ၿမိဳ႕နယ္အားကစားဖြံ႔ၿဖိဳးတိုးတက္ေရး(TSDP) အစီအစဥ္အရ ျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴးဖလား ၿမိဳ႕နယ္ေပါင္းစုံ အားကစားၿပိဳင္ပြဲမ်ား ဖြင့္ပြဲအခမ္းအနားကို ဇန္န၀ါရီလ (၂၁)ရက္ စေနေန ့ ေန႔လယ္ (၂)နာရီက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရွိ ျပည္နယ္အားကစားကြင္းတြင္ ျပဳလုပ္သည္။
"အခုလို ၿပိဳင္ပြဲက်င္းပရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ရွမ္းျပည္နယ္အတြင္းမွာရိွတဲ့ ၿမိဳ႕နယ္တိုင္းက လူငယ္မ်ိဳးဆက္သစ္အားကစားသမားေတြ ေမြးထုတ္ေပးႏိုင္ဖို ့ ၿမိဳ႕နယ္အားကစား အဆင့္အတန္း ျမင့္မားေရး၊ လူငယ္ေတြ အခ်င္းခ်င္း ခ်စ္ခင္စည္းလုံးၿပီး က်န္းမာႀကံ႕ခိုင္တဲ့ လူငယ္ေတြအျဖစ္ ရွမ္းျပည္နယ္ရဲ႕အားကစားက႑ တိုးတက္လာေစဖို ့ ျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက ေျပာသည္။
အဆိုပါ အခမ္းအနားတြင္ အားကစားၿပိဳင္ပြဲ ရန္ပုံေငြ က်ပ္သိန္း(၁၇၀)အား ခရိုင္အားကစားႏွင့္ ကာယပညာဦးစီးဌာနသုိ႔ လည္းေကာင္း၊ အားကစားပစၥည္းမ်ားအား က်ိဳင္းတုံတကၠသိုလ္၊ ကြန္ပ်ဴတာတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊ သူနာျပဳသင္တန္းေက်ာင္းႏွင့္ ပညာေရးေကာလိပ္မ်ားသို႔လည္းေကာင္း ေပးအပ္ခဲ့သည္။
ၿပိဳင္ပြဲတြင္ ေဘာလုံး၊ ပိုက္ေက်ာ္ျခင္း၊ ၾကက္ေတာင္ရိုက္၊ ေျပးခုန္ပစ္ႏွင့္ မီနီမာရသြန္ စသည့္ အားကစားနည္း (၅)မ်ိဳးကို ဇန္န၀ါရီလ (၁၉)ရက္ေန႔မွ (၂၉)ရက္ေန ့အထိ က်င္းပမည္ျဖစ္ၿပီး ရွမ္းျပည္နယ္ (အေရွ ့ပို္င္း) ရိွ က်ိဳင္းတုံခရိုင္၊ တာခ်ီလိတ္ခရိုင္ႏွင့္ မိုင္းဆတ္ခရိုင္တို႔ရိွ ၿမိဳ႕နယ္(၉)ခုမွ အားကစားသမားမ်ား ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဖြင့္ပြဲေန႔ ေဘာလုံးပြဲစဥ္မ်ားထဲမွ ပြဲစဥ္(၅)ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕နယ္အသင္းႏွင့္ မိုင္းဆတ္ၿမိဳ႕နယ္ အသင္းတို ့ယွဥ္ၿပိဳင္ခဲ့ၾကရာ တစ္ဖက္(၂)ဂိုးစီျဖင့္ သေရက်ခဲ့သည္။
အဆိုပါ အခမ္းအနားသို ့ရွမ္းျပည္နယ္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္မွ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး၊ အာခါတိုင္းရင္းသားေရးရာ၀န္ႀကီး ဦးအာေဗလ၊ ျပည္နယ္ဒုတိယ အုပ္ခ်ဳပ္ေရးမွဴး ဦးေကာင္းစံဦး၊ အားကစားႏွင့္ ကာယပညာဦးစီးဌာန ေနျပည္ေတာ္မွ ဒုတိယ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးသက္လြင္ႏွင့္ ဌာနဆိုင္ရာမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ တာ၀န္ရိွသူမ်ားႏွင့္ အားကစား၀ါသနာရွင္မ်ား တက္ေရာက္ခဲ့ၾကသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္
မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး(TSDP) အစီအစဉ်အရ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက် စနေနေ့ နေ့လယ် (၂)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်အားကစားကွင်းတွင် ပြုလုပ်သည်။
"အခုလို ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်တိုင်းက လူငယ်မျိုးဆက်သစ်အားကစားသမားတွေ မွေးထုတ်ပေးနိုင်ဖို့ မြို့နယ်အားကစား အဆင့်အတန်း မြင့်မားရေး၊ လူငယ်တွေ အချင်းချင်း ချစ်ခင်စည်းလုံးပြီး ကျန်းမာကြံ့ခိုင်တဲ့ လူငယ်တွေအဖြစ် ရှမ်းပြည်နယ်ရဲ့အားကစားကဏ္ဍ တိုးတက်လာစေဖို့ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
အဆိုပါ အခမ်းအနားတွင် အားကစားပြိုင်ပွဲ ရန်ပုံငွေ ကျပ်သိန်း(၁၇၀)အား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ လည်းကောင်း၊ အားကစားပစ္စည်းများအား ကျိုင်းတုံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်များသို့လည်းကောင်း ပေးအပ်ခဲ့သည်။
ပြိုင်ပွဲတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ ပြေးခုန်ပစ်နှင့် မီနီမာရသွန် စသည့် အားကစားနည်း (၅)မျိုးကို ဇန်နဝါရီလ (၁၉)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ရှမ်းပြည်နယ် (အရှေ့ပို်င်း) ရှိ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့ရှိ မြို့နယ်(၉)ခုမှ အားကစားသမားများ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲနေ့ ဘောလုံးပွဲစဉ်များထဲမှ ပွဲစဉ်(၅)ဖြစ်သည့် တာချီလိတ်မြို့နယ်အသင်းနှင့် မိုင်းဆတ်မြို့နယ် အသင်းတို့ယှဉ်ပြိုင်ခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီဖြင့် သရေကျခဲ့သည်။
အဆိုပါ အခမ်းအနားသို့ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလ၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန နပြေည်တော်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - #ဇွဲမြတ်