ဇန္န၀ါရီလ(၃၀)ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္ တာေလာ့ေစ်းအနီးရွိ (၅)ထပ္ အေဆာက္အဦ၏ အေပၚဆံုးထပ္ မီးေလာင္မႈတြင္ အျခားေနအိမ္မ်ားသို႔ ကူးစက္ ေလာင္ကၽြမ္းမႈ မျဖစ္ေစဘဲ အျမန္ဆံုး မီးၿငႇိမ္းသတ္ေရးအတြက္ ၀ိုင္း၀န္းကူညီေပးခဲ့ၾကသည့္ ေဒသအုပ္ခ်ဳပ္ေရး အႀကီး အကဲမ်ားႏွင့္ သက္ဆိုင္ရာဌာနမ်ား၊ တာ၀န္သိ ျပည္သူမ်ား၊ လူမႈေရးအသင္းအဖြ႔ဲမ်ားအားလံုးကို ေနအိမ္ပိုင္ရွင္ျဖစ္သည့္ ဦးစိုင္းလံု + ေဒၚခင္သန္းႏြယ္ မိသားစုမ်ားက အထူးေက်းဇူးတင္ပါေၾကာင္း ေျပာၾကားလိုပါသည္။
"စစ္ဗ်ဴဟာမွဴး နဲ႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးအျပင္ မီးသတ္တပ္ဖြဲ႔ေတြေရာ လူမႈေရးအသင္းအဖြဲ႔ေတြေရာ၊ တာ၀န္သိျပည္သူေတြေရာ ေနာက္ၿပီး ထိုင္းဘက္က မီးသတ္တပ္ဖြဲ႔ကိုေရာ အားလံုးကို ေက်းဇူးတင္ပါတယ္။ ကိုယ္ခ်င္းစာၿပီး ကူညီေပးခဲ့ၾကတဲ့ ေက်းဇူးေတြကို မေမ့ပါဘူး။ ကြ်န္မတို႔လည္း ျဖစ္တဲ့ေန႔မွာပဲ အားလံုးကို ေက်းဇူးတင္ေၾကာင္း ေျပာခ်င္တာပါ၊ နာေရးလည္းျဖစ္သြားေတာ့ အခုမွပဲ ေက်းဇူးတင္စကား ေျပာျဖစ္လို႔ပါ။ မီးၿငႇိမ္းသတ္ဖို႔အတြက္ အိမ္အေပၚထပ္ အထိတက္ခြင့္ေပးၿပီး ကူညီေပးခဲ့တဲ့ အိမ္နီးခ်င္းေတြကိုလည္း ေက်းဇူးတင္ပါတယ္။ အဲဒီလို ကူညီေပးခဲ့လို႔လည္း အားလံုးစုေပါင္းၿပီး မီးကိုအလြယ္တကူၿငႇိမ္းႏိုင္ခဲ့ၾကတာပါ။ ေနာက္ၿပီး ျပန္လည္ထူေထာင္ေရးအတြက္ ႏိုင္ငံေတာ္က ေငြေၾကးနဲ႔အေထာက္အပံ့ပစၥည္းေတြ ေပးအပ္လာတဲ့ အတြက္လည္း ေက်းဇူးတင္ပါတယ္"
မီးေလာင္မႈျဖစ္ပြားရာသို႔ လာေရာက္ႀကီးၾကပ္ ကူညီေပးပါေသာ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးထိန္၀င္း ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးေအာင္ေဇာ္လင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီးသတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္း ႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ားအားလံုး၊ တာခ်ီလိတ္ ခရိုင္ၾကက္ေျခနီအသင္းမွ ဦးစီးအရာရွိ (ဒုတိယတန္း) ဦးဘမိုးျမင့္ ႏွင့္ တပ္ဖြဲ႔၀င္မ်ားအားလံုး အျပင္ သက္ဆိုင္ရာဌာနမ်ားမွ တာ၀န္ရွိ၊ တာ၀န္သိသူမ်ားအားလံုး ၊ သာေရးနာေရး လူမႈကူညီေရး အသင္းမ်ား၊ ဆိုင္ကယ္(Taxi)ေျပးဆြဲသူမ်ား၊ တာေလာ့ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးသက္ထြန္းဦး ႏွင့္ တာေလာ့ရပ္ကြက္အတြင္းမွ ျပည္သူမ်ား၊ တာခ်ီလိတ္ၿမိဳ႕ေန တာ၀န္သိ ျပည္သူမ်ား အားလံုးအျပင္ ျမန္မာ - ထိုင္းနယ္ျခားေကာ္မတီႏွင့္ ထိုင္းႏိုင္ငံဘက္မွ မီးသတ္တပ္ဖြဲ႔ႏွင့္ သက္ဆိုင္ရာဌာနမ်ားကိုလည္း ေက်းဇူးအထူးတင္ရွိပါေၾကာင္း ေျပာလိုပါသည္။
ဇန်နဝါရီလ(၃၀)ရက်နေ့က ဖြစ်ပွားခဲ့သည့် တာချီလိတ်မြို့ တာလော့ရပ်ကွက် တာလော့ဈေးအနီးရှိ (၅)ထပ် အဆောက်အဦ၏ အပေါ်ဆုံးထပ် မီးလောင်မှုတွင် အခြားနေအိမ်များသို့ ကူးစက် လောင်ကျွမ်းမှု မဖြစ်စေဘဲ အမြန်ဆုံး မီးငြှိမ်းသတ်ရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ဒေသအုပ်ချုပ်ရေး အကြီး အကဲများနှင့် သက်ဆိုင်ရာဌာနများ၊ တာဝန်သိ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံးကို နေအိမ်ပိုင်ရှင်ဖြစ်သည့် ဦးစိုင်းလုံ + ဒေါ်ခင်သန်းနွယ် မိသားစုများက အထူးကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါသည်။
"စစ်ဗျူဟာမှူး နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးအပြင် မီးသတ်တပ်ဖွဲ့တွေရော လူမှုရေးအသင်းအဖွဲ့တွေရော၊ တာဝန်သိပြည်သူတွေရော နောက်ပြီး ထိုင်းဘက်က မီးသတ်တပ်ဖွဲ့ကိုရော အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ်ချင်းစာပြီး ကူညီပေးခဲ့ကြတဲ့ ကျေးဇူးတွေကို မမေ့ပါဘူး။ ကျွန်မတို့လည်း ဖြစ်တဲ့နေ့မှာပဲ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တာပါ၊ နာရေးလည်းဖြစ်သွားတော့ အခုမှပဲ ကျေးဇူးတင်စကား ပြောဖြစ်လို့ပါ။ မီးငြှိမ်းသတ်ဖို့အတွက် အိမ်အပေါ်ထပ် အထိတက်ခွင့်ပေးပြီး ကူညီပေးခဲ့တဲ့ အိမ်နီးချင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲဒီလို ကူညီပေးခဲ့လို့လည်း အားလုံးစုပေါင်းပြီး မီးကိုအလွယ်တကူငြှိမ်းနိုင်ခဲ့ကြတာပါ။ နောက်ပြီး ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ငွေကြေးနဲ့အထောက်အပံ့ပစ္စည်းတွေ ပေးအပ်လာတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်"
မီးလောင်မှုဖြစ်ပွားရာသို့ လာရောက်ကြီးကြပ် ကူညီပေးပါသော စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း နှင့် တာချီလိတ်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များအားလုံး၊ တာချီလိတ် ခရိုင်ကြက်ခြေနီအသင်းမှ ဦးစီးအရာရှိ (ဒုတိယတန်း) ဦးဘမိုးမြင့် နှင့် တပ်ဖွဲ့ဝင်များအားလုံး အပြင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ၊ တာဝန်သိသူများအားလုံး၊ သာရေးနာရေး လူမှုကူညီရေး အသင်းများ၊ ဆိုင်ကယ်(Taxi)ပြေးဆွဲသူများ၊ တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းဦး နှင့် တာလော့ရပ်ကွက်အတွင်းမှ ပြည်သူများ၊ တာချီလိတ်မြို့နေ တာဝန်သိ ပြည်သူများ အားလုံးအပြင် မြန်မာ - ထိုင်းနယ်ခြားကော်မတီနှင့် ထိုင်းနိုင်ငံဘက်မှ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောလိုပါသည်။