နှစ် (၇၀) ပြည့် ရှမ်းပြည်နယ်နေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အတွင်း ကဏ္ဍ(၇)ခုမှ ထူးချွန်ဆုအဆင့် အသီးသီးရရှိသူ (၄၉)ဦးအား ဆုများအပ်နှင်းရာတွင် ကဏ္ဍသုံးရပ်မှ ထူးချွန်ဆုရ အမျိုးသမီးသုံးဦး ပါဝင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
ရှမ်းပြည်နယ်အတွင်း စီမံထူးချွန်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု၊ စီးပွားရေး ထူးချွန်ဆု၊ စိုက်ပျိုးထူးချွန်ဆု၊ မွေးမြူထူးချွန်ဆု၊ ကျန်းမာရေးထူးချွန်ဆု၊ လူမှုထူးချွန်ဆုများကို အဆိုပါ အခမ်းအနားတွင် အပ်နှင်းရာ လူမှုထူးချွန်(ပထမဆင့်)အား ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်)အား ပန်ဆိုင်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် မေရီဆိုင်၊ လူမှုထူးချွန်ဆု(တတိယဆင့်)အား မူဆယ်မြို့ ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဒေါ်နန်းမွေဖောင်တို့အား ရွေးချယ်လိုက်ခြင်းဖြစ်သည်။
စီမံထူးချွန်ဆု ဒုတိယအဆင့်အား မူဆယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ စီမံထူးချွန် (တတိယဆင့်)အား မူဆယ်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း၊ ပန်ဆိုင်း(ကြူကုတ်မြို့) မြို့အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကျော်၊ မုံးကိုးမြို့ အုပ်ချုပ်ရေးမှူး ဦးငွေဌေးနှင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး ဦးဝင်းလွင်တို့အား အပ်နှင်းလိုက်ခြင်းဖြစ်သည်။
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု(ဒုတိယအဆင့်)ကို ပန်ဆိုင်းနယ်မြေရဲစခန်းမှ ဒုရဲမှူး ဂမ်ဆိုင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု(တတိယအဆင့်)အား ပန်ဆိုင်းနယ်မြေ ရဲစခန်းမှ ရဲအုပ်ဖြိုးဝေအောင်နှင့် ရဲအရာခံ (၇)ဦး၊ ရဲတပ်ကြပ်ကြီး( ၈ )ဦး၊ ရဲဒုတပ်ကြပ် ( ၄ ) ဦး၊ မဘိမ်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဆန်းမိုးနှင့် သစ်တောဦးစီးဌဌာနအဖွဲ့ဝင် (၁၉)ဦးတို့အား တို့အား အပ်နှင်းလိုက်သည်။
ယင်းနောက် စီးပွားထူးချွန်(တတိယအဆင့်)ကို မူဆယ်မြို့ Bhome Yaung Chi Co.,Ltd မှ ဦးကျော်ဆန်းဦး၊ စိုက်ပျိုးထူးချွန်(တတိယအဆင့်)ကို ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာမှ ဦးသိန်းဇော်၊ ကျိုင်းတုံမြို့နယ် တုံဆီကျေးရွာမှ ဦးလုံးစွမ်၊ ကျောက်မဲမြို့နယ် ပင်ပေါကျေးရွာမှ ဦးအိုက်စိုင်း(ခ)ဦးမြင့်နိုင်၊ မွေးမြူရေးထူးချွန်ဆု(တတိယအဆင့်)အား တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာမှ ဒေါက်တာစိုင်းလုံ၊ မူဆယ်မြို့နယ် မိုင်းယုကျေးရွာမှ ဦးစိန်ဝင်း၊ ကျန်းမာရေးထူချွန်(ပထမဆင့်)အား ပင်းတယမြို့ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းမင်းထွဋ်၊ ကျန်းမာရေးထူးချွန်( တတိယဆင့်)အား မူဆယ်မြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကုသရေးဦးစီးဌာနတို့အား အပ်နှင်းလိုက်သည်။
လူမှုထူးချွန်(ပထမဆင့်)အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါ်နန်းလိုင်းခမ်း၊ လူမှုထူးချွန်ဆု(တတိယဆင့်)အား မူဆယ်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၉)ဦး၊ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း၊ ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဒေါ်နန်းမွေဖောင်နှင့် ခရိုင်သာသနာရေးမှူး ဦးနိုင်မောင်မောင်စိုးတို့အား ချီးမြှင့်လိုက်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သည့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များအပြင် ဌာနဆိုင်ရာများ၊ မသန်စွမ်းအဖွဲ့ အပါအဝင် အဖွဲ့အစည်းများနှင့် ဒေသခံများစုစုပေါင်း တစ်ထောင်ကျော် တက်ရောက်ကြခြင်းဖြစ်သည်။
ရှမ်းပြည်နယ်နေ့ အခမ်းအနားအား တောင်ကြီးမြို့၊ မိုးလုံလေလုံအားကစားကွင်းတွင် ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပနေရာ လူဦးရေ တစ်ထောင်ကျော် ဖွင့်ပွဲတက်ရောက်ကြပြီး သုံးရက်တာ ကျင်းပမည့် အခမ်းအနားတွင် ဌာနဆိုင်ရာများ၏ ပြခန်း(၁၈)ခန်းလည်း ပါဝင်ပြသထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို