က်ိဳင္းတံု - မိုင္းျဖတ္လမ္း မိုင္တုိင္ ၇၀၃ တြင္ အိမ္စီးကားတစ္စီး အရွိန္လြန္ၿပီး လမ္းေဘးထိုးက်

က်ိဳင္းတံု - မိုင္းျဖတ္လမ္း မိုင္တုိင္ ၇၀၃ တြင္ အိမ္စီးကားတစ္စီး အရွိန္လြန္ၿပီး လမ္းေဘးထိုးက်
ဖေဖော်ဝါရီ 19, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊က်ိဳင္းတံု - မိုင္းျဖတ္လမ္း မုိင္တုိင္ (၇၀၃)တြင္ ေဖေဖာ္ဝါရီလ (၁၉) ရက္ ညေန(၃)နာရီ မိနစ္(၅၀)ခန္႔တြင္ အိမ္စီးကားတစ္စီး လမ္းေဘးသို႔ အရွိန္လြန္ထိုးက်သြားသျဖင့္ တာဝန္ရိွသူမ်ားက အခင္းျဖစ္ေနရာအား စစ္ေဆးေနၿပီး ထိခိုက္ဒဏ္ရာရသူ အေရအတြက္ အတည္ျပဳႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ကားေပၚက လူဘယ္ႏွစ္ေယာက္ပါသလဲဆိုတာေတာ့ အတည္ျပဳရပါဦးမယ္။ လူေတြက တာခ်ီလိတ္ ေဆးရံုကုိ သြားေနၿပီလို႔ သိရတယ္။ ယာဥ္ေမာင္းကိုေတာ့ မုိင္းျဖတ္ေဆးရံုမွာ ပို႔ထားပါတယ္”ဟု အခင္းျဖစ္ေနရာတြင္ ေရာက္ေနသည့္ တာခ်ီလိတ္ခရိုင္ ယာဥ္ထိန္းတပ္ဖြဲ႔လက္ေအာက္ခံ မုိင္းျဖတ္ယာဥ္ထိန္းတပ္ဖြဲ႕မွ ဂၽြန္ေပါက ေျပာသည္။

အဆိုပါကားအား ညေန (၅)နာရီ (၃၀)မိနစ္ခန္႔တြင္ လမ္းေပၚသို႔ ျပန္လည္ဆြဲတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

“ကြ်န္ေတာ္က ခရီးသြားပါ။ ဒီနားမွာ ကားလမ္းေဘးက်ေနတာေတြ႕ၿပီး လူတစ္ေယာက္ ဒီနားမွာေတြ႕လို႔ ကူညီေပးေနတာ။ သူက ရင္ဘတ္မွာနာေနတယ္လို႔ေျပာတယ္။ စကားေတာင္ ေကာင္းေကာင္း သိပ္မေျပာႏိုင္ဘူး။ ကေလးလည္းပါပံုရတယ္။ ကေလးတြန္းလွည္းေလးေတြ႕တယ္”ဟု အခင္းျဖစ္ေနရာတြင္ ကူညီေနသူတစ္ဦးက ေျပာသည္။

အဆိုပါ ယာဥ္တိမ္းေခ်ာ္မႈႏွင့္ ပတ္သက္၍ မုိင္းျဖတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူမ်ားက ဆက္လက္ ေဆာင္ရြက္ေနေၾကာင္းႏွင့္ ယာဥ္အားစစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံ - မိုင်းဖြတ်လမ်း မိုင်တိုင် (၇၀၃)တွင် ဖေဖော်ဝါရီလ (၁၉) ရက် ညနေ(၃)နာရီ မိနစ်(၅၀)ခန့်တွင် အိမ်စီးကားတစ်စီး လမ်းဘေးသို့ အရှိန်လွန်ထိုးကျသွားသဖြင့် တာဝန်ရှိသူများက အခင်းဖြစ်နေရာအား စစ်ဆေးနပြေီး ထိခိုက်ဒဏ်ရာရသူ အရေအတွက် အတည်ပြုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“ကားပေါ်က လူဘယ်နှစ်ယောက်ပါသလဲဆိုတာတော့ အတည်ပြုရပါဦးမယ်။ လူတွေက တာချီလိတ် ဆေးရုံကို သွားနပြေီလို့ သိရတယ်။ ယာဉ်မောင်းကိုတော့ မိုင်းဖြတ်ဆေးရုံမှာ ပို့ထားပါတယ်”ဟု အခင်းဖြစ်နေရာတွင် ရောက်နေသည့် တာချီလိတ်ခရိုင် ယာဉ်ထိန်းတပ်ဖွဲ့လက်အောက်ခံ မိုင်းဖြတ်ယာဉ်ထိန်းတပ်ဖွဲ့မှ ဂျွန်ပေါက ပြောသည်။

အဆိုပါကားအား ညနေ (၅)နာရီ (၃၀)မိနစ်ခန့်တွင် လမ်းပေါ်သို့ ပြန်လည်ဆွဲတင်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်က ခရီးသွားပါ။ ဒီနားမှာ ကားလမ်းဘေးကျနေတာတွေ့ပြီး လူတစ်ယောက် ဒီနားမှာတွေ့လို့ ကူညီပေးနေတာ။ သူက ရင်ဘတ်မှာနာနေတယ်လို့ပြောတယ်။ စကားတောင် ကောင်းကောင်း သိပ်မပြောနိုင်ဘူး။ ကလေးလည်းပါပုံရတယ်။ ကလေးတွန်းလှည်းလေးတွေ့တယ်”ဟု အခင်းဖြစ်နေရာတွင် ကူညီနေသူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းချော်မှုနှင့် ပတ်သက်၍ မိုင်းဖြတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်နေကြောင်းနှင့် ယာဉ်အားစစ်ဆေးနေကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~