ထိုင်းနိုင်ငံမှ စရိတ်ငြိမ်း စီစဉ်ပေးသည့် ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းသို့ တာချီလိတ်မှ သင်တန်းသားများ သွားရောက်

ထိုင်းနိုင်ငံမှ စရိတ်ငြိမ်း စီစဉ်ပေးသည့် ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းသို့ တာချီလိတ်မှ သင်တန်းသားများ သွားရောက်
ဖေဖော်ဝါရီ 5, 2017
By Tachileik News Agency

ထိုင်းနိုင်ငံ ကျင်းဆန်မြို့ရှိ နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးမည့် စီးပွားဖြစ် ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းအား  ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၅)ရက်ကြာ ပို့ချမှာ ဖြစ်ရာ သင်တန်း တက်ရောက်ခွင့်ရှိသည့် ရွေးချယ်ခံရသော သင်တန်းသားများမှ ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နေ့လယ်ပိုင်းက  တာချီလိတ်မြို့နယ် စပ်ကုန်သည်ကြီးများအသင်းရုံးတွင် လူစုကာ ထိုင်းနိုင်ငံဘက်သို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။



ဓာတ်ပုံ - သီဟ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ကျင်းဆန်မြို့ရှိ နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးမည့် စီးပွားဖြစ် ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းအား ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၅)ရက်ကြာ ပို့ချမှာ ဖြစ်ရာ သင်တန်း တက်ရောက်ခွင့်ရှိသည့် ရွေးချယ်ခံရသော သင်တန်းသားများမှ ယနေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ် စပ်ကုန်သည်ကြီးများအသင်းရုံးတွင် လူစုကာ ထိုင်းနိုင်ငံဘက်သို့ သွားရောက်နပြေီဖြစ်ကြောင်း သိရသည်။

သင်တန်းကာလအတွင်း စရိတ်ငြိမ်းဖြင့် စီစဉ်ပေးထားပြီး သင်တန်းတစ်မျိုးလျှင် လူဦးရေ(၃၀)စီ သတ်မှတ်ကာ လျှောက်လွှာများကို လက်ခံကာ စိစစ်ရွေးချယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ မဲခေါင်မြစ်ဝှမ်းဒေသရှိ အလုပ်သမားများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြန်မာအလုပ်သမားများအတွက် ထိုင်းနိုင်ငံရှိ NSEC, EWWC နှင့် SEC အဖွဲ့အစည်းများမှ ပူးပေါင်းကာ အစိုးရအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်လိုသူများကို ရည်ရွယ်ပြီး ဖွင့်လှစ်လိုက်သည့် သင်တန်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - သီဟ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~