ရြာငံေကာ္ဖီေစ်းကြက္သို႔ အေမရိကန္ေကာ္ဖီပညာရွင္မ်ား လာေရာက္ဝယ္ယူမည္

ရြာငံေကာ္ဖီေစ်းကြက္သို႔ အေမရိကန္ေကာ္ဖီပညာရွင္မ်ား လာေရာက္ဝယ္ယူမည္
ဖေဖော်ဝါရီ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ရြာငံၿမိဳ႕ ေကာ္ဖီေစ်းကြက္မွ ေကာ္ဖီမ်ားကို အေမရိကန္မွ ေကာ္ဖီပညာရွင္မ်ား ကိုယ္တိုင္လာေရာက္ စစ္ေဆး၀ယ္ယူမည္ျဖစ္သျဖင့္ ေစ်းတက္ႏုိင္သည္ဟု ေမွ်ာ္မွန္းထားၾကေၾကာင္း သိရသည္။

“ဟို႔ေန႔ကလည္း နိုင္ငံျခားသား ပညာရွင္ တစ္ေယာက္ လာစစ္ေဆးသြားတယ္။ ရြာငံက ေကာ္ဖီေစ့ေတြကေတာ့ အထူးတန္း၀င္ၿပီး အရည္အေသြးျပည့္ အမွတ္ (၈၀) ရထားတယ္။ ဒီလ (၁၄) ရက္ေန႔ မွာေတာ့ အေမရိကန္က အထူးတန္းေကာ္ဖီထုတ္တဲ့ ရြာေတြမွာလည္း သြားေလ့လာၿပီး ေကာ္ဖီေတြကို သူတို႔ ကိုယ္တိုင္ ေစ်းေကာင္းေပး၀ယ္မွာျဖစ္တယ္” ဟု ရြာငံ ေကာ္ဖီအစုအသင္းအဖြဲ႕ ဥကၠဌ ဦး၀င္းေအာင္ေက်ာ္က ေျပာသည္။

ရြာငံေကာ္ဖီအသင္းတြင္ ေကာ္ဖီစိုက္ေတာင္သူ (၄၀၀၀)ခန္႔ ပါဝင္ေၾကာင္း သိရၿပီး စိုက္ခင္းမ်ားမွ ေကာ္ဖီမ်ားအား အသင္းတြင္ ျပန္လည္တင္သြင္းၾကေၾကာင္း သိရသည္။

“အခုေတာ့ မပို႔ေသးဘူး။ ေကာ္ဖီက သီးလံုးစိုထုတ္တဲ့ရာသီေရာက္ေနေတာ့ အသီးကိုေနပူလွန္းတယ္။ သိမ္းတယ္။ ဒါေတြပဲ လုပ္ေနရေသးတယ္။ အခုခ်ိန္ကေတာ့ တင္ပို႔မႈကိုဘာမွမလုပ္နိုင္ေသးဘူး။ ဧၿပီလ မွာေတာ့ ျပည္ပကို တင္ပို႔ႏိုင္မယ္။ ဒီႏွစ္က အထြက္တိုးေကာင္းပါတယ္။ ေစ်းေကာင္းရႏိုိင္ပါတယ္”ဟု ဦး၀င္းေအာင္ေက်ာ္က ေျပာသည္။

ေကာ္ဖီသီးလံုးစို အမွည့္၀ယ္ယူရာတြင္ ယခင္ႏွစ္တြင္ တစ္ပိႆာလွ်င္ က်ပ္(၈၀၀)ႏွင့္ (၉၀၀)ၾကားရိွေသာ္လည္း ယခုႏွစ္တြင္ တစ္ပိႆာက်ပ္ (၉၀၀)မွ (၁၀၀၀ )ၾကား၀ယ္ယူေနေၾကာင္း သိရသည္။

“ရြာငံမွာရွိတဲ့တခ်ဳိ႕ ေလးငါးရြာကေတာ့ အထြက္အား မေကာင္းဘူး။ ဘာလို႔လဲဆိုေတာ့ မိုးထိသြားတာ (မိုးရြာသျဖင့္ပ်က္စီးမႈ)ရွိတယ္။ ဒါေပမဲ့ ဒီႏွစ္ကေတာ့ တန္ (၂၀) ေက်ာ္ေက်ာ္ေလာက္ေတာ့ ပို႔နိုင္မယ္လို႔ မွန္းထားတယ္။ အရင္ႏွစ္ကေတာ့တန္ (၂၀) ေလာက္ေပါ့ေနာ္။ အခုေတာင္မွ ေကာ္ဖီစိုေတြ (၁၆) တန္နီးပါး ရေနၿပီေလ။ အရင္ဒီခ်ိန္ဆိုရင္ေတာ့ (၁၅) တန္ေလာက္ပဲရေသးတယ္” ဟု ဦး၀င္းေအာင္ေက်ာ္က ေျပာသည္။

ရြာငံေကာ္ဖီအား ကိုးရီးယား ႏွင့္ ဂ်ပန္ႏုိင္ငံတို႔မွပါ ကမ္းလွမ္းထားေသာ္လည္း အေမရိကန္က ေစ်းပိုေပးႏုိင္ဖြယ္ရိွသျဖင့္ အေျခအေနကို ေစာင့္ၾကည့္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

မႏၱေလးတုိင္းေဒသႀကီး ျပင္ဦးလြင္ ၊မိုးကုတ္၊ ခ်င္းျပည္နယ္ ၊ ရွမ္းျပည္နယ္ ရပ္ေစာက္ ၊ ပဲခူးတိုင္းေဒသႀကီး ေတာင္ငူေဒသမ်ားမွ ထြက္ရွိသည့္ေကာ္ဖီမ်ားကို ထိုင္၀မ္ႏွင့္ အေမရိကန္ႏုိင္ငံမ်ားသို႔ တင္ပို႔ေရာင္းခ်ေနၿပီး ျပင္ဦးလြင္ ရွိ ေကာ္ဖီေစ့မ်ားကို ရြာငံ ေကာ္ဖီေစ့မ်ားနင့္အတူ ရြာငံ မွ ရန္ကုန္သို႔ တစ္တန္ က်ပ္ ၅၀,၀၀၀ ျဖင့္ သယ္သူပို႔ေဆာင္ေနေၾကာင္းသိရသည္။

ရြာငံေကာ္ဖီေစ့မွ အေမရိကန္သို႔တင္သြင္းေသာ စံခ်ိန္မီ အရည္အေသြးျပည့္္ေကာ္ဖီမွာတစ္တန္လွ်င္ ေဒၚလာ ၇၀၀၀ ျဖစ္ၿပီး သာမန္ အဆင့္ ေကာ္ဖီ မွာ ေဒၚလာ ၄၀၀၀ ေက်ာ္ ရရွိေၾကာင္းသိရသည္။

သတင္း - #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ ကော်ဖီဈေးကွက်မှ ကော်ဖီများကို အမေရိကန်မှ ကော်ဖီပညာရှင်များ ကိုယ်တိုင်လာရောက် စစ်ဆေးဝယ်ယူမည်ဖြစ်သဖြင့် ဈေးတက်နိုင်သည်ဟု မျှော်မှန်းထားကြကြောင်း သိရသည်။
“ဟို့နေ့ကလည်း နိုင်ငံခြားသား ပညာရှင် တစ်ယောက် လာစစ်ဆေးသွားတယ်။ ရွာငံက ကော်ဖီစေ့တွေကတော့ အထူးတန်းဝင်ပြီး အရည်အသွေးပြည့် အမှတ် (၈၀) ရထားတယ်။ ဒီလ (၁၄) ရက်နေ့ မှာတော့ အမေရိကန်က အထူးတန်းကော်ဖီထုတ်တဲ့ ရွာတွေမှာလည်း သွားလေ့လာပြီး ကော်ဖီတွေကို သူတို့ ကိုယ်တိုင် ဈေးကောင်းပေးဝယ်မှာဖြစ်တယ်” ဟု ရွာငံ ကော်ဖီအစုအသင်းအဖွဲ့ ဥက္ကဌ ဦးဝင်းအောင်ကျော်က ပြောသည်။
ရွာငံကော်ဖီအသင်းတွင် ကော်ဖီစိုက်တောင်သူ (၄၀၀၀)ခန့် ပါဝင်ကြောင်း သိရပြီး စိုက်ခင်းများမှ ကော်ဖီများအား အသင်းတွင် ပြန်လည်တင်သွင်းကြကြောင်း သိရသည်။
“အခုတော့ မပို့သေးဘူး။ ကော်ဖီက သီးလုံးစိုထုတ်တဲ့ရာသီရောက်နေတော့ အသီးကိုနေပူလှန်းတယ်။ သိမ်းတယ်။ ဒါတွေပဲ လုပ်နေရသေးတယ်။ အခုချိန်ကတော့ တင်ပို့မှုကိုဘာမှမလုပ်နိုင်သေးဘူး။ ဧပြီလ မှာတော့ ပြည်ပကို တင်ပို့နိုင်မယ်။ ဒီနှစ်က အထွက်တိုးကောင်းပါတယ်။ ဈေးကောင်းရနိုင်ပါတယ်”ဟု ဦးဝင်းအောင်ကျော်က ပြောသည်။
ကော်ဖီသီးလုံးစို အမှည့်ဝယ်ယူရာတွင် ယခင်နှစ်တွင် တစ်ပိဿါလျှင် ကျပ်(၈၀၀)နှင့် (၉၀၀)ကြားရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿါကျပ် (၉၀၀)မှ (၁၀၀၀ )ကြားဝယ်ယူနေကြောင်း သိရသည်။
“ရွာငံမှာရှိတဲ့တချို့ လေးငါးရွာကတော့ အထွက်အား မကောင်းဘူး။ ဘာလို့လဲဆိုတော့ မိုးထိသွားတာ (မိုးရွာသဖြင့်ပျက်စီးမှု)ရှိတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ တန် (၂၀) ကျော်ကျော်လောက်တော့ ပို့နိုင်မယ်လို့ မှန်းထားတယ်။ အရင်နှစ်ကတော့တန် (၂၀) လောက်ပေါ့နော်။ အခုတောင်မှ ကော်ဖီစိုတွေ (၁၆) တန်နီးပါး ရနပြေီလေ။ အရင်ဒီချိန်ဆိုရင်တော့ (၁၅) တန်လောက်ပဲရသေးတယ်” ဟု ဦးဝင်းအောင်ကျော်က ပြောသည်။
ရွာငံကော်ဖီအား ကိုးရီးယား နှင့် ဂျပန်နိုင်ငံတို့မှပါ ကမ်းလှမ်းထားသော်လည်း အမေရိကန်က ဈေးပိုပေးနိုင်ဖွယ်ရှိသဖြင့် အခြေအနေကို စောင့်ကြည့်နခြေင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊မိုးကုတ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ရပ်စောက်၊ ပဲခူးတိုင်းဒေသကြီး တောင်ငူဒေသများမှ ထွက်ရှိသည့်ကော်ဖီများကို ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချနပြေီး ပြင်ဦးလွင် ရှိ ကော်ဖီစေ့များကို ရွာငံ ကော်ဖီစေ့များနင့်အတူ ရွာငံ မှ ရန်ကုန်သို့ တစ်တန် ကျပ် ၅၀,ဝဝဝ ဖြင့် သယ်သူပို့ဆောင်နေကြောင်းသိရသည်။
ရွာငံကော်ဖီစေ့မှ အမေရိကန်သို့တင်သွင်းသော စံချိန်မီ အရည်အသွေးပြည့်ကော်ဖီမှာတစ်တန်လျှင် ဒေါ်လာ ၇၀၀၀ ဖြစ်ပြီး သာမန် အဆင့် ကော်ဖီ မှာ ဒေါ်လာ ၄၀၀၀ ကျော် ရရှိကြောင်းသိရသည်။
သတင်း - #နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~