တာခ်ီလိတ္ၿမိဳ႕လယ္ရွိ AGD ဘဏ္ေရွ႕ လွ်ပ္စစ္မီးတိုင္၏ ထရန္စေဖာ္မာထိပ္တြင္ အသက္(၃၅)ႏွစ္ေက်ာ္ အမ်ဳိးသားတစ္ဦး ခုန္ခ်ရာမွ ကယ္ဆယ္ေရးအဖြဲ႔မ်ားက ေဘးအႏၱရာယ္ကင္းစြာျဖင့္ ကယ္တင္ လိုက္ႏိုင္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေဘးရွိ အာရွစိမ္းလန္းဖြံ႔ၿဖဳိးမႈဘဏ္ ( AGD Bank )ေရွ႕ လွ်ပ္စစ္မီးတိုင္၏ ထရန္စေဖာ္မာထိပ္သို႔ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔ ည(၈)နာရီ၀န္းက်င္အခ်ိန္က တက္သြားေသာ အသက္(၃၅)ႏွစ္ေက်ာ္ရွိ စိုင္းေမာင္ဟု သိရွိရသူသည္ မီးတိုင္ေပၚတြင္ အခ်ိန္(၃၀)မိနစ္ေက်ာ္အၾကာ ထိုင္ေနၿပီးမွ ခုန္ခ်လိုက္ရာ ကယ္ဆယ္ေရးအဖြဲ႔မွ ၎အား ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိေစဘဲ ကယ္တင္လိုက္ႏိုင္ေၾကာင္း သိရသည္။
"ဒီဖက္ကို မ်က္ႏွာမူထားေတာ့ ခုန္ခ်ရင္ ထိခိုက္ဒဏ္ရာ ရရွိမႈမရွိေအာင္ ေအာက္ကေန ေမြ႕ယာနဲ႔ အသင့္ရွိေနၿပီးမွ သူက ရုတ္တရက္ ဟိုဖက္ကို လွည့္ၿပီး ခုန္ခ်လိုက္တာ၊ ကံေကာင္းတာက ကယ္ဆယ္ေရး အဖြဲ႔က ရုတ္တရက္ ေျပာင္းေရြ႕လိုက္ႏိုင္ေတာ့ အဲ့ဒီလူ ေမြ႕ရာအစြန္ေပၚကို က်လာတယ္။ ဘာမွမျဖစ္တာ ကံေကာင္းတာေပါ့.."ဟု စုေပါင္းပါ၀င္ ကူညီကယ္ဆယ္ခဲ့သူမ်ားထဲက တစ္ဦးက ေျပာသည္။
ဓာတ္တိုင္ေပၚ တက္ၿပီး ခုန္ခ်သူသည္ တာခ်ီလိတ္ၿမိဳ႕ ၀မ္လံုးေက်းရြာတြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
"အေပၚကို ေရာက္တာနဲ႔ ခ်က္ခ်င္းမခုန္ခ်တာ ေတာ္ေသးတာတယ္၊ နည္းနည္းၾကာေတာ့၊ မီးသတ္ကားေတြ၊ ရဲကားေတြ ေမြ႕ရာေတြ ေရာက္လာတာ၊ ပထမဆံုးအခ်ိန္က အနီးမွာ လူ(၄-၅)ေယာက္ေလာက္ပဲ ရွိေသးတယ္။ ေနာက္ပိုင္းမွ မ်ားလာၾကတာ၊ ဘာဒဏ္ရာမွ မရတဲ့အျပင္ ဓာတ္တိုင္ေပၚ တက္သြားတုန္းကလည္း ဓာတ္လည္း မလိုက္ဘူး၊ မီးကေတာ့ အေတာ္ၾကာမွ ျဖတ္လိုက္တာ"ဟု အနီးအနားတြင္ မ်က္ျမင္ေတြ႕ရသူ တစ္ဦးက ဆိုသည္။
ကယ္ဆယ္ေရးေဆာင္ရြက္ရန္ႏွင့္ ၎အား ဓာတ္လိုက္မႈမရွိေစရန္အတြက္ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ျဖန္႔ေ၀ေနသည့္ လွ်ပ္စစ္မီးအား ေခတၱျဖတ္ေတာက္ထားလိုက္ရေၾကာင္း သိရသည္။
"သူ႕ကို ၾကည့္ရတာ ပံုမွန္မဟုတ္သလိုဘဲ၊ စိတ္ေၾကာင္ေနတဲ့ သေဘာဘဲ၊ ေဆးရံုေရာက္ေတာ့လည္း ေမးေတာ့ ဘာမွမလုပ္ဘူး၊ မေသာက္ဘူး၊ နဲ႔ အသက္လည္း ၄၀ ေျပာလိုေျပာ၊ ၃၅ ေျပာလိုေျပာနဲ႔၊ ေသခ်ာတာကေတာ့ ေဆးေၾကာင္တာပဲလို႔ထင္တယ္၊ ပံုမွန္လူဆို ဒီလိုလုပ္မွာ မဟုတ္ဘူးေလ"ဟု ကိုထြန္းလတ္က ေျပာသည္။
အဆိုပါ ျဖစ္စဥ္ေနရာသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔မွ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးေအာင္ေဇာ္လင္း ဦးေဆာင္၍ မီးသတ္စက္ယာဥ္(၁)စီး၊ မီးၿငိမ္းသတ္ယာဥ္(၁)စီး ၊ တာခ်ီလိတ္ၿမိဳ႕နယ္ အရန္မီး သတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္း ႏွင့္ သေႏၶ/အရန္ မီးသတ္တပ္ဖြဲ႔၀င္ (၂၅)ဦးျဖင့္ လည္းေကာင္း၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ ခရိုင္/ၿမိဳ႕နယ္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ ခရိုင္ၾကက္ေျခနီအသင္းမွ တပ္ဖြဲ႔၀င္မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တာ၀န္သိ ျပည္သူမ်ား စသည္တို႔မွ အဆိုပါ ကယ္ဆယ္ေရးလုပ္ငန္းအား ပူးေပါင္းေဆာင္ရြက္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဓာတ္တိုင္ေပၚမွ ခုန္ခ်သူ အမ်ဳိးသားအား ဥပေဒအရ အေရးယူႏိုင္ရန္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ ေဆာင္ရြက္ ေနေၾကာင္း သိရွိရသည္။
သတင္း - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် ( AGD Bank )ရှေ့ လျှပ်စစ်မီးတိုင်၏ ထရန်စဖော်မာထိပ်သို့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က တက်သွားသော အသက်(၃၅)နှစ်ကျော်ရှိ စိုင်းမောင်ဟု သိရှိရသူသည် မီးတိုင်ပေါ်တွင် အချိန်(၃၀)မိနစ်ကျော်အကြာ ထိုင်နပြေီးမှ ခုန်ချလိုက်ရာ ကယ်ဆယ်ရေးအဖွဲ့မှ၎င်းအား ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေဘဲ ကယ်တင်လိုက်နိုင်ကြောင်း သိရသည်။
"ဒီဖက်ကို မျက်နှာမူထားတော့ ခုန်ချရင် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိအောင် အောက်ကနေ မွေ့ယာနဲ့ အသင့်ရှိနပြေီးမှ သူက ရုတ်တရက် ဟိုဖက်ကို လှည့်ပြီး ခုန်ချလိုက်တာ၊ ကံကောင်းတာက ကယ်ဆယ်ရေး အဖွဲ့က ရုတ်တရက် ပြောင်းရွေ့လိုက်နိုင်တော့ အဲ့ဒီလူ မွေ့ရာအစွန်ပေါ်ကို ကျလာတယ်။ ဘာမှမဖြစ်တာ ကံကောင်းတာပေါ့.."ဟု စုပေါင်းပါဝင် ကူညီကယ်ဆယ်ခဲ့သူများထဲက တစ်ဦးက ပြောသည်။
ဓာတ်တိုင်ပေါ် တက်ပြီး ခုန်ချသူသည် တာချီလိတ်မြို့ ဝမ်လုံးကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
"အပေါ်ကို ရောက်တာနဲ့ ချက်ချင်းမခုန်ချတာ တော်သေးတာတယ်၊ နည်းနည်းကြာတော့၊ မီးသတ်ကားတွေ၊ ရဲကားတွေ မွေ့ရာတွေ ရောက်လာတာ၊ ပထမဆုံးအချိန်က အနီးမှာ လူ(၄-၅)ယောက်လောက်ပဲ ရှိသေးတယ်။ နောက်ပိုင်းမှ များလာကြတာ၊ ဘာဒဏ်ရာမှ မရတဲ့အပြင် ဓာတ်တိုင်ပေါ် တက်သွားတုန်းကလည်း ဓာတ်လည်း မလိုက်ဘူး၊ မီးကတော့ အတော်ကြာမှ ဖြတ်လိုက်တာ"ဟု အနီးအနားတွင် မျက်မြင်တွေ့ရသူ တစ်ဦးက ဆိုသည်။
ကယ်ဆယ်ရေးဆောင်ရွက်ရန်နှင့်၎င်းအား ဓာတ်လိုက်မှုမရှိစေရန်အတွက် တာချီလိတ်မြို့တွင်းသို့ ဖြနေ့်ဝနေသည့် လျှပ်စစ်မီးအား ခေတ္တဖြတ်တောက်ထားလိုက်ရကြောင်း သိရသည်။
"သူ့ကို ကြည့်ရတာ ပုံမှန်မဟုတ်သလိုဘဲ၊ စိတ်ကြောင်နေတဲ့ သဘောဘဲ၊ ဆေးရုံရောက်တော့လည်း မေးတော့ ဘာမှမလုပ်ဘူး၊ မသောက်ဘူး၊ နဲ့ အသက်လည်း ၄၀ ပြောလိုပြော၊ ၃၅ ပြောလိုပြောနဲ့၊ သေချာတာကတော့ ဆေးကြောင်တာပဲလို့ထင်တယ်၊ ပုံမှန်လူဆို ဒီလိုလုပ်မှာ မဟုတ်ဘူးလေ"ဟု ကိုထွန်းလတ်က ပြောသည်။
အဆိုပါ ဖြစ်စဉ်နေရာသို့ တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း ဦးဆောင်၍ မီးသတ်စက်ယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ တာချီလိတ်မြို့နယ် အရန်မီး သတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် (၂၅)ဦးဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်/မြို့နယ် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၊ တာချီလိတ် ခရိုင်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်သိ ပြည်သူများ စသည်တို့မှ အဆိုပါ ကယ်ဆယ်ရေးလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဓာတ်တိုင်ပေါ်မှ ခုန်ချသူ အမျိုးသားအား ဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဆောင်ရွက် နေကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ