ႏွစ္(၇၀)ျပည့္ ျပည္ေထာင္စုေန႔ အထိမ္းအမွတ္ အခမ္းအနားအား ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ဳိင္းတံုၿမဳိ႕တြင္ ယေန႔ ေဖေဖာ္၀ါရီလ(၁၂)ရက္ေန႔ နံနက္ပိုင္းက က်ဳိင္းတံုၿမိဳ႕နယ္အားကစားကြင္းတြင္ က်င္းပ ျပဳလုပ္ခဲ့ၾကသည္။
အခမ္းအနားတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ ဦးေဆာင္၍ အေလးျပဳျခင္း အစီအစဥ္ကို စတင္ရာ ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲနိုင္ ဦးေဆာင္သည့္ ျပည္နယ္အဆင့္၊ ခ႐ိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ား၊ စီးပြားေရး လုပ္ငန္းရွင္မ်ား၊ တိုင္းရင္းသား ျပည္သူမ်ား မွ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္ အလံႏွင့္ က်ဆံုးေလၿပီးေသာ အာဇာနည္ပုဂၢိဳလ္မ်ားအား အေလးျပဳခဲ့ၾကသည္။
ဆက္လက္၍ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲနိုင္က ႏွစ္(၇၀)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားသို႔ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္၊ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ထံမွ ေပးပို႔သည့္ သ၀ဏ္လႊာအား ဖတ္ၾကားခဲ႔ရာ သဝဏ္လႊာအတြင္းတြင္ "နိုင္ငံေတာ္က အေကာင္အထည္ေဖာ္ ေဆာင္ရြက္လွ်က္ရိွသည့္ အမ်ိဳးသားျပန္လည္ သင္႔ျမတ္ေရးနွင္႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားတြင္ ႏိုင္ငံေတာ္ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္၊ တိုင္းရင္းသားအဖြဲ႕အစည္းမ်ား၊ လက္နက္ကိုင္ အင္အားစုမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္ လူမႈအဖြဲ႔အစည္းနွင္႔ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးက လက္တြဲ ပူးေပါင္းေဆာင္ရြက္ရန္" ဟူ၍ တိုက္တြန္းထားေၾကာင္း သိရသည္။
ႏွစ္(၇၀)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔၏ အမ်ိဳးသား ရပ္တည္ခ်က္ (၄)ရပ္မွာ ျပည္ေထာင္စု စိတ္ဓါတ္နိုးၾကားရွင္သန္ေရး၊ အမ်ဳိးသား စည္းလံုးညီညြတ္မႈ ခိုင္မာေအာင္ တည္ေဆာက္ေရး၊ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုေပၚေပါက္ေရး၊ ျပည္သူမ်ား၏ လူမႈစီးပြား ဘဝမ်ား တိုးတက္ျမင္႔မားေရး တို႔ျဖစ္ေၾကာင္း သိရသည္။
အေလးျပဳျခင္းနွင့္ သဝဏ္လႊာဖတ္ၾကားျခင္း အစီအစဥ္မ်ား ၿပီးသည့္ေနာက္တြင္ တက္ေရာက္လာသူမ်ားမွ စားသုံးသူေရးရာ ဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ တိုင္းရင္းေဆးပညာ ဦးစီးဌာန၊ သယံဇာတနွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး ေမြးျမဴေရးနွင္႔ ဆည္ေျမာင္းဝန္ႀကီးဌာနနွင့္ က်န္းမာေရး ဝန္ႀကီးဌာနတို႔၏ ျပခန္းမ်ားသို႔ ဝင္ေရာက္ေလ့လာခဲ့ေၾကာင္း ႏွင့္ အဆိုပါ အခမ္းအနားသို႔ တက္ေရာက္သူ (၁၂၀၀)ေက်ာ္ ရွိေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အလေးပြုခြင်း အစီအစဉ်ကို စတင်ရာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် ဦးဆောင်သည့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသား ပြည်သူများ မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလပြေီးသော အာဇာနည်ပုဂ္ဂိုလ်များအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က နှစ်(၇၀)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ရာ သဝဏ်လွှာအတွင်းတွင် "နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လက်နက်ကိုင် အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လက်တွဲ ပူးပေါင်းဆောင်ရွက်ရန်" ဟူ၍ တိုက်တွန်းထားကြောင်း သိရသည်။
နှစ်(၇၀)နှစ်မြောက် ပြည်ထောင်စုနေ့၏ အမျိုးသား ရပ်တည်ချက် (၄)ရပ်မှာ ပြည်ထောင်စု စိတ်ဓာတ်နိုးကြားရှင်သန်ရေး၊ အမျိုးသား စည်းလုံးညီညွတ်မှု ခိုင်မာအောင် တည်ဆောက်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘဝများ တိုးတက်မြင့်မားရေး တို့ဖြစ်ကြောင်း သိရသည်။
အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အစီအစဉ်များ ပြီးသည့်နောက်တွင် တက်ရောက်လာသူများမှ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့၏ ပြခန်းများသို့ ဝင်ရောက်လေ့လာခဲ့ကြောင်း နှင့် အဆိုပါ အခမ်းအနားသို့ တက်ရောက်သူ (၁၂၀၀)ကျော် ရှိကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်