က်ဳိင္းတံုတြင္ မူးယစ္ေဆး၀ါးႏွင့္ ကြင္းဆက္တရားခံမ်ား ေဖၚထုတ္ရမိ

က်ဳိင္းတံုတြင္ မူးယစ္ေဆး၀ါးႏွင့္ ကြင္းဆက္တရားခံမ်ား ေဖၚထုတ္ရမိ
ဖေဖော်ဝါရီ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးေရာင္းခ်ေနသူႏွစ္ဦးအား သတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးရာမွ ကြင္းဆက္တရားခံ တစ္ဦးကိုပါ ဖမ္းဆီးရမိၿပီး ေနာက္ထပ္ ကြင္းဆက္တရားခံတစ္ဦးကိုလည္း ထပ္မံဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း )က်ိဳင္းတံုၿမိဳ႕ ဆြန္စပ္ကုန္းရပ္ကြက္ ဆြန္စပ္ကုန္းရြာေန က်ထူႏွင့္ ေဝၚနိမ့္ေက်းရြာ ေနေသြးတို႔ႏွစ္ဦး မူးယစ္ေဆး၀ါး ေရာင္းခ်ေနေၾကာင္း သတင္းအရ မူးယစ္တပ္ဖြဲ႔စု(၂၈)က်ဳိင္းတံု မူးယစ္တပ္ဖြဲ႔စုမွ ရဲအုပ္ေသာ္ဇင္လင္း ဦးစီးအဖြဲ႕ႏွင့္ သက္ဆုိင္ရာတာဝန္ရိွသူမ်ား ပါဝင္သည့္အဖြဲ႕က ေဖေဖာ္ဝါရီလ (၁၆)ရက္ေန႔ ေန႔လယ္(၂)နာရီတြင္ ေစာင့္ဆိုင္းဖမ္းဆီးရာ က်ထူ အား စိတ္ၾကြေဆးျပား (၃၉၄)ျပားႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ပူးေပါင္းအဖြဲ႔သည္ မူးယစ္ေဆးဝါး ေရာင္းခ်သည္ဟု သတင္းအရ က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၁) ေဝၚနိမ့္ရပ္ေန ေနေသြး၏ ေနအိမ္အား ရွာေဖြဝရမ္းျဖင့္ ဆက္လက္ရွာေဖြရာ လက္ကိုင္စကားေျပာစက္ တစ္လံုးအား ရွာေဖြေတြ႕ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ လက္ဝယ္ဖမ္းဆီးရမိသည့္ က်ထူအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၂၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ထားၿပီး ေနေသြးအား (ပ)၂၉/၂၀၁၇၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕ ႏွင့္ သက္ဆိုင္ရာ တာဝန္ရိွသူမ်ားပူးေပါင္းအဖြဲ႔က ေဖေဖာ္ဝါရီလ (၁၆) ရက္ေန႔ ညေန (၆)နာရီခန္႔တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ ယန္းေလာအုပ္စု၊ ပန္ကုလားရြာမွ သူဇာခရိ (ခ) ရခိုင္ ၏ ေနအိမ္အား ရွာေဖြဝရမ္းျဖင့္ ဝင္ေရာက္ရွာေဖြရာမွ စိတ္ၾကြေဆးျပား (၂၁၆၀၀)ႏွင့္ ဘိန္းစိမ္း (၁၀၅၀)ဂရမ္တို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ မူူးယစ္ေဆးမ်ားအား က်ိဳင္းတံုၿမိဳ႕၊ ယန္းေလာအုပ္စု၊ က်ိဳင္းေဖာင္းရြာေန အုိက္စိုင္းဆိိုသူက ေရာင္းခ်ရန္ ေပးထားျခင္းျဖစ္ေၾကာင္း သူဇာခရိ (ခ) ရခိုင္၏ ထြက္ဆိုခ်က္အရ သိရသျဖင့္ အိုက္စိုင္းအား ဖမ္းဆီးရမိေရး ဆက္လက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သူဇာခရိ၏ ေနအိမ္မွ စစ္ေဆးေတြ႔ရိွရသည့္ စိတ္ၾကြေဆးျပားစုစုေပါင္း (၂၁,၆၀၀) ခန္႔မွန္းတန္ဖိုး က်ပ္သိန္း (၅၄၀)ႏွင့္ ဘိန္းစိမ္းအေလးခ်ိန္ (၁,၀၅၀) ဂရမ္ခန္႔ ခန္႔မွန္းတန္ဖိုး (၁,၀၅၀,၀၀၀)၊ ျမန္မာေငြေရာရာ (၁၃၀,၀၀၀)က်ပ္ႏွင့္ လက္ကိုင္ဖုန္းတစ္လံုးတို႔အား ရွာေဖြပံုစံျဖင့္ သိမ္းဆည္း ထားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ား ေရာင္းခ်ရန္ လက္ဝယ္ထားရိွသူ သူဇာခရိ(ခ)ရခုိင္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၅/၂၀၁၇၊မူး/စိတ္ ၁၅/၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရၿပီး အိုက္စိုင္းအား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချနေသူနှစ်ဦးအား သတင်းအရ စောင့်ဆိုင်းဖမ်းဆီးရာမှ ကွင်းဆက်တရားခံ တစ်ဦးကိုပါ ဖမ်းဆီးရမိပြီး နောက်ထပ် ကွင်းဆက်တရားခံတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း )ကျိုင်းတုံမြို့ ဆွန်စပ်ကုန်းရပ်ကွက် ဆွန်စပ်ကုန်းရွာနေ ကျထူနှင့် ဝေါ်နိမ့်ကျေးရွာ နေသွေးတို့နှစ်ဦး မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်သော်ဇင်လင်း ဦးစီးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နေ့လယ်(၂)နာရီတွင် စောင့်ဆိုင်းဖမ်းဆီးရာ ကျထူ အား စိတ်ကြွဆေးပြား (၃၉၄)ပြားနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းချသည်ဟု သတင်းအရ ကျိုင်းတုံမြို့ ရပ်ကွက်(၁) ဝေါ်နိမ့်ရပ်နေ နေသွေး၏ နေအိမ်အား ရှာဖွေဝရမ်းဖြင့် ဆက်လက်ရှာဖွေရာ လက်ကိုင်စကားပြောစက် တစ်လုံးအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိသည့် ကျထူအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၂၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားပြီး နေသွေးအား (ပ)၂၉/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညနေ (၆)နာရီခန့်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ယန်းလောအုပ်စု၊ ပန်ကုလားရွာမှ သူဇာခရိ (ခ) ရခိုင်၏ နေအိမ်အား ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာမှ စိတ်ကြွဆေးပြား (၂၁၆၀၀)နှင့် ဘိန်းစိမ်း (၁၀၅၀)ဂရမ်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများအား ကျိုင်းတုံမြို့၊ ယန်းလောအုပ်စု၊ ကျိုင်းဖောင်းရွာနေ အိုက်စိုင်းဆိုသူက ရောင်းချရန် ပေးထားခြင်းဖြစ်ကြောင်း သူဇာခရိ (ခ) ရခိုင်၏ ထွက်ဆိုချက်အရ သိရသဖြင့် အိုက်စိုင်းအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

သူဇာခရိ၏ နေအိမ်မှ စစ်ဆေးတွေ့ရှိရသည့် စိတ်ကြွဆေးပြားစုစုပေါင်း (၂၁,၆၀၀) ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၅၄၀)နှင့် ဘိန်းစိမ်းအလေးချိန် (၁,ဝ၅၀) ဂရမ်ခန့် ခန့်မှန်းတန်ဖိုး (၁,ဝ၅၀,ဝဝဝ)၊ မြန်မာငွေရောရာ (၁၃၀,ဝဝဝ)ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား ရှာဖွေပုံစံဖြင့် သိမ်းဆည်း ထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ ရောင်းချရန် လက်ဝယ်ထားရှိသူ သူဇာခရိ(ခ)ရခိုင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၂၅/၂၀၁၇၊မူး/စိတ် ၁၅/၁၉(က)/၂၀(က)ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရပြီး အိုက်စိုင်းအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~