ေက်ာက္မဲၿမိဳ႕တြင္ ႏုိင္ငံျခားသားမ်ား ဖြင့္လွစ္ထားသည့္ဆုိင္မ်ားကို လစဥ္စစ္ေဆး

ေက်ာက္မဲၿမိဳ႕တြင္ ႏုိင္ငံျခားသားမ်ား ဖြင့္လွစ္ထားသည့္ဆုိင္မ်ားကို လစဥ္စစ္ေဆး
ဖေဖော်ဝါရီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ ႏုိင္ငံျခားသားမ်ား လာေရာက္ ဖြင့္လွစ္ေလ့ရိွသည့္ ဆိုင္မ်ားတြင္ ႏိုင္ငံျခားသားမ်ား ဗီဇာသက္တမ္းလြန္ေနထုိင္ျခင္းႏွင့္ ဥပေဒလုိက္နာျခင္းရိွ မရိွ လစဥ္ စစ္ေဆးေနေၾကာင္း သိရသည္။

“တစ္လကိုတစ္ႀကိမ္ ဗီဇာသက္တမ္းေတြ၊ ပတ္စပို႔ေတြကို စစ္ေဆးတာေတြ လုပ္ပါတယ္။ သူတို႔ေနထိုင္ခြင့္ သက္တမ္း ရွိေနလား မရွိေနလား စစ္ေဆးတယ္။ အရင္တစ္ေခါက္ စစ္ေဆးတုန္းက ေနထိုင္ခြင့္လြန္ေနတဲ့ တရုတ္ႏိုင္ငံသားႏွစ္ေယာက္ကိုေတာ့ ျပန္လႊတ္ (တရုတ္ႏုိင္ငံသုိ႔ ျပန္လည္ပို႔ေဆာင္)ေပးခဲ့တာရွိတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္လ၀က ဦးစီးအရာရွိ ဦးသန္းေဌးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕တြင္ တရုတ္ႏုိင္ငံသားမ်ားက ႀကိဳက္တာယူ(၅၀၀၀) အေရာင္းဆိုင္အား ဆိုင္ဖြင့္ခြင့္လိုင္စင္ ျပဳလုပ္ထားသည့္ ေဒသခံထံမွ ငွားရမ္းဖြင့္လွစ္သျဖင့္ ဥပေဒ၊ လုပ္ထံုးလုပ္နည္းမ်ားႏွင့္ ကိုက္ညီျခင္း ရိွမရိွ သက္ဆုိင္ရာမွ စစ္ေဆးခဲ့ျခင္းျဖစ္သည္။

“ေရာင္းတဲ့သူေတြက ျမန္မာစကားေတာင္ နားမလည္ဘဲနဲ႔ ဆိုင္ဖြင့္ခြင့္ ဘယ္လိုရထားလည္းမသိဘူး။ သူတို႔အဲဒီလို လာဖြင့္လိုက္ေတာ့ ကြ်န္မတို႔ ေရာင္းအားကေတာ့ သိသိသာသာ က်သြားတယ္။ ဘယ္သူမဆို တန္တယ္ပဲထင္ၿပီး အဲဒီမွာပဲ တိုးၾကေတာ့တယ္”ဟု ေက်ာက္မဲဗဟိုေစ်း အထည္ဆုိင္မွ မနန္းေထြးေအးက ေျပာသည္။

အဆိိုပါ ဆိုင္မ်ားအား ေဒသခံမ်ားက ေဝဖန္မႈမ်ားေၾကာင့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္ လူဝင္မႈ ႀကီးၾကပ္ေရးဌာနႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔မ်ားျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္လိုပဲျဖစ္ျဖစ္ေလ သူတို႔ေရာင္းခ်ေနတဲ့ ပစၥည္းေတြထဲက ဥပမာ အျပင္ဆိုင္ေတြမွာ (၈၀၀၀) ေလာက္ေပးမွ ရမယ့္ ဖိနပ္ေတြ အက်ႌေတြကို အဲဒီဆိုင္ေတြမွာ (၅၀၀၀) ပဲေပးလိုက္ရံုနဲ႔ရတယ္ဆိုေတာ့ ေစ်းဝယ္သူ တစ္ေယာက္အေနနဲ႔ ကေတာ့ အားေပးတယ္။ ဒါေပမဲ့ အေထာက္အထား စံုစံုလင္လင္နဲ႔ ျဖစ္ေစဖို႔ကေတာ့ အုပ္ခ်ဳပ္ေရးပိုင္းက ႀကီးၾကပ္ေပးဖို႔လိုတာေပါ့။ အၿပိဳင္အဆိုင္ေရာင္းခ်တာေတြရွိလာေတာ့ ေစ်းဝယ္သူေတြအတြက္ အခြင့္အေရးပိုရတာေပါ့” ဟု မေအးခိုင္က ေျပာသည္။

ႏိုင္ငံျခားသားမ်ား အေနျဖင့္ ဆိုင္ဖြင့္လွစ္ေရာင္းခ်လိုပါက ကုမၸဏီခြင့္ျပဳခ်က္မ်ား၊ အခြန္ဦးစီးဌာနခြင့္ျပဳခ်က္ စသည့္ အေထာက္အထားမ်ား လိုအပ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုင်ငံခြားသားများ လာရောက် ဖွင့်လှစ်လေ့ရှိသည့် ဆိုင်များတွင် နိုင်ငံခြားသားများ ဗီဇာသက်တမ်းလွန်နေထိုင်ခြင်းနှင့် ဥပဒေလိုက်နာခြင်းရှိ မရှိ လစဉ် စစ်ဆေးနေကြောင်း သိရသည်။

“တစ်လကိုတစ်ကြိမ် ဗီဇာသက်တမ်းတွေ၊ ပတ်စပို့တွေကို စစ်ဆေးတာတွေ လုပ်ပါတယ်။ သူတို့နေထိုင်ခွင့် သက်တမ်း ရှိနေလား မရှိနေလား စစ်ဆေးတယ်။ အရင်တစ်ခေါက် စစ်ဆေးတုန်းက နေထိုင်ခွင့်လွန်နေတဲ့ တရုတ်နိုင်ငံသားနှစ်ယောက်ကိုတော့ ပြန်လွှတ် (တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်)ပေးခဲ့တာရှိတယ်”ဟု ကျောက်မဲမြို့နယ်လဝက ဦးစီးအရာရှိ ဦးသန်းဌေးက ပြောသည်။

ကျောက်မဲမြို့တွင် တရုတ်နိုင်ငံသားများက ကြိုက်တာယူ(၅၀၀၀) အရောင်းဆိုင်အား ဆိုင်ဖွင့်ခွင့်လိုင်စင် ပြုလုပ်ထားသည့် ဒေသခံထံမှ ငှါးရမ်းဖွင့်လှစ်သဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီခြင်း ရှိမရှိ သက်ဆိုင်ရာမှ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ရောင်းတဲ့သူတွေက မြန်မာစကားတောင် နားမလည်ဘဲနဲ့ ဆိုင်ဖွင့်ခွင့် ဘယ်လိုရထားလည်းမသိဘူး။ သူတို့အဲဒီလို လာဖွင့်လိုက်တော့ ကျွန်မတို့ ရောင်းအားကတော့ သိသိသာသာ ကျသွားတယ်။ ဘယ်သူမဆို တန်တယ်ပဲထင်ပြီး အဲဒီမှာပဲ တိုးကြတော့တယ်”ဟု ကျောက်မဲဗဟိုဈေး အထည်ဆိုင်မှ မနန်းထွေးအေးက ပြောသည်။

အဆိုပါ ဆိုင်များအား ဒေသခံများက ဝေဖန်မှုများကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

“ဘယ်လိုပဲဖြစ်ဖြစ်လေ သူတို့ရောင်းချနေတဲ့ ပစ္စည်းတွေထဲက ဥပမာ အပြင်ဆိုင်တွေမှာ (၈၀၀၀) လောက်ပေးမှ ရမယ့် ဖိနပ်တွေ အင်္ကျီတွေကို အဲဒီဆိုင်တွေမှာ (၅၀၀၀) ပဲပေးလိုက်ရုံနဲ့ရတယ်ဆိုတော့ ဈေးဝယ်သူ တစ်ယောက်အနေနဲ့ ကတော့ အားပေးတယ်။ ဒါပေမဲ့ အထောက်အထား စုံစုံလင်လင်နဲ့ ဖြစ်စေဖို့ကတော့ အုပ်ချုပ်ရေးပိုင်းက ကြီးကြပ်ပေးဖို့လိုတာပေါ့။ အပြိုင်အဆိုင်ရောင်းချတာတွေရှိလာတော့ ဈေးဝယ်သူတွေအတွက် အခွင့်အရေးပိုရတာပေါ့” ဟု မအေးခိုင်က ပြောသည်။

နိုင်ငံခြားသားများ အနဖြေင့် ဆိုင်ဖွင့်လှစ်ရောင်းချလိုပါက ကုမ္ပဏီခွင့်ပြုချက်များ၊ အခွန်ဦးစီးဌာနခွင့်ပြုချက် စသည့် အထောက်အထားများ လိုအပ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~