ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား အဖွဲ့ဝင် (၂၂)ဦးဖြင့် ဇန်န၀ါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက အောင်မြင်စွာ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
တာလေမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ဖွဲ့စည်းရာတွင် တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူမှ တက်ရောက်ပြီး အဖွင့်အမှာစကားနှင့်အတူ အားပေးစကားပြောကြားပြီးနောက် အဖွဲ့တွင် အလုပ်အမှုဆောင် အဖြစ် ပါဝင်ရွေးချယ်ခံမည့် သူများက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြပြီး မဲစနစ်ဖြင့် ရွေးချယ်လိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
"တာလေမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ထဲမှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်းပါသလို အုပ်ချုပ်ရေးမှူးတွေ မဟုတ်တဲ့ သူတွေလည်း ပါဝင်လာကြပါတယ်။ အခုလို ဖွဲ့စည်းမယ်ဆိုတော့ ရွာတိုင်းလိုလိုက တော်တော်များများ ရောက်လာကြပါတယ်"ဟု တာလေမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။
တာလေမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား အလုပ်အမှုဆောင် ကော်မတီများဖြင့် ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာစွာဖြင့် မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြရာ တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်အား ဥက္ကဌအဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဌ အဖြစ် မိုင်းလင်း(အနောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းရီတစ်အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီအား လည်းကောင်း၊ ဘဏ္ဍာထိန်းသိမ်းရေးဥက္ကဌ အဖြစ် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုင်းရှန်အား လည်းကောင်း၊ ဘဏ္ဍာထိန်းသိမ်းရေး ဒုဥက္ကဌ အဖြစ် ဦးစိုင်းနွံအား လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ အဖြစ် မိုင်းလင်းကျန်းမာရေးမှူး ဦးခွန်မောင်မောင်ထွေးအား လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရေး ဒုဥက္ကဌ အဖြစ် ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်ထွေးအား လည်းကောင်း ၊ အသီးသီးရွေးချယ်ခဲ့ကြပြီး တာလေမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား စာရင်းကိုင်၊ စာရင်းစစ် နှင့် လူငယ်ခေါင်းဆောင် အဖွဲ့ဝင်များ အပါအ၀င် (၂၂)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များတွင် ကျေးရွာနှင့်ရပ်ကွက်များမှ ရပ်မိရပ်ဖများ ပါဝင်ကြောင်း သိရသည်။
တာလေမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေရရှိရေးအတွက်လည်း ပွဲလမ်းသဘင်များတွင် ထည့်ဝင်ကြဖို့ကိုလည်း သဘောတူညီထားကြကြောင်း သိရသည်။
"အခု ဥက္ကဌ တာဝန်စယူတာနဲ့ စာပေနှင့်ယဉ်ကျေးမှု့ ရန်ပုံငွေရဖို့အတွက် ရွာတိုင်းမှာရှိလာမဲ့ အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ ရှင်ပြုပွဲ နဲ့ အခြားပွဲတွေအားလုံး ပြုလုပ်တဲ့ အချိန်ကြရင် စာပေနှင့်ယဉ်ကျေးမှု့ရန်ပုံငွေအတွက် စာအိတ်တစ်အိတ်ကူညီပေးကြဖို့ပြောလိုက်တာ အားလုံးသဘောတူကြပါတယ်"ဟု တာလေမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။
တာလေမြို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား စတင်ဖွဲ့စည်းသည့် အခမ်းအနားသို့ တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ နှင့် တာလေမြို့ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ (၃၂)ရွာမှ ရွာသူကြီးများ ၊ ရာအိမ်မှူး၊ ရွာအိမ်ခေါင်း စုစုပေါင်း (၈၀)ကျော် တက်ရောက်လာခဲ့ကြောင်း သိရသည်။
တာလေမြို့သည် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်သော မြို့ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - သန့်ဇင်လတ်
"တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းဖြစ်လိုက်တာက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကလည်း စိတ်ပါသလို ဒေသခံတွေကလည်း စိတ်ပါကြလို့ ဖွဲ့စည်းဖြစ်တာပါ။ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အောက်ကပဲ သွားမှာပါ။ အခုလောလောဆယ် အဖွဲ့ဝင် (၂၂)ဦးနဲ့ ဖွဲ့စည်းထားပါတယ်"ဟု ဥက္ကဌအဖြစ် ရွေးချယ်ခံရသူ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ် က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ဖွဲ့စည်းရာတွင် တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူမှ တက်ရောက်ပြီး အဖွင့်အမှာစကားနှင့်အတူ အားပေးစကားပြောကြားပြီးနောက် အဖွဲ့တွင် အလုပ်အမှုဆောင် အဖြစ် ပါဝင်ရွေးချယ်ခံမည့် သူများက ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကြပြီး မဲစနစ်ဖြင့် ရွေးချယ်လိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
"တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ထဲမှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေလည်းပါသလို အုပ်ချုပ်ရေးမှူးတွေ မဟုတ်တဲ့ သူတွေလည်း ပါဝင်လာကြပါတယ်။ အခုလို ဖွဲ့စည်းမယ်ဆိုတော့ ရွာတိုင်းလိုလိုက တော်တော်များများ ရောက်လာကြပါတယ်"ဟု တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။
တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား အလုပ်အမှုဆောင် ကော်မတီများဖြင့် ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာစွာဖြင့် မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြရာ တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်အား ဥက္ကဌအဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဌ အဖြစ် မိုင်းလင်း(အနောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းရီတစ်အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီအား လည်းကောင်း၊ ဘဏ္ဍာထိန်းသိမ်းရေးဥက္ကဌ အဖြစ် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုင်းရှန်အား လည်းကောင်း၊ ဘဏ္ဍာထိန်းသိမ်းရေး ဒုဥက္ကဌ အဖြစ် ဦးစိုင်းနွံအား လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌ အဖြစ် မိုင်းလင်းကျန်းမာရေးမှူး ဦးခွန်မောင်မောင်ထွေးအား လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရေး ဒုဥက္ကဌ အဖြစ် ကျိုင်းလပ်မြို့ နမ့်ခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်ထွေးအား လည်းကောင်း၊ အသီးသီးရွေးချယ်ခဲ့ကြပြီး တာလမြေို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား စာရင်းကိုင်၊ စာရင်းစစ် နှင့် လူငယ်ခေါင်းဆောင် အဖွဲ့ဝင်များ အပါအဝင် (၂၂)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များတွင် ကျေးရွာနှင့်ရပ်ကွက်များမှ ရပ်မိရပ်ဖများ ပါဝင်ကြောင်း သိရသည်။
တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေရရှိရေးအတွက်လည်း ပွဲလမ်းသဘင်များတွင် ထည့်ဝင်ကြဖို့ကိုလည်း သဘောတူညီထားကြကြောင်း သိရသည်။
"အခု ဥက္ကဌ တာဝန်စယူတာနဲ့ စာပေနှင့်ယဉ်ကျေးမှု့ ရန်ပုံငွေရဖို့အတွက် ရွာတိုင်းမှာရှိလာမဲ့ အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ ရှင်ပြုပွဲ နဲ့ အခြားပွဲတွေအားလုံး ပြုလုပ်တဲ့ အချိန်ကြရင် စာပေနှင့်ယဉ်ကျေးမှု့ရန်ပုံငွေအတွက် စာအိတ်တစ်အိတ်ကူညီပေးကြဖို့ပြောလိုက်တာ အားလုံးသဘောတူကြပါတယ်"ဟု တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။
တာလမြေို့ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား စတင်ဖွဲ့စည်းသည့် အခမ်းအနားသို့ တာလမြေို့ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ နှင့် တာလမြေို့ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ (၃၂)ရွာမှ ရွာသူကြီးများ၊ ရာအိမ်မှူး၊ ရွာအိမ်ခေါင်း စုစုပေါင်း (၈၀)ကျော် တက်ရောက်လာခဲ့ကြောင်း သိရသည်။
တာလမြေို့သည် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်သော မြို့ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - သန့်ဇင်လတ်