မိုင္းျဖတ္ရွိ သမိုင္း၀င္ ဘီးလူးလွ်ာ ဘုရားရင္ျပင္တြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴ

မိုင္းျဖတ္ရွိ သမိုင္း၀င္ ဘီးလူးလွ်ာ ဘုရားရင္ျပင္တြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴ
ဖေဖော်ဝါရီ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ သမိုင္း၀င္ စြန္ေတာင္းေစတီ(ဘီလူးလွ်ာ) ဘုရားရင္ျပင္ေပၚတြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္း ႏွင့္ ပရိတ္တရားေတာ္နာယူျခင္း အခမ္းအနားကို ေဖေဖာ္၀ါရီလ(၁၁)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္ခဲ့ၾကသည္။

"ကြ်န္ေတာ္တို႔ မိုင္းျဖတ္ၿမိဳ႕နယ္ အေနနဲ႔ ဒီလိုေကာင္းမႈကုသိုလ္မ်ား ကို ႏွစ္စဥ္ တပို႔တြဲလျပည့္ေန႔ေရာက္တိုင္း ၿမိဳ႕သူ/ၿမိဳ႕သား သက္ႀကီး ၀ါႀကီး ရွမ္းတိုင္းရင္းသားမ်ားမွ ဒီဘုရားလာၿပီးေတာ့ အလွဴေကာင္းမႈ ကုသိုလ္မ်ားျပဳလုပ္ၾကပါတယ္"ဟု မုိင္းျဖတ္ၿမိဳ႕နယ္ ေဂါပက ဥကၠဌ ဦးစိုင္းရြက္ က ေျပာသည္။

အဆိုပါအလွဴပြဲသို႔ အမွတ္(၁၈)၊ စစ္ဆင္ေရးကြပ္ကဲမႈစစ္ဌာနခ်ဳပ္မွ စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္ ႏွင့္ ဇနီး၊ တပ္ရင္း/တပ္ဖြဲ႔မ်ားမွ တပ္မေတာ္အရာရွိမ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္ေဂါပကအဖြဲ႔ ဥကၠဌဦးစိုင္းရြက္ ႏွင့္ အဖြဲ႔ဝင္မ်ား တိုင္းရင္းသားျပည္သူ အလွဴရွင္မ်ား လာေရာက္လွဴဒါန္းခဲ့ေၾကာင္း သိရွိရပါသည္။

သတင္း/ဓာတ္ပံု - #ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ သမိုင်းဝင် စွန်တောင်းစေတီ(ဘီလူးလျှာ) ဘုရားရင်ပြင်ပေါ်တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း နှင့် ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

"ကျွန်တော်တို့ မိုင်းဖြတ်မြို့နယ် အနေနဲ့ ဒီလိုကောင်းမှုကုသိုလ်များ ကို နှစ်စဉ် တပို့တွဲလပြည့်နေ့ရောက်တိုင်း မြို့သူ/မြို့သား သက်ကြီး ဝါကြီး ရှမ်းတိုင်းရင်းသားများမှ ဒီဘုရားလာပြီးတော့ အလှူကောင်းမှု ကုသိုလ်များပြုလုပ်ကြပါတယ်"ဟု မိုင်းဖြတ်မြို့နယ် ဂေါပက ဥက္ကဌ ဦးစိုင်းရွက် က ပြောသည်။

အဆိုပါအလှူပွဲသို့ အမှတ်(၁၈)၊ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် ဇနီး၊ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်အရာရှိများ၊ မိုင်းဖြတ်မြို့နယ်ဂေါပကအဖွဲ့ ဥက္ကဌဦးစိုင်းရွက် နှင့် အဖွဲ့ဝင်များ တိုင်းရင်းသားပြည်သူ အလှူရှင်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သတင်း/ဓာတ်ပုံ - #ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~