ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ေအးသာယာၿမိဳ႕မွ ေနထိုင္ခြင့္ျပဳမထားသည့္ ထံုးဖိုရပ္ကြက္တြင္ က်ဴးေက်ာ္ေနထုိင္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည့္ ေနအိမ္ (၈၃)လံုးအား ေျပာင္းေရႊ႕ရန္ (၂၁) ရက္ အခ်ိန္ေပးထားေၾကာင္း သတိေပးစာကို ေဖေဖၚဝါရီလ (၂၃) ရက္တြင္ ေပးပို႔ေၾကာင္း သိရသည္။
“သူတို႔ေနတဲ့ နဂိုေနရာေတာ့ရွိမွာပဲ။ က်ဴးေက်ာ္ေတြကို ဇန္န၀ါရီ ၂၂ ရက္ေန႔က တင္ျပတယ္။ အဲဒီေန႔ကပဲ လူ (၈၀) ဦးေလာက္က ခုတ္ထြင္ရွင္းလင္းေနၿပီ။ တရား၀င္ခြင္ျပဳခ်က္ မရွိတဲ့ေနရာမွာ ေဆာက္လို႔မ ရတာေတြကို ေျပာျပတယ္။ မဖယ္ရွားေပးဘူး။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ တရားဥပေဒအတိုင္း ေဆာင္ရြက္ ရတာျဖစ္ပါတယ္။ ဒီက်ဴးေက်ာ္ေျမေတြကို ဖယ္ရွားၿပီးရင္လည္း အဲဒီေနရာမွာ စီမံကိန္း အေျခအေနေတြေတာ့ မရွိပါဘူး။ ျပန္လည္ သိမ္းတာေတြပဲ လုပ္မွာပါ။ ကၽြန္ေတာ္တို႔ မေန႔က ကြင္းဆင္းေဆာင္ရြက္တဲ့ အခ်ိန္မွာလည္း အိမ္အလံုးေရ (၈၃) လံုးရွိတယ္။ အကြက္က (၃၀) ကြက္ရွိတယ္။ နို႔တစ္စာကိုေတာ့ အိမ္ေဆာက္ထားတဲ့ (၈၃) အိမ္ကို ပို႔ေပးမွာပါ။ နို႔တစ္စာေပးၿပီး (၂၁) ရက္ ေစာင့္ဆိုင္းေပးမွာပါ။ ဒါကို မဖယ္ေပးေသးရင္ေတာ့ ဥပေဒအတိုင္း လုပ္ေဆာင္သြားမွာပါ”ဟု ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းစိုးက ေျပာသည္။
အစိုးရမွ စီမံခန္႔ခြဲပိုင္ခြင့္ရိွေသာ ပလပ္ေျမဧက (၂၀)ခန္႔တြင္ အိမ္ေျခေပါင္း( ၈၃)လံုးႏွင့္ ေျမကြက္ (၃၀)တို႔ကို ခြင့္ျပဳခ်က္မရိွဘဲ လုပ္ေဆာင္ထားေၾကာင္းကို ေဖေဖၚဝါရီလ (၂၁) ရက္က စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းက်ဴးေက်ာ္အိမ္မ်ားအား ဖယ္ရွားရန္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဇန္န၀ါရီလ (၂၂) ရက္ေန႔တြင္ အေၾကာင္းၾကားထားေသာ္လည္း ဖယ္ရွားျခင္းမရွိဘဲ ေျမကြက္ (၃၀)ကိုပါ ထပ္မံရိုက္ထားသျဖင့့္ ေဖေဖာ္၀ါရီလ (၂၁) ရက္ေန႔တြင္ သက္ဆိုင္ရာပုဂၢိဳလ္မ်ားႏွင့္ တာ၀န္ရွိသူမ်ား ကြင္းဆင္းေဆာင္ရြက္ၿပီး ဆိုင္းဘုတ္မ်ား ခ်ိတ္ဆြဲခဲ့ေၾကာင္း သိရသည္။
“သက္ဆိုင္ရာနယ္ေျမေတြမွာ အခြင့္အမိန္႔မရဘဲနဲ႕ က်ဴးေက်ာ္ေနထိုင္သူေတြကို ဖယ္ရွားပစ္မွာပါ။ ဒီလို ဖယ္ရွားနိုင္ဖို႔ နည္းဥပေဒ ၆၉(၁) အရ နို႔တစ္စာထုတ္ရပါတယ္။ ဒီစာကို ထုတ္တဲ့ခ်ိန္မွာလည္း က်ဴးေက်ာ္တဲ့ သူအေပၚကို သင့္ေလ်ာ္တဲ့ အခ်ိန္ကာလေပးၿပီးေတာ့ သတ္မွတ္တဲ့ ပံုစံပါ နို႔တစ္စာခ်လိုက္ျခင္း ျဖစ္ပါတယ္။ သင့္ေလ်ာ္တဲ့ အခ်ိန္ကာလ ဆိုတာကေတာ့ ကြင္းဆင္း ေဆာင္ရြက္တဲ့ ေန႔ကစၿပီး (၂၁) ရက္ျပည့္တဲ့အထိ ေစာင့္ေပးမွာပါ။ (၂၁) ရက္ျပည့္လို႕မွ ဖယ္ရွားျခင္းမရွိရင္ ဥပေဒပုဒ္မ၂၅ (ဃ)အရ ႏွင့္ နည္းဥပေဒ ၆၉(၂) အရ က်ဴးေက်ာ္သူေတြကို တရားစြဲဆိုသြားမွာျဖစ္ပါတယ္။ ေထာင္ဒဏ္တစ္လ ေသ္ာလည္းေကာင္း ဒဏ္ေငြ (၂၀၀) က်ပ္ ေသာ္လည္းေကာင္း ခ်မွတ္ျခင္းျပဳ နိုင္ပါတယ္။ တရားရံုးက အျပစ္ေပးလို႕ မဖယ္ရွားေသးဘူးဆိုရင္ တရားရံုးမွာျပင္ပ က်င့္ထံုး ဥပေဒအရ တာ၀န္ရွိသူေတြနဲ႕ ဖယ္ရွားေဆာင္ရြက္သြားမွာျဖစ္ပါတယ္”ဟု ခရိုင္ဥပေဒအရာရိွ ဦးညြန္႔ဝင္းက ေျပာသည္။
အဆိုပါ က်ဴးေက်ာ္ေနထုိင္သူမ်ားမွာ ေျမေနရာအတြက္ ဝယ္ယူေနထုိင္ျခင္း၊ မဲႏိႈက္၍ရျခင္းျဖစ္သည္ဟု စံုစမ္းသိရိွရသျဖင့္ အဆိုပါေျမေနရာအား ေရာင္းခ်ထားသူကိုလည္း ဥပေဒအရ ဆက္လက္အေရးယူႏုိင္ရန္ ေဆာင္ရြက္မည္ဟု သိရသည္။
“ကၽြန္ေတာ္တို႔ ကြင္းဆင္းတဲ့အခ်ိန္မွာ ေမးၾကည့္ေတာ့ အဲဒီမွာရွိတဲ့သူေတြက မဲႏိႈက္ၿပီး ေရြးရတယ္ေျပာတယ္။ ပိုက္ဆံလည္း တစ္ခ်ဳိ႕က တစ္သိန္း(သို႕) သံုးေသာင္းေပးရတယ္ေျပာပါတယ္။ ဘယ္သူ႔ ကိုေပးရလဲ ေမးၾကည့္ေတာ့ တစ္ေယာက္မွ အတိအက် မေျဖပါဘူး။ ဖယ္ရွားတဲ့ အခ်ိန္ေရာက္ရင္ေတာ့ ေငြေၾကးေပးထားတဲ့ နစ္နာတဲ့သူေတြကေတာ့ တရားဝင္ထုတ္ေျပာမယ္။ အခိုင္အမာ ေပၚလာၿပီဆိုရင္ေတာ့ ဥပေဒအတိုင္း ဆက္လက္ေဆာင္ရြက္သြားမွာပါ” ဟု ခရိုင္ဥပေဒအရာရိွ ဦးညြန္႔ဝင္းက ဆိုသည္။
အဆိုပါက်ဴးေက်ာ္အိမ္မ်ားကို နို႔တစ္စာထုတ္ၿပီး သတ္မွတ္ကာလအတြင္း မဖယ္ရွားနိုင္ပါက ဥပေဒပုဒ္မ ၂၅ (ဃ) ႏွင့္ နည္းဥပေဒ ၆၉(၂) အရတရားရံုးမွာစြဲဆိုသြားမည္ျဖစ္ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးဦးစီးဌာနမွ သိရသည္။
သတင္း - ႏိုႏို
“သူတို့နေတဲ့ နဂိုနေရာတော့ရှိမှာပဲ။ ကျူးကျော်တွေကို ဇန်နဝါရီ ၂၂ ရက်နေ့က တင်ပြတယ်။ အဲဒီနေ့ကပဲ လူ (၈၀) ဦးလောက်က ခုတ်ထွင်ရှင်းလင်းနပြေီ။ တရားဝင်ခွင်ပြုချက် မရှိတဲ့နေရာမှာ ဆောက်လို့မ ရတာတွေကို ပြောပြတယ်။ မဖယ်ရှားပေးဘူး။ ဒါကြောင့် ကျွန်တော်တို့ တရားဥပဒေအတိုင်း ဆောင်ရွက် ရတာဖြစ်ပါတယ်။ ဒီကျူးကျော်မြေတွေကို ဖယ်ရှားပြီးရင်လည်း အဲဒီနေရာမှာ စီမံကိန်း အခြေအနေတွေတော့ မရှိပါဘူး။ ပြန်လည် သိမ်းတာတွေပဲ လုပ်မှာပါ။ ကျွန်တော်တို့ မနေ့က ကွင်းဆင်းဆောင်ရွက်တဲ့ အချိန်မှာလည်း အိမ်အလုံးရေ (၈၃) လုံးရှိတယ်။ အကွက်က (၃၀) ကွက်ရှိတယ်။ နို့တစ်စာကိုတော့ အိမ်ဆောက်ထားတဲ့ (၈၃) အိမ်ကို ပို့ပေးမှာပါ။ နို့တစ်စာပေးပြီး (၂၁) ရက် စောင့်ဆိုင်းပေးမှာပါ။ ဒါကို မဖယ်ပေးသေးရင်တော့ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ”ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောသည်။
အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော ပလပ်မြေဧက (၂၀)ခန့်တွင် အိမ်ခြေပေါင်း( ၈၃)လုံးနှင့် မြေကွက် (၃၀)တို့ကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ထားကြောင်းကို ဖေဖော်ဝါရီလ (၂၁) ရက်က စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကျူးကျော်အိမ်များအား ဖယ်ရှားရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇန်နဝါရီလ (၂၂) ရက်နေ့တွင် အကြောင်းကြားထားသော်လည်း ဖယ်ရှားခြင်းမရှိဘဲ မြေကွက် (၃၀)ကိုပါ ထပ်မံရိုက်ထားသဖြင့် ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ပြီး ဆိုင်းဘုတ်များ ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
“သက်ဆိုင်ရာနယ်မြေတွေမှာ အခွင့်အမိန့်မရဘဲနဲ့ ကျူးကျော်နေထိုင်သူတွေကို ဖယ်ရှားပစ်မှာပါ။ ဒီလို ဖယ်ရှားနိုင်ဖို့ နည်းဥပဒေ ၆၉(၁) အရ နို့တစ်စာထုတ်ရပါတယ်။ ဒီစာကို ထုတ်တဲ့ချိန်မှာလည်း ကျူးကျော်တဲ့ သူအပေါ်ကို သင့်လျော်တဲ့ အချိန်ကာလပေးပြီးတော့ သတ်မှတ်တဲ့ ပုံစံပါ နို့တစ်စာချလိုက်ခြင်း ဖြစ်ပါတယ်။ သင့်လျော်တဲ့ အချိန်ကာလ ဆိုတာကတော့ ကွင်းဆင်း ဆောင်ရွက်တဲ့ နေ့ကစပြီး (၂၁) ရက်ပြည့်တဲ့အထိ စောင့်ပေးမှာပါ။ (၂၁) ရက်ပြည့်လို့မှ ဖယ်ရှားခြင်းမရှိရင် ဥပဒေပုဒ်မ၂၅ (ဃ)အရ နှင့် နည်းဥပဒေ ၆၉(၂) အရ ကျူးကျော်သူတွေကို တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ ထောင်ဒဏ်တစ်လ သော်လည်းကောင်း ဒဏ်ငွေ (၂၀၀) ကျပ် သော်လည်းကောင်း ချမှတ်ခြင်းပြု နိုင်ပါတယ်။ တရားရုံးက အပြစ်ပေးလို့ မဖယ်ရှားသေးဘူးဆိုရင် တရားရုံးမှာပြင်ပ ကျင့်ထုံး ဥပဒေအရ တာဝန်ရှိသူတွေနဲ့ ဖယ်ရှားဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ခရိုင်ဥပဒေအရာရှိ ဦးညွန့်ဝင်းက ပြောသည်။
အဆိုပါ ကျူးကျော်နေထိုင်သူများမှာ မြေနေရာအတွက် ဝယ်ယူနေထိုင်ခြင်း၊ မဲနှိုက်၍ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသဖြင့် အဆိုပါမြေနေရာအား ရောင်းချထားသူကိုလည်း ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု သိရသည်။
“ကျွန်တော်တို့ ကွင်းဆင်းတဲ့အချိန်မှာ မေးကြည့်တော့ အဲဒီမှာရှိတဲ့သူတွေက မဲနှိုက်ပြီး ရွေးရတယ်ပြောတယ်။ ပိုက်ဆံလည်း တစ်ချို့က တစ်သိန်း(သို့) သုံးသောင်းပေးရတယ်ပြောပါတယ်။ ဘယ်သူ့ ကိုပေးရလဲ မေးကြည့်တော့ တစ်ယောက်မှ အတိအကျ မဖြေပါဘူး။ ဖယ်ရှားတဲ့ အချိန်ရောက်ရင်တော့ ငွေကြေးပေးထားတဲ့ နစ်နာတဲ့သူတွေကတော့ တရားဝင်ထုတ်ပြောမယ်။ အခိုင်အမာ ပေါ်လာပြီဆိုရင်တော့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ခရိုင်ဥပဒေအရာရှိ ဦးညွန့်ဝင်းက ဆိုသည်။
အဆိုပါကျူးကျော်အိမ်များကို နို့တစ်စာထုတ်ပြီး သတ်မှတ်ကာလအတွင်း မဖယ်ရှားနိုင်ပါက ဥပဒေပုဒ်မ ၂၅ (ဃ) နှင့် နည်းဥပဒေ ၆၉(၂) အရတရားရုံးမှာစွဲဆိုသွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှ သိရသည်။
သတင်း - နိုနို