်မှုများရှိနကြေသဖြင့် စာရင်းကောက်ယူရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းသည့် လက်ကမ်းစာရွက်များ ဖြန့်ဝေပေးရန် လတ်တလောစီစဉ်နေကြောင်း သိရသည်။
“လောလောဆယ်တော့ လက်ကမ်းစာရွက် ထုတ်ထားတယ်။ အဲဒါပြီးရင်တော့ စာရင်းကောက်တာ ပြန်စမှာပါ။ သုသန်မှာ စာရင်းသွားကောက်တုန်းကကျတော့ သူတို့ကို ရှင်းပြပြီး စာရင်းကောက်ရတာ လွယ်တယ်။ တချို့ရပ်ကွက်တွေမှာကျတော့ နည်းနည်းအခက်အခဲရှိတာကြောင့် သွားကောက်မယ့် ရပ်ကွက်မှာ အရင်ဆုံး တစ်ရက် လက်ကမ်းစာစောင် သွားဖြန့်ဝပြေီးမှ ကောက်ခံဖို့ စီစဉ်လိုက်တာပါ”ဟု မဇ္ဈိမလူမှုရေးအသင်းဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်ရှိ ရပ်ကွက်(၁၁)ခုတွင် မူးယစ်ဆေး စွဲနေသူများ စာရင်းကောက်ယူခြင်းကို ဇန်နဝါရီလ (၁၀)ရက်နေ့မှစ၍ လုပ်ဆောင်နခြေင်းဖြစ်ပြီး အဆိုပါ စာရင်းအား ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
စာရင်းကောက်ခံမှုကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြန်လည်စတင်သွားမည်ဖြစ်ပြီး စာရင်းကောက်ခံမှု ပြီးစီးသွားပါက ဆေးဖြတ်ပေးခြင်း၊ နေရပ်ပြန်လိုသူများအား ပြန်ပို့ပေးခြင်း၊အလုပ်အကိုင် ရှာဖွေပေးခြင်းနှင့် လက်မှုပညာသင်ပေးခြင်းတို့ကို စီမံချက်အနဖြေင့်ရေးဆွဲပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ရှမ်းပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးစွဲလေလွင့်သူများ အများစုခိုလှုံနေသည့် တာချီလိတ်မြို့မသုသန်အတွင်း စာရင်းလိုက်လံ ကောက်ယူခြင်းပြီးစီးသွားပြီးနောက် လက်ရှိတွင် ရပ်ကွက်များအတွင်း စာရင်းကောက်ယူနခြေင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - #အင်မိုင်ခ