တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သူ၏ မန္တလေးလိပ်စာအရ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်း၏နေရပ်လိပ်စာကို အတည်မပြုနိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ လုပ်ကြံသူ၏ နေရပ်လိပ်စာအား အတည်မပြုနိုင်သေးသော်လည်း မန္တလေးမြို့မှ မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဟန်ထွန်းက ဇန်နဝါရီလ (၃၀)ရက်နေ့၏ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။
လုပ်ကြံသူအား ပြည်သူများပူးပေါင်းမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါ တရားခံ ကိုင်ဆောင်ထားသော မှတ်ပုံတင်လိပ်စာတွင် မန္တလေးမြို့ဟု ဖော်ပြထားသည့်အတွက် ဇန်နဝါရီလ (၂၉)ရက်ညတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လိပ်စာအရ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သတင်း - ရွှေဇော်
အဆိုပါ လုပ်ကြံသူ၏ နေရပ်လိပ်စာအား အတည်မပြုနို်င်သေးသော်လည်း မန္တလေးမြို့မှ မဟုတ်ကြောင်း မန္တလေးတို်င်းဒေသကြီး ရဲတပ်ဖွဲ့မှူးဟန်ထွန်းက ဇန်နဝါရီလ (၃၀)ရက်နေ့၏ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားလိုက်ခြင်းဖြစ်သည်။
''လူတော်တော်များများက မန္တလေးကလူ ရန်ကုန်ကိုသွားပြီး ပြစ်မှုကျူးလွန်တယ်ဆိုပြီး ပြောဆိုနကြေ တာတွေကြောင့် တရားခံဟာ မန္တလေးက မဟုတ်ဘူးဆိုတာ အတည်ပြုပေးရတာပါ။ တရားခံကို ရန်ကုန်ကသာ စစ်ဆေးတာမို့ နောက်ထပ် အကြောင်းအရာတွေ ထပ်ပြီးသိရရင် တရားဝင် ထုတ်ပြန်သွားမှာဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်း က ဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲအား ဇန်နဝါရီလ (၃၀) ရက် နံနက် (၁၁) နာရီ (၃၀)မိနစ်က မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခြင်းဖြစ်သည်။
ဇန်နဝါရီလ (၂၉)ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြည်ပခရီးစဉ်မှ ပြန်ရောက်လာသည့် တရားလွှတ်တော်ရှေ့နေဦးကိုနီအား သေနတ်သမားတစ်ဦးက အနီးကပ် လုပ်ကြံသွားသဖြင့် ဦးကိုနီ အပါအဝင် တရားခံကို ဝိုင်းဝန်းဖမ်းဆီးပေးသည့် တက္ကစီမောင်းသူတစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခြင်း ဖြစ်သည်။
လုပ်ကြံသူအား ပြည်သူများပူးပေါင်းမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးနို်င်ခဲ့ပြီး အဆိုပါ တရားခံ ကိုင်ဆောင်ထားသော မှတ်ပုံတင်လိပ်စာတွင် မန္တလေးမြို့ဟု ဖော်ပြထားသည့်အတွက် ဇန်နဝါရီလ (၂၉)ရက်ညတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က လိပ်စာအရ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မှတ်ပုံတင်သည် ၂၀၀၀ ခုနှစ်ဝန်းကျင်က ထုတ်ပေးထားခြင်းဖြစ်သော်လည်း မှတ်ပုံတင်ပါ လိပ်စာအတိုင်း နေထိုင်ခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၃၀)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
သတင်း - ရွှေဇော်