အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီ၏ ဥပေဒအၾကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္လုပ္ႀကံခံရၿပီးေနာက္ ႏုိင္ငံသားမ်ားႏွင့္အတူ လူ႔အခြင့္အေရးကိစၥ လုပ္ေဆာင္ေနသူမ်ား၏ လံုၿခံဳေရးကိုပါ အစိုးရအေနျဖင့္ စဥ္းစားသင့္ၿပီဟု ေထာက္ျပေဝဖန္လာၾကသည္။
“ေန႔ခ်င္းေၾကာင္ေတာင္မွာ လူတစ္ေယာက္ကို ေသနတ္နဲ႔ရည္ရြယ္ၿပီး ပစ္ခတ္မႈျဖစ္ေနတာက ပထမဦးဆံုး ကၽြန္ေတာ္တုိ႔ တုိင္းျပည္မွာ တရားဥပေဒစိုးမိုးမႈနဲ႔ လံုၿခံဳမႈမရိွဘူးလို႔ ေျပာခ်င္တယ္။ ေနာက္တစ္ခုကေတာ့ ဦးကိုနီဆိုတာ သူ႔ရဲ႕ဥပေဒပညာနဲ႔ လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူ၊ လူ႔အခြင့္အေရး ေစာင့္ေရွာက္သူ တစ္ဦး ျဖစ္ပါတယ္။ ဒီလိုလုပ္ငန္းေတြမွာ လုပ္ေဆာင္ေနတဲ့သူတစ္ဦးကို ပစ္ခတ္သတ္ျဖတ္တာကေတာ့ တကယ့္ကို ရႈံ႕ခ်ဖို႔ေကာင္းတဲ့အရာျဖစ္ပါတယ္”ဟု Equality Myanmar ၏ Executive Director ဦးေအာင္မ်ိဳးမင္းက ေျပာသည္။
ယခုျဖစ္ရပ္ေၾကာင့္ လူ႔အခြင့္အေရး ကိစၥလုပ္ေဆာင္သူမ်ားအတြက္ အစိုးရအေနျဖင့္ ကာကြယ္ ေစာင့္ေရွာက္မႈ ေပးရန္ကိုလည္း ဦးေအာင္မ်ိဳးမင္းက တိုက္တြန္းလိုက္သည္။
“ေနာက္တစ္ခါ ကၽြန္ေတာ္တို႔ဆီမွာ မုန္းတီးမႈေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္ မေက်နပ္မႈေတြကို လက္နက္နဲ႔ေျဖရွင္းတဲ့၊ အၾကမ္းဖက္ေျဖရွင္းတာေတြက လံုးဝကို မရိွသင့္တဲ့အရာေတြျဖစ္တယ္။ ဒါေပမဲ့ အခုလိုမ်ိဳး ျဖစ္သြားျခင္းက ကၽြန္ေတာ္တို႔ ေနာက္ထပ္ရိွေနတဲ့ အထူးသျဖင့္ လူ႔အခြင့္အေရးကာကြယ္ ေစာင့္ေရွာက္ေနသူေတြရဲ႕ လံုၿခံဳေရးကေတာ့ တကယ့္ကို စိုးရိမ္စရာျဖစ္ပါတယ္။ အကယ္၍သာ ကၽြန္ေတာ္တို႔ တုိင္းျပည္မွာ တရားဥပေဒစိုးမိုးမႈမရိွရင္ လူ႔အခြင့္အေရးကိစၥ လုပ္ေဆာင္ေနသူေတြမွာ အသက္ေသရတဲ့ ထိခိုက္မႈေတြ ျဖစ္သြားႏိုင္တယ္။ ဒါေၾကာင့္ အခုလိုအျပစ္က်ဴးလြန္သူေတြကို အေရးယူတဲ့အျပင္ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြရဲ႕ လံုၿခံဳေရးကိုလည္း အစိုးရအေနနဲ႔ ကာကြယ္ေစာင့္ေရွာက္ထားေပးဖို႔ ေျပာလိုပါတယ္”ဟု Equality Myanmar ၏ Executive Director ဦးေအာင္မ်ိဳးမင္းက ေျပာသည္။
ႏုိင္ငံ၏ တရားဥပေဒစိုးမိုးေရးႏွင့္ လံုၿခံဳေရးအေျခအေနမွာ ၂၀၁၀ ခုႏွစ္အစိုးရ ဆင္းခါနီးအခ်ိန္ကတည္းက ေလ်ာ့ရဲလာသည္ဟု LNGO အဖြဲ႕ျဖစ္သည့္ ဒါန-ေရွ႕ေဆာင္ျမန္မာ၏ ဥကၠဌ ဦးခ်မ္းၿငိမ္းေအာင္က သံုးသပ္သည္။
“ကြ်န္ေတာ္တို႔ႏုိင္ငံရဲ႕ ျပည္တြင္းလံုၿခံဳေရးအေျခအေနက အရင္အစိုးရ ဦးသိန္းစိန္ဆင္းခါနီး အရပ္သားအစိုးရ တက္ခါနီး ကတည္းက သဲ့သဲ့ေလးလႈပ္ေနတာ။ M-150 ကိစၥေတြကအစ လက္နက္၊ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈေတြ တိုးတက္ေနတာေတြက နိုင္ငံသားေတြအတြက္ လံုျခံဳေရးဆိုင္ရာ အကာအကြယ္ကို ကၽြန္ေတာ္တို႔ ေမးခြန္္းထုတ္ကို ထုတ္ေနရတယ္။ အခုလို နိုင္ငံတစ္ခုရဲ႕ အဓိက ၿမိဳ႕ႀကီး တစ္ၿမိဳ႕၊ လံုျခံဳေရးအရ တင္းၾကပ္မႈ အျပည့္ ရွိသင့္တဲ့ ဒီလို အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ နိုင္ငံအေရးအရာမွာ တစ္ေထာင့္တစ္ေနရာ ပါ၀င္ေနသူတစ္ဦးကို ဘာအေၾကာင္းကိစၥနဲ႔ပဲျဖစ္ျဖစ္ ေပၚေပၚတင္တင္ လုပ္ၾကံသတ္ျဖတ္မႈဟာ ဘယ္လိုမွ လက္ခံလို႔ မရတဲ့ အေၾကာင္းအရာပဲ။ ၾကက္ငွက္ သတ္တယ္ ဆိုတာထက္ေတာင္ လြယ္ကူေနေသးတဲ့ ျဖစ္ရပ္ဟာ နိုင္ငံသားေတြအတြက္ အကာ အကြယ္ေပးတဲ့ national security and state security ကို အရပ္သားအစိုးရျဖစ္တဲ့ သမၼတႀကီးမွ ဦးေဆာင္ကာ လက္နက္ကိုင္ေကာ၊ ေထာက္လွမ္းေရးအျပင္ လံုျခံဳေရးနဲ႕ ဆက္ႏြယ္သူေတြအတူတကြ လက္တြဲလုပ္ေဆာင္သင့္ေနၿပီဗ်ာ။ ပရမ္းပတာ အထိန္းအကြပ္မမဲ့ေအာင္ စည္းကမ္းတက် လူထုနဲ႔ အတူတကြ ပူးေပါင္းလုပ္ေဆာင္္ဖို႔ လူထုေရြးခ်ယ္ထားတဲ့ အစုိးရအေနနဲ႔ တျခားေသာ စစ္တပ္၊ ရဲ နဲ႔ လံုျခံဳေရးတာ၀န္ရွိသူေတြ အားလံုး ပါသင့္ပါတယ္” ဟု ဦးခ်မ္းၿငိမ္းေအာင္က ေထာက္ျပသည္။
အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥပေဒအၾကံေပး ဦးကုိနီသည္ အင္ဒုိနီးရွား ႏုိင္ငံ ဂ်ကာတာၿမိဳ႕ႏွင့္ မာလူကူျပည္နယ္တုိ႔၌ ဇန္န၀ါရီလ (၂၂) ရက္မွ (၂၉) ရက္အထိ က်င္းပခဲ့ေသာ Senior Leadership Program ေလ့လာေရးခရီးမွ ဇန္နဝါရီလ (၂၉) ရက္ ညေန ၄ နာရီ မိနစ္ ၄၀ တြင္ ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္သို႔ ျပန္လည္ေရာက္ရိွစဥ္ ေသနတ္သမားတစ္ဦးက ဦးေခါင္းကုိ ေသနတ္ျဖင့္ အနီးကပ္ လုပ္ၾကံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေသနတ္ျဖင့္ပစ္သူအား ဝိုင္းဝန္းဖမ္းဆီးေပးသည့္ တကၠစီသမားလည္း လုပ္ႀကံသည့္ ေသနတ္သမားက ေသနတ္ျဖင့္ ပစ္ခံရ၍ ေသဆံုးသြားၿပီး အျခားဒဏ္ရာရသူမ်ားလည္း ရွိေၾကာင္း သိရသည္။
လက္ရိွတြင္ ေသနတ္ျဖင့္ပစ္ခတ္သူကို ရန္ကုန္တုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။
သတင္း - အင္မိုင္ခ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံရပြီးနောက် နိုင်ငံသားများနှင့်အတူ လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်နေသူများ၏ လုံခြုံရေးကိုပါ အစိုးရအနဖြေင့် စဉ်းစားသင့်ပြီဟု ထောက်ပြဝေဖန်လာကြသည်။
“နေ့ချင်းကြောင်တောင်မှာ လူတစ်ယောက်ကို သေနတ်နဲ့ရည်ရွယ်ပြီး ပစ်ခတ်မှုဖြစ်နေတာက ပထမဦးဆုံး ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုမရှိဘူးလို့ ပြောချင်တယ်။ နောက်တစ်ခုကတော့ ဦးကိုနီဆိုတာ သူ့ရဲ့ဥပဒေပညာနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး စောင့်ရှောက်သူ တစ်ဦး ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်တာကတော့ တကယ့်ကို ရှုံ့ချဖို့ကောင်းတဲ့အရာဖြစ်ပါတယ်”ဟု Equality Myanmar၏ Executive Director ဦးအောင်မျိုးမင်းက ပြောသည်။
ယခုဖြစ်ရပ်ကြောင့် လူ့အခွင့်အရေး ကိစ္စလုပ်ဆောင်သူများအတွက် အစိုးရအနဖြေင့် ကာကွယ် စောင့်ရှောက်မှု ပေးရန်ကိုလည်း ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်သည်။
“နောက်တစ်ခါ ကျွန်တော်တို့ဆီမှာ မုန်းတီးမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်မှုတွေကို လက်နက်နဲ့ဖြေရှင်းတဲ့၊ အကြမ်းဖက်ဖြေရှင်းတာတွေက လုံးဝကို မရှိသင့်တဲ့အရာတွဖြေစ်တယ်။ ဒါပေမဲ့ အခုလိုမျိုး ဖြစ်သွားခြင်းက ကျွန်တော်တို့ နောက်ထပ်ရှိနေတဲ့ အထူးသဖြင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်နေသူတွေရဲ့ လုံခြုံရေးကတော့ တကယ့်ကို စိုးရိမ်စရာဖြစ်ပါတယ်။ အကယ်၍သာ ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိရင် လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်နေသူတွေမှာ အသက်သေရတဲ့ ထိခိုက်မှုတွေ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် အခုလိုအပြစ်ကျူးလွန်သူတွေကို အရေးယူတဲ့အပြင် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့ လုံခြုံရေးကိုလည်း အစိုးရအနေနဲ့ ကာကွယ်စောင့်ရှောက်ထားပေးဖို့ ပြောလိုပါတယ်”ဟု Equality Myanmar၏ Executive Director ဦးအောင်မျိုးမင်းက ပြောသည်။
နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအခြေအနေမှာ ၂၀၁၀ ခုနှစ်အစိုးရ ဆင်းခါနီးအချိန်ကတည်းက လျော့ရဲလာသည်ဟု LNGO အဖွဲ့ဖြစ်သည့် ဒါန-ရှေ့ဆောင်မြန်မာ၏ ဥက္ကဌ ဦးချမ်းငြိမ်းအောင်က သုံးသပ်သည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေးအခြေအနေက အရင်အစိုးရ ဦးသိန်းစိန်ဆင်းခါနီး အရပ်သားအစိုးရ တက်ခါနီး ကတည်းက သဲ့သဲ့လေးလှုပ်နေတာ။ M-150 ကိစ္စတွေကအစ လက်နက်၊ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတွေ တိုးတက်နေတာတွေက နိုင်ငံသားတွေအတွက် လုံခြုံရေးဆိုင်ရာ အကာအကွယ်ကို ကျွန်တော်တို့ မေးခွန်းထုတ်ကို ထုတ်နေရတယ်။ အခုလို နိုင်ငံတစ်ခုရဲ့ အဓိက မြို့ကြီး တစ်မြို့၊ လုံခြုံရေးအရ တင်းကြပ်မှု အပြည့် ရှိသင့်တဲ့ ဒီလို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံအရေးအရာမှာ တစ်ထောင့်တစ်နေရာ ပါဝင်နေသူတစ်ဦးကို ဘာအကြောင်းကိစ္စနဲ့ပဲဖြစ်ဖြစ် ပေါ်ပေါ်တင်တင် လုပ်ကြံသတ်ဖြတ်မှုဟာ ဘယ်လိုမှ လက်ခံလို့ မရတဲ့ အကြောင်းအရာပဲ။ ကြက်ငှက် သတ်တယ် ဆိုတာထက်တောင် လွယ်ကူနေသေးတဲ့ ဖြစ်ရပ်ဟာ နိုင်ငံသားတွေအတွက် အကာ အကွယ်ပေးတဲ့ national security and state security ကို အရပ်သားအစိုးရဖြစ်တဲ့ သမ္မတကြီးမှ ဦးဆောင်ကာ လက်နက်ကိုင်ကော၊ ထောက်လှမ်းရေးအပြင် လုံခြုံရေးနဲ့ ဆက်နွယ်သူတွေအတူတကွ လက်တွဲလုပ်ဆောင်သင့်နပြေီဗျာ။ ပရမ်းပတာ အထိန်းအကွပ်မမဲ့အောင် စည်းကမ်းတကျ လူထုနဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ လူထုရွေးချယ်ထားတဲ့ အစိုးရအနေနဲ့ တခြားသော စစ်တပ်၊ ရဲ နဲ့ လုံခြုံရေးတာဝန်ရှိသူတွေ အားလုံး ပါသင့်ပါတယ်” ဟု ဦးချမ်းငြိမ်းအောင်က ထောက်ပြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့နှင့် မာလူကူပြည်နယ်တို့၌ ဇန်နဝါရီလ (၂၂) ရက်မှ (၂၉) ရက်အထိ ကျင်းပခဲ့သော Senior Leadership Program လေ့လာရေးခရီးမှ ဇန်နဝါရီလ (၂၉) ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် သေနတ်သမားတစ်ဦးက ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်သူအား ဝိုင်းဝန်းဖမ်းဆီးပေးသည့် တက္ကစီသမားလည်း လုပ်ကြံသည့် သေနတ်သမားက သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားပြီး အခြားဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။
လက်ရှိတွင် သေနတ်ဖြင့်ပစ်ခတ်သူကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားကြောင်း သိရသည်။
သတင်း - အင်မိုင်ခ