ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့များမှ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂၄)ကျောင်းများမှ ကလေးငယ်များ၏ ငြိမ်းချမ်းရေးသီချင်း၊ ကဗျာ၊ ပုံပြင်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၁၀ ရက်က စတင်ကျင်းပကြောင်း သိရသည်။
“ဒီနေ့ကတော့ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွေမှာ စပြီးကျင်းပနေတာပါ။ ၁၂ ရက်နေ့မှာတော့ အစိုးရမူကြိုကျောင်းတွေမှာ ကျင်းပသွားပါမယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းက ပြောသည်။
ယနေ့ပြိုင်ပွဲတွင် ကျိုင်းတုံမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၇)ကျောင်းနှင့် တာချီလိတ်မြို့မှ (၁၇)ကျောင်းတို့တွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။