ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အထိမ္းအမွတ္အျဖစ္ က်င္းပကာ ပဲျပဳတ္နံျပားေကြ်း

ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔အထိမ္းအမွတ္အျဖစ္ က်င္းပကာ ပဲျပဳတ္နံျပားေကြ်း
ဖေဖော်ဝါရီ 13, 2017
By Tachileik News Agency

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ အထိမ္းအမွတ္ ေကၽြးေမြးျခင္းကုိ ရွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးရိွ ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ ေဖေဖၚဝါရီလ (၁၃) ရက္ေန႔ နံနက္ပိုင္းက က်င္းပသည္။

 “ဒီႏွစ္ပြဲကို မႏွစ္ကလို လက္ကမ္းစာေစာင္ေတြဘာေတြ မျဖန္႔ေဝဘဲ လုပ္ခဲ့တာပါ။ ဒါေပမဲ့ ႏွစ္တုိင္း လုပ္ေနက်ဆိုေတာ့ ပါဝင္ခ်င္သူေတြကလည္း သူ႔ဘာသာ ပါဝင္လာတယ္။ ဒီေန႔လာတဲ့  လာေတြကလည္း မႏွစ္ကထက္ ပိုမ်ားတာေတြ႕ရတယ္”ဟု ဗိုလ္ခ်ဳပ္ေမြးေန႔အခမ္းအနားတြင္ ပါဝင္ လုပ္ေဆာင္သူ တစ္ဦးျဖစ္သည့္ ဦးညီညီေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

အဆိုပါ ပြဲတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ငယ္ဘဝမွစ၍ ႏုိင္ငံေရးဘဝ၊ မိသားစုဘဝ စသည့္ ဘဝျဖတ္သန္းပံုမ်ားႏွင့္အတူ အာဇာနည္ေခါင္းေဆာင္မ်ား အေၾကာင္းကိုလည္း ပိုစတာမ်ားျဖင့္ ျပသထားသည္ကို စိတ္ဝင္တစား လာေရာက္ေလ့လာသူမ်ားအား ေတြ႕ရသည္။

“ဒီပြဲကို ကေလးေတြလည္း လာၾကတယ္။ အထူးသျဖင့္ေတာ့ လူငယ္ေတြ၊ ကေလးေတြ စိတ္ထဲမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို သတိတရရိွၾကဖို႔။ ဗိုလ္္ခ်ဳပ္ေအာင္ဆန္းက ဘာေတြလုပ္ခဲ့သလဲဆိုတာ သိဖို႔ပါ။ ႏွစ္တုိင္းလည္း လုပ္သြားမွာပါ”ဟု ဦးဝင္းကိုက ေျပာသည္။

အဆိုပါ ေမြးေန႔အထိမ္းအမွတ္ပြဲတြင္ နံျပားအခ်ပ္ေရ (၂၀၀၀)ႏွင့္ ပဲျပဳတ္ေကၽြးေမြးျခင္းျဖစ္ၿပီး ပါဝင္လိုသူေစတနာရွင္မ်ား ပူးေပါင္းလုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔က်င္းပရာ ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ပန္းၿခံတြင္ မူႀကိဳေက်ာင္းမ်ားမွ ကေလးငယ္မ်ား အပါအဝင္ လာေရာက္သူမ်ားက ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ထုအား အေလးျပဳျခင္းကိုလည္း လုပ္ေဆာင္ၾကၿပီး ေအးသာယာၿမိဳ႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရံုးတြင္လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေမြးေန႔ က်င္းပေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - Tachileik News Agency Team


~~~~~~~~⊰❂ unicode ~~~~~~~~

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကျွေးမွေးခြင်းကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးရှိ ဗိုလ်ချုပ်ပန်းခြံတွင် ဖေဖော်ဝါရီလ (၁၃) ရက်က ကျင်းပသည်။

 “ဒီနှစ်ပွဲကို မနှစ်ကလို လက်ကမ်းစာစောင်တွေဘာတွေ မဖြန့်ဝေဘဲ လုပ်ခဲ့တာပါ။ ဒါပေမဲ့ နှစ်တိုင်း လုပ်နေကျဆိုတော့ ပါဝင်ချင်သူတွေကလည်း သူ့ဘာသာ ပါဝင်လာတယ်။ ဒီနေ့လာတဲ့ လာတွေကလည်း မနှစ်ကထက် ပိုများတာတွေ့ရတယ်”ဟု ဗိုလ်ချုပ်မွေးနေ့အခမ်းအနားတွင် ပါဝင် လုပ်ဆောင်သူ တစ်ဦးဖြစ်သည့် ဦးညီညီဇော်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ ပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝမှစ၍ နိုင်ငံရေးဘဝ၊ မိသားစုဘဝ စသည့် ဘဝဖြတ်သန်းပုံများနှင့်အတူ အာဇာနည်ခေါင်းဆောင်များ အကြောင်းကိုလည်း ပိုစတာများဖြင့် ပြသထားသည်ကို စိတ်ဝင်တစား လာရောက်လေ့လာသူများအား တွေ့ရသည်။

“ဒီပွဲကို ကလေးတွေလည်း လာကြတယ်။ အထူးသဖြင့်တော့ လူငယ်တွေ၊ ကလေးတွေ စိတ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို သတိတရရှိကြဖို့။ ဗိုလ်ချုပ်အောင်ဆန်းက ဘာတွေလုပ်ခဲ့သလဲဆိုတာ သိဖို့ပါ။ နှစ်တိုင်းလည်း လုပ်သွားမှာပါ”ဟု ဦးဝင်းကိုက ပြောသည်။

အဆိုပါ မွေးနေ့အထိမ်းအမှတ်ပွဲတွင် နံပြားအချပ်ရေ (၂၀၀၀)နှင့် ပဲပြုတ်ကျွေးမွေးခြင်းဖြစ်ပြီး ပါဝင်လိုသူစေတနာရှင်များ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကျင်းပရာ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် မူကြိုကျောင်းများမှ ကလေးငယ်များ အပါအဝင် လာရောက်သူများက ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား အလေးပြုခြင်းကိုလည်း လုပ်ဆောင်ကြပြီး အေးသာယာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - Tachileik News Agency Team

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~