(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားနှင့် အထိမ်းအမှတ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တပ်နယ်မှ အကြီး အကဲများ၊ အရာရှိများ နှင့် တာလေမြို့အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်လာခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ရဲခိုင်
(၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားအား တာလမြေို့၊ နားယောင်းကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တပ်နယ်မှ အကြီး အကဲများ၊ အရာရှိများ နှင့် တာလမြေို့အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်လာခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား ညနေ(၅)နာရီခွဲတွင် အမှတ်(၃၁၆)တပ်ရှေ့ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ညစာစားပွဲအား နားယောင်းကျေးရွာအုပ်စုရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ဆက်လက်ပြုလုပ်ကြောင်း သိရသည်။
ဓာတ်ပုံ - ရဲခိုင်