ရှမ်းပြည်နယ်တောင်ပိုင်း လူထုအခြေပြုခရီးသွားလုပ်ငန်းဖေါ်ဆောင်ရေးအတွက် ဓနုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကျေးရွာများတွင် ကောက်ယူရရှိသော အခြေအနေများကို ရှမ်းပြည်နယ် အစိုးရထံသို့ တင်ပြရန်ဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် လူထုအခြေပြုခရီးသွားလုပ်ငန်းအား ၂၀၁၄ ခုနှစ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူထုအခြေပြုခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံမြို့နယ်မှ ပလောင်ရွာနှစ်ရွာ၊ ပင်းတယမြို့နယ်မှ ရွာ နှစ်ရွာ တွင် ဆက်လက်အကောင်အထည်ဖေါ်ရန် ကြိုးစားနေကြောင်း သိရသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
“ဆွေးနွေးပွဲမှာ စည်းမျဉ်းစည်းကမ်းလေးတွေကို ထုတ်ပြန်နိုင်အောင် အဓိကထား ဆွေးနွေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာစပြီးတော့ အကောင်အထည်ဖော်နေတဲ့ လူထုအခြပြေုခရီးသွားလုပ်ငန်းကို ရပ်ရွာတွေမှာ နိုင်ငံခြားသားတွေ လက်ခံလာမယ့် ကျေးရွာတွေရယ်၊ နိုင်ငံခြားသားတွေကို ပို့ဆောင်နိုင်မယ့် ဧည့်လမ်းညွှန်တွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အဓိကကတော့ နိုင်ငံခြား ဧည့်သည်တွေအတွက် ဆိုးကျိုးမဖြစ်အောင် စည်းကမ်းတွေကို မူကြမ်းရေးဆွဲတာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့ ဟိုတယ်နှင့်ခရီးသွား ညွန့်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးထင်အောင်နိုင်က ပြောသည်။
ရှမ်းပြည်နယ်တွင် လူထုအခြပြေုခရီးသွားလုပ်ငန်းအား ၂၀၁၄ ခုနှစ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒုတိယအဆင့်အနေနဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရွေးချယ်ထားတဲ့ ရွာလေးရွာ ရှိပါတယ်။ ရွာငံမြို့နယ် ထဲက ပလောင်ရွာ နှစ်ရွာ၊ ပင်းတယမြို့နယ်ထဲက ရွာနှစ်ရွာ ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာက မူကြမ်းကို ဆွေးနွေးပြီး ရလာပြီဆိုရင် ရှမ်းပြည်နယ်အစိုးရနဲ့ ဝန်ကြီးဌာနကိုတင်ပြမယ်။ သူတို့ကနေ အတည်ပြုရင်တော့ ခရီးသွားလုပ်ငန်းရှိတဲ့ ရွာတွေမှာ မူကြမ်းတွေကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။ နိုင်ငံခြားဧည့်သည် အနဖြေင့် အားသာချက်ရှိသလို အားနည်းချက်လည်းရှိပါတယ်။ လာတဲ့ ဧည့်သည်မှာလည်း လူပေါင်းစုံ လာနိုင်တယ်။ အင်းလေး မှာကတော့ နိုင်ငံခြားခရီးသွားမှုနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးပြီး နေရာဖြစ်ပြီးသားပါ။ ဒါတွေကိုလည်း ရေရှည်ဖြစ်နိုင်ရန်အောင်လည်း ကြိုးစားနေမှာဖြစ်ပါတယ်” ဟု ဦးထင်အောင်နိုင်က ပြောသည်။
လူထုအခြပြေုခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွာငံမြို့နယ်မှ ပလောင်ရွာနှစ်ရွာ၊ ပင်းတယမြို့နယ်မှ ရွာ နှစ်ရွာ တွင် ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးစားနေကြောင်း သိရသည်။
သတင်း - နိုနို