မြန်မာနိုင်ငံအတွင်း မွေးမြူရေး တိရစ္ဆာန်များအား သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်နိုင်ရန် မြင်းခြံ ခရိုင်နှင့် မိတ္ထီလာ ခရိုင်တို့တွင် ရှေ့ပြေးစီမံကိန်း လုပ်ဆောင်နေကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူထားခြင်းဖြင့် မွေးမြူရေးသမားများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ကုသရေး၊ ကာကွယ်ရေးတို့အတွက် အထောက်အကူ ပြုလာမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်သန်းခေါင်စာရင်းများ ကောက်ယူရာတွင် မြင်း၊ နွား၊ ကျွဲ၊ ၀က်၊ ကျွဲ၊ ကြက်၊ ဘဲ၊ ဆိတ်တို့အပြင် ဆင် နှင့် နွားနောက် စာရင်းကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မွေးမြူရေး တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၉၃ - ၁၉၉၄ ဘဏ္ဍာနှစ်က တစ်အိမ်ချင်း ကောက်ယူခဲ့မှုမှာ နောက်ဆုံးဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇောင်း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
မြန်မာနိုင်ငံအတွင်း မွေးမြူရေး တိရစာ္ဆန်များအား သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်နိုင်ရန် မြင်းခြံ ခရိုင်နှင့် မိတ္ထီလာ ခရိုင်တို့တွင် ရှေ့ပြေးစီမံကိန်း လုပ်ဆောင်နေကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
"တိုင်းနဲ့ပြည်နယ်တွေက အဖွဲ့တွေ ဆင်းရတာ။ တစ်ဖွဲ့က မိတ္ထီလာကို ဆင်းတယ်။ နောက်တစ်ဖွဲ့က နွားထိုးကြီးမြို့ကို ဆင်းတယ်။ ရှေ့ပြေးစီမံကိန်း (Pilot project) ခေါ်တာပေါ့။ စံပြနမူနာ ကောက်ယူတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ ပြန်လည်ပြီး စာရင်းကောက်နိုင်ဖို့အတွက် သွားရောက်လေ့လာရတဲ့ သဘောပါ။ ရှမ်းပြည်နယ်အတွက်က ကျွန်တော်ကိုယ်တိုင်သွားပြီး လေ့လာခဲ့ပါတယ်" ဟု တောင်ကြီးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းေဝက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
တိရစာ္ဆန်သန်းခေါင်စာရင်း ကောက်ယူထားခြင်းဖြင့် မွေးမြူရေးသမားများအား လိုအပ်သည့် ကူညီပံ့ပိုးမှုများ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ကုသရေး၊ ကာကွယ်ရေးတို့အတွက် အထောက်အကူ ပြုလာမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ဘာတွေ အကျိုးကျေးဇူးရလာမလဲဆိုရင် စာရင်းတွေ သိရှိရလာတဲ့အခါ မွေးမြူရေးသမားတွေကို လိုအပ်တာကူညီပေးနိုင်မယ်။ ကုသရေးနဲ့ ပတ်သက်ရင်လည်း ကာကွယ်ဆေးတွေ ပိုမိုထုတ်လုပ်နိုင်မယ်။ ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်မယ်။ မွေးမြူရေး သမားတွေ အတွက် အကျိုးကျေးဇူးတွေ တော်တော် များများ ရလာမှာပါ"ဟု ဒေါက်တာ စံထွန်းဝေက ပြောသည်။
တိရစာ္ဆန်သန်းခေါင်စာရင်းများ ကောက်ယူရာတွင် မြင်း၊ နွား၊ ကျွဲ၊ ဝက်၊ ကျွဲ၊ ကြက်၊ ဘဲ၊ ဆိတ်တို့အပြင် ဆင် နှင့် နွားနောက် စာရင်းကိုလည်း ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မွေးမြူရေး တိရစာ္ဆန်သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၉၃ - ၁၉၉၄ ဘဏ္ဍာနှစ်က တစ်အိမ်ချင်း ကောက်ယူခဲ့မှုမှာ နောက်ဆုံးဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇောင်း