အထူးေစာင့္ေရွာက္ရန္ လိုအပ္ေသာကေလးမ်ားအတြက္ ေန႔ပိုင္းေစာင့္ေရွာက္ေရးစင္ဟာကို မႏၱေလးၿမိဳ႕ ျဗဟၼစိုရ္လူမႈေရးအသင္း၏ ေလးထပ္ေဆာင္ေဆးေပးခန္းတြင္ ဖြင့္လွစ္လိုက္ၿပီး ကေလးငယ္ေပါင္း (၃၀)အထိ လက္ခံႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စင္တာအား ဇန္နဝါရီလ (၂၈)ရက္က စတင္ဖြင့္လွစ္လိုက္ျခင္းျဖစ္ၿပီး လက္ရိွတြင္ ကေလးငယ္ (၁၆)ဦး ရိွေနေၾကာင္း သိရသည္။
''ကေလးသူငယ္ေတြအေပၚမွာ အျမတ္ထုတ္တာေတြကို ကာကြယ္ေပးရမယ္။ ကေလးသူငယ္ဥပေဒက ရွိၿပီးသားျဖစ္ပါတယ္။ အရပ္ဖက္လူ႔အဖြဲ႔အစည္းေတြေပၚလာတာဟာ ဒီမိုကေရစီကိုတည့္မတ္ဖို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ အားလံုးဟာ ပူေပါင္းလုပ္ေဆာင္ခ်င္္တဲ႔ဆႏၵရွိဖို႔ လိုပါတယ္''ဟု မႏၱေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္ေဇာ္ျမင့္ေမာင္က အဆိုပါ စင္တာဖြင့္ပြဲတြင္ ေျပာၾကားသည္။
စင္တာဖြင့္လွစ္ရျခင္း၏ ေမွ်ာ္မွန္းခ်က္မွာ အထူးေစာင့္ေရွာက္မႈလိုအပ္ေသာ ကေလးမ်ား လူမႈအသိုင္းအဝိုင္းတြင္ ပိုမိုပါဝင္ႏိုင္ရန္ျဖစ္ေၾကာင္း ျဗဟၼစိုရ္လူမႈေရးအသင္း ဥကၠဌ ေဒါက္တာသန္းျမင့္ထြန္းက ေျပာသည္။
''အခုဆိုရင္ ျဗဟၼစိုရ္လူမႈေရးအသင္းႀကီးဟာ (၁၉) ႏွစ္ျပည့္သြားၿပီ။ (၁၉) ႏွစ္အတြင္းမွာ နာေရးကူညီမႈ၊ က်န္းမာေရး၊ သဘာဝေဘးအႏၱရာယ္၊ ပညာေရး၊ စာၾကည့္တိုက္ဖြင့္လွစ္ျခင္းနဲ႔ ေက်ာက္ကပ္ ေသြးသန႔္စင္ျခင္း တို႔ကိုလုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဒီစင္တာဖြင့္လွစ္ျခင္းကလည္း ႏွစ္စဥ္အထူး ေစာင့္ေရွာက္ရန္ လိုအပ္တဲ႔ ကေလးငယ္ေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးဖို႔လည္း ပါ ပါတယ္''ဟု ေဒါက္တာသန္းျမင့္ ထြန္းက ေျပာသည္။
ကိုယ္အဂါၤခ်ိဳ႕ယြင္းအားနည္းသူ၊ အၾကားအာရံုခ်ိဳ႕ယြင္းအားနည္းသူ၊ ဥာဏ္ရည္ခ်ိဳ႕ယြင္း အားနည္းသူမ်ားကို အထူးေစာင့္ေရွာက္ရန္လိုအပ္ေသာ ကေလးမ်ားဟု သတ္မွတ္ထားၿပီး ၂၀၁၄ -၂၀၁၅ခုႏွစ္ျပည္လံုး ကၽြြတ္သန္းေခါင္စာရင္းအရ ျပည္ေထာင္စုျမန္မာနိုင္ငံေတာ္တြင္ရွိ စုစုေပါင္းလူဦးေရ၏ (၄.၆) ရာခိုင္ႏႈန္းမွာ မသန္စြမ္းသူမ်ားျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စင်တာအား ဇန်နဝါရီလ (၂၈)ရက်က စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးငယ် (၁၆)ဦး ရှိနေကြောင်း သိရသည်။
''ကလေးသူငယ်တွေအပေါ်မှာ အမြတ်ထုတ်တာတွေကို ကာကွယ်ပေးရမယ်။ ကလေးသူငယ်ဥပဒေက ရှိပြီးသားဖြစ်ပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေပေါ်လာတာဟာ ဒီမိုကရေစီကိုတည့်မတ်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးဟာ ပူပေါင်းလုပ်ဆောင်ချင်တဲ့ဆန္ဒရှိဖို့ လိုပါတယ်''ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်ဇော်မြင့်မောင်က အဆိုပါ စင်တာဖွင့်ပွဲတွင် ပြောကြားသည်။
စင်တာဖွင့်လှစ်ရခြင်း၏ မျှော်မှန်းချက်မှာ အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးများ လူမှုအသိုင်းအဝိုင်းတွင် ပိုမိုပါဝင်နိုင်ရန်ဖြစ်ကြောင်း ဗြဟ္မစိုရ်လူမှုရေးအသင်း ဥက္ကဌ ဒေါက်တာသန်းမြင့်ထွန်းက ပြောသည်။
''အခုဆိုရင် ဗြဟ္မစိုရ်လူမှုရေးအသင်းကြီးဟာ (၁၉) နှစ်ပြည့်သွားပြီ။ (၁၉) နှစ်အတွင်းမှာ နာရေးကူညီမှု၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်၊ ပညာရေး၊ စာကြည့်တိုက်ဖွင့်လှစ်ခြင်းနဲ့ ကျောက်ကပ် သွေးသန့်စင်ခြင်း တို့ကိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီစင်တာဖွင့်လှစ်ခြင်းကလည်း နှစ်စဉ်အထူး စောင့်ရှောက်ရန် လိုအပ်တဲ့ ကလေးငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးဖို့လည်း ပါ ပါတယ်''ဟု ဒေါက်တာသန်းမြင့် ထွန်းက ပြောသည်။
ကိုယ်အင်္ဂါချို့ယွင်းအားနည်းသူ၊ အကြားအာရုံချို့ယွင်းအားနည်းသူ၊ ဉာဏ်ရည်ချို့ယွင်း အားနည်းသူများကို အထူးစောင့်ရှောက်ရန်လိုအပ်သော ကလေးများဟု သတ်မှတ်ထားပြီး ၂၀၁၄ -၂၀၁၅ခုနှစ်ပြည်လုံး ကျွတ်သန်းခေါင်စာရင်းအရ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်ရှိ စုစုပေါင်းလူဦးရေ၏ (၄.၆) ရာခိုင်နှုန်းမှာ မသန်စွမ်းသူများဖြစ်ကြောင်း သိရသည်။
သတင်း - ရွှေဇော်