ေတာင္ႀကီးတြင္ လုပ္ငန္းခြင္မွ ကေလးမ်ားအား ကမ္းလက္ေမတၱာလူမႈဖြံ႕ၿဖိဳးအဖြဲ႕က စာသင္ၾကားေပးမည္

ေတာင္ႀကီးတြင္ လုပ္ငန္းခြင္မွ ကေလးမ်ားအား ကမ္းလက္ေမတၱာလူမႈဖြံ႕ၿဖိဳးအဖြဲ႕က စာသင္ၾကားေပးမည္
ဖေဖော်ဝါရီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ လုပ္ငန္းခြင္အတြင္း ေရာက္ရိွေနသည့္ ေက်ာင္းေနအရြယ္ ကေလးမ်ားအား စာသင္ၾကားမည့္ အစီအစဥ္ကို ၂၀၁၇ ခုႏွစ္အတြင္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ကမ္းလက္ေမတၱာ လူမႈဖြံ႕ၿဖိဳးေရးအဖြဲ႔ထံမွ သိရသည္။

“ဒီႏွစ္အတြင္းမွာပဲ ကေလးေတြ စာသင္ၾကားႏိုင္ဖို႔ အတြက္ စစ္တမ္းေကာက္တာေတြလုပ္မယ္။ ေတာင္ႀကီး အနီးတစ္၀ိုက္မွာရွိတဲ့ ေနရာတစ္ေနရာမွာပဲ သင္ၾကားေပးသြားမယ္။ ကေလးစာသင္ၾကားဖို႔ လူဦးေရလည္း မကန္႔သတ္ထားပါဘူး။ ကၽြန္မတို႔အဖြဲ႕ကေနပဲ သင္ေပးမွာပါ။ သင္ၾကားမႈကေတာ့ ကေလး ဆယ္ဦးကို ဆရာမတစ္ဦး သင္ၾကားေပးဖို႔ေတာ့ စီစဥ္ထားပါတယ္” ဟု ကမ္းလက္ေမတၱာ လူမႈဖြံ႔ၿဖဳိးေရးအဖြဲ႔အစည္းမွ ေဒၚကိႏၷရီက ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း အေျခစိုက္ ကမ္းလက္ေမတၱာလူမႈအဖြဲ႔အစည္းက လုပ္ငန္းခြင္မွ ကေလးမ်ားအား စာသင္ၾကားျခင္းကို ေတာင္ႀကီးၿမိဳ႕တြင္ ကနဦး စတင္ၿပီးပါက ရွမ္းျပည္နယ္အတြင္း အျခားၿမိဳ႕မ်ား တြင္လည္း သင္ၾကားႏုိင္ရန္ စာရင္းေကာက္ယူျခင္း ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကေလးေတြနဲ႔ ပတ္သက္လာရင္ ပ့ံပိုးမႈအားေတြ တိုးတက္လာေအာင္ ကေလးေတြရဲ႕ ျပႆနာကို ေျဖရွင္းေပးဖို႔  ေဆာင္ရြက္သြားမွာပါ။ တျခားၿမိဳ႕မွာေတြလည္း သြားေရာက္စစ္ေဆးၿပီး စစ္တမ္းေကာက္ဖို႔ ကိုလည္း စီစဥ္ထားတာေတာ့ရွိပါတယ္။ ေနရာေတာ့ အေသအခ်ာေျပာလို႔ မရေသးပါဘူး”ဟု ေဒၚကိႏၷရီက ေျပာသည္။

ကမ္းလက္ေမတၱာလူမႈဖြံ႔ၿဖဳိးေရးအဖြဲ႔အား ၂၀၁၅ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းကာ ျပည္နယ္တြင္း ကေလးငယ္မ်ား အေရးႏွင့္ ပတ္သက္၍ ကူညီလုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ျပည္နယ္အစိုးရကလည္း ၎တို႔၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ ပူးေပါင္းေဆာင္ရြက္မႈရိွေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် လုပ်ငန်းခွင်အတွင်း ရောက်ရှိနေသည့် ကျောင်းနေအရွယ် ကလေးများအား စာသင်ကြားမည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေးအဖွဲ့ထံမှ သိရသည်။

“ဒီနှစ်အတွင်းမှာပဲ ကလေးတွေ စာသင်ကြားနိုင်ဖို့ အတွက် စစ်တမ်းကောက်တာတွေလုပ်မယ်။ တောင်ကြီး အနီးတစ်ဝိုက်မှာရှိတဲ့ နေရာတစ်နေရာမှာပဲ သင်ကြားပေးသွားမယ်။ ကလေးစာသင်ကြားဖို့ လူဦးရေလည်း မကန့်သတ်ထားပါဘူး။ ကျွန်မတို့အဖွဲ့ကနေပဲ သင်ပေးမှာပါ။ သင်ကြားမှုကတော့ ကလေး ဆယ်ဦးကို ဆရာမတစ်ဦး သင်ကြားပေးဖို့တော့ စီစဉ်ထားပါတယ်” ဟု ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ ဒေါ်ကိန္နရီက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ကမ်းလက်မေတ္တာလူမှုအဖွဲ့အစည်းက လုပ်ငန်းခွင်မှ ကလေးများအား စာသင်ကြားခြင်းကို တောင်ကြီးမြို့တွင် ကနဦး စတင်ပြီးပါက ရှမ်းပြည်နယ်အတွင်း အခြားမြို့များ တွင်လည်း သင်ကြားနိုင်ရန် စာရင်းကောက်ယူခြင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကလေးတွေနဲ့ ပတ်သက်လာရင် ပံ့ပိုးမှုအားတွေ တိုးတက်လာအောင် ကလေးတွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဆောင်ရွက်သွားမှာပါ။ တခြားမြို့မှာတွေလည်း သွားရောက်စစ်ဆေးပြီး စစ်တမ်းကောက်ဖို့ ကိုလည်း စီစဉ်ထားတာတော့ရှိပါတယ်။ နေရာတော့ အသေအချာပြောလို့ မရသေးပါဘူး”ဟု ဒေါ်ကိန္နရီက ပြောသည်။

ကမ်းလက်မေတ္တာလူမှုဖွံ့ဖြိုးရေးအဖွဲ့အား ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းကာ ပြည်နယ်တွင်း ကလေးငယ်များ အရေးနှင့် ပတ်သက်၍ ကူညီလုပ်ဆောင်နခြေင်းဖြစ်ပြီး ပြည်နယ်အစိုးရကလည်း၎င်းတို့၏ လုပ်ဆောင်ချက်များအပေါ် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~