ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့သည် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ နံနက်(၉)နာရီဝန်းကျင် အချိန်က ကျိုင်းလပ် - တာလေ လမ်းပိုင်းတွင် စိတ်ကြွဆေးပြား(၇၈၀၀)ကို သယ်လာသူနှစ်ဦးထံမှ ဖမ်းဆီးရမိကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် အဆိုပါလမ်းပိုင်းတွင် စစ်ဆေးနေစဉ် တာလေမြို့မှ ကျိုင်းလပ်မြို့သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ခန့်မှန်း ကျပ်(၁၉,၅၀၀,၀၀၀)တန်ဖိုး ရှိသည့် WY စာတမ်းပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးပြား (၇၈,၀၀) အား တွေ့ရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် အဆိုပါလမ်းပိုင်းတွင် စစ်ဆေးနေစဉ် တာလမြေို့မှ ကျိုင်းလပ်မြို့သို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ခန့်မှန်း ကျပ်(၁၉,၅၀၀,ဝဝဝ)တန်ဖိုး ရှိသည့် WY စာတမ်းပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးပြား (၇၈,ဝဝ) အား တွေ့ရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရသည့် ဆိုင်ကယ်မောင်းနှင်လာသည့် စောလု၊ အဆိုပါဆိုင်ကယ်ဖြင့် လိုက်ပါလာသူ ယားအေတို့အား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။