တာခ်ီလိတ္တြင္ ရပ္ထားေသာ ေမာ္ေတာ္ယာဥ္အား ၀င္တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူ ေသဆံုး

တာခ်ီလိတ္တြင္ ရပ္ထားေသာ ေမာ္ေတာ္ယာဥ္အား ၀င္တိုက္မိရာမွ ဆိုင္ကယ္ေမာင္းသူ ေသဆံုး
ဖေဖော်ဝါရီ 14, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ မယ္ေခါင္ရပ္ကြက္၊ မဲေခါင္ျမစ္(ကိုးထပ္)ဟိုတယ္အနီး ဗိုလ္ခ်ဳပ္လမ္းမေဘးတြင္ ရပ္ထားေသာ ေမာ္ေတာ္ယာဥ္အား ဆိုင္ကယ္ျဖင့္ ၀င္တိုက္မိရာမွ ၀င္တိုက္မိသူ ေသဆံုးသြားမႈ ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ(၁၃)ရက္ေန႔ ည(၁၁း၃၀)နာရီ ၀န္းက်င္က ပံုလို႔လမ္းဆံုဘက္မွ ခ်စ္ၾကည္ေရးတံတား(၂)ဘက္သို႔ အသက္(၃၅)ႏွစ္၀န္းက်င္ရွိ ကိုလတ္(ခ)လင္းျမတ္ေအာင္ ေမာင္းလာေသာ ေမာ္ေတာ္ဆိုင္ကယ္သည္ မဲေခါင္ျမစ္ဟိုတယ္အနီး လမ္း၏ ယာဘက္တြင္ ရပ္တန္႔ထားေသာ ေမာ္ေတာ္ယာဥ္အား တိုက္မိၿပီး တိမ္းေမွာက္ရာမွ ဒဏ္ရာရရွိကာ အဆိုပါ ေနရာ၌ပင္ ေသဆံုးသြားေၾကာင္း တာခ်ီလိတ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ယာဥ္တိုက္မႈေၾကာင့္ ေသဆံုးသြားသည့္ ကိုလတ္(ခ)လင္းျမတ္ေအာင္အား ဥပေဒအရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇/၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က/၂၇၉အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မဲခေါင်မြစ်(ကိုးထပ်)ဟိုတယ်အနီး ဗိုလ်ချုပ်လမ်းမဘေးတွင် ရပ်ထားသော မော်တော်ယာဉ်အား ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာမှ ဝင်တိုက်မိသူ သေဆုံးသွားမှု ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ည(၁၁း၃၀)နာရီ ဝန်းကျင်က ပုံလို့လမ်းဆုံဘက်မှ ချစ်ကြည်ရေးတံတား(၂)ဘက်သို့ အသက်(၃၅)နှစ်ဝန်းကျင်ရှိ ကိုလတ်(ခ)လင်းမြတ်အောင် မောင်းလာသော မော်တော်ဆိုင်ကယ်သည် မဲခေါင်မြစ်ဟိုတယ်အနီး လမ်း၏ ယာဘက်တွင် ရပ်တန့်ထားသော မော်တော်ယာဉ်အား တိုက်မိပြီး တိမ်းမှောက်ရာမှ ဒဏ်ရာရရှိကာ အဆိုပါ နေရာ၌ပင် သေဆုံးသွားကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ကိုလတ်(ခ)လင်းမြတ်အောင်အား ဥပဒေအရ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၂၇၉အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~