တာလေမြို့တွင် လွှတ်တော်ရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ရာ ပြည်သူပူးပေါင်း ပါဝင်မှုကြောင့် သတ်မှတ်ထားသည်ထက် ပိုမို ဆောင်ရွက်နိုင်ခဲ့
တာလေမြို့တွင် လွှတ်တော်ရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ရာ ပြည်သူပူးပေါင်း ပါဝင်မှုကြောင့် သတ်မှတ်ထားသည်ထက် ပိုမို ဆောင်ရွက်နိုင်ခဲ့
ဇနျနဝါရီ 22, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် လမ်းပိုင်းများ အဆင့်မြှင့်ဖောက်လုပ်ရာတွင် ရွာသူ၊ ရွာသားများ ပူးပေါင်းပါဝင်မှုကြောင့် လျာထားသတ်မှတ်ချက်ထက် ပိုမိုဆောင်ရွက်နိုင်သဖြင့် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
အဆိုပါ လမ်း(၅)လမ်းအား အဆင့်မြှင့်တင်ရန်အတွက် တစ်လမ်းလျှင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၅၀)ချထား ပေးသော်လည်း ဒေသခံများက ဒေသတွင်း လမ်းပိုင်း ပြင်ဆင်ရာတွင် လုပ်အားခလျှော့ယူကာ လမ်းအတွက် ရန်ပုံငွေပြန်ထည့်ခြင်း၊ အလှူငွေထည့်ဝင်သူများရှိခြင်း တို့ကြောင့် လျာထားလမ်းမိုင်ထက် ကျော်လွန်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းများအား လွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ကို ဒေသခံများကို ရှင်းလင်း အသိပေးပြီးနောက် ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာခြင်းဖြစ်ပြီး ယခင်ကလည်း လွှတ်တော် ရန်ပုံငွေဖြင့် ကျေးရွာလမ်းတံတားများ ပြုပြင်ခြင်းရှိသော်လည်း ရွာသူရွာသားများကို ရှင်းလင်းပြောကြား အသိပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် တာဝန်ရှိသူများသည် လမ်းပိုင်း အဆင့်မြှင့်မှုများ ဆောင်ရွက်မှုအဖြစ် ကွန်ကရစ်လမ်းခင်းထားသည့် တာလေမြို့ရှိ ရပ်ကွက်(၂) စံပယ်လမ်း၊ ရပ်ကွက်(၄)ရှိ လုတောင်းမိုင်ရွာမှ ပိတောက်လမ်း၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုရှိ လွန်းကျိုင်း - ၀ိန်းလန်း - ဖကန် ကျေးရွာချင်းဆက်လမ်း၊ မိုင်းလင်း(နောက်)ရှိ မိုင်းလင်း - ကော်ကော့ကျေးရွာလမ်းနှင့် နားယောင်း ကျေးရွာအုပ်စုရှိ ၀မ်ဆာရွာအ၀င်လမ်းတို့အား ဇန်နဝါရီလ (၂၂) ရက်တွင် စစ်ဆေးခဲ့ရာ  တာလေမြို့ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ အပါအ၀င် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ဓာတ်ပုံ - စိုင်းတွီ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလမြေို့ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်ထောင်စု လွှတ်တော် ရန်ပုံငွဖြေင့် လမ်းပိုင်းများ အဆင့်မြှင့်ဖောက်လုပ်ရာတွင် ရွာသူ၊ ရွာသားများ ပူးပေါင်းပါဝင်မှုကြောင့် လျာထားသတ်မှတ်ချက်ထက် ပိုမိုဆောင်ရွက်နိုင်သဖြင့် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
"လမ်း(၅)ခုလုံး စစ်ဆေးခဲ့တဲ့အခါမှာ စံချိန်ပြည့်မီတဲ့အပြင် ပြည်ထောင်စုရန်ပုံငွေကိုလည်း ပြည့်ပြည့်ဝဝ နဲ့ လုံလောက်အောင် သုံးထားတယ်။ ရွာသူ၊ ရွာသားတွေရဲ့ ထည့်ဝင်မှုများကြောင့် လမ်းတွေ ပိုမို ခင်းနိုင်ခဲ့တယ်။ ဒီလမ်းတစ်လမ်းတော့ ဘယ်လောက် ကုန်ကျပါတယ်ဆိုတာကို တွက်ချက်ပေးမယ့်အပြင် ပေးထားတဲ့ သိန်း(၅၀)ထက် ပိုမိုပြီးတော့ လုပ်နိုင်တဲ့အတွက်လည်း ပြည်ထောင်စုလွှတ်တော်ကို တင်ပြပေးသွားမယ်"ဟု တာချီလိတ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက ပြောသည်။
အဆိုပါ လမ်း(၅)လမ်းအား အဆင့်မြှင့်တင်ရန်အတွက် တစ်လမ်းလျှင် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း(၅၀)ချထား ပေးသော်လည်း ဒေသခံများက ဒေသတွင်း လမ်းပိုင်း ပြင်ဆင်ရာတွင် လုပ်အားခလျှော့ယူကာ လမ်းအတွက် ရန်ပုံငွပြေန်ထည့်ခြင်း၊ အလှူငွေထည့်ဝင်သူများရှိခြင်း တို့ကြောင့် လျာထားလမ်းမိုင်ထက် ကျော်လွန်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ရွာသားတွေက သူတို့ရွာအတွက် သူတို့ စိုက်ထုတ်ရတာကို ကျေနပ်ကြတယ်။ ကိုယ်တိုင်ပါဝင်လုပ်ကြတော့ လုပ်အားခတွေ မကုန်တော့ဘူး။ ကုန်မယ့် လုပ်အားခတွေက ဒီလမ်းထဲကို ရောက်သွားတော့ လမ်းကို သူတို့ လိုသလို တိုးချဲ့လို့ ရသွားတာပေါ့။ လွှတ်တော်ရန်ပုံငွေနဲ့ သူတို့ရွာလမ်းကို လုပ်ပေးတာဖြစ်တဲ့တွက် သူတို့လည်း အလွဲသုံးစားမျိုး လုပ်တာ မဟုတ်ဘဲနဲ့ ဘိလပ်မြေတို့၊ ကျောက်၊ သံ လှူတာတွေတို့တောင် အများကြီးပေါ်လာတော့ သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး ခင်းထားတာတွေကို တွေ့ခဲ့ရပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ လမ်းများအား လွှတ်တော်ရန်ပုံငွဖြေင့် ဆောင်ရွက်မည်ကို ဒေသခံများကို ရှင်းလင်း အသိပေးပြီးနောက် ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာခြင်းဖြစ်ပြီး ယခင်ကလည်း လွှတ်တော် ရန်ပုံငွဖြေင့် ကျေးရွာလမ်းတံတားများ ပြုပြင်ခြင်းရှိသော်လည်း ရွာသူရွာသားများကို ရှင်းလင်းပြောကြား အသိပေးခြင်း မရှိခဲ့ကြောင်း သိရသည်။
"လွှတ်တော်ရန်ပုံငွေအဖြစ် ရလာတဲ့ ကျပ်သိန်း(၅၀)နဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ရွာသူ၊ ရွာသားတွေနဲ့ တွေ့ပြီး ရှင်းပြတယ်။ တချို့ကလည်း တစ်ရက်လုပ်အားခ ဘတ်(၂၀၀)ဆိုရင် ဘတ်(၁၀၀)ပဲ ယူပြီး လုပ်ပေးမယ်တို့ မျိုးစုံရှိလာပါတယ်။ လမ်းခင်းတဲ့အခါမှာလည်း တစ်ဝက်တစ်ပျက် ကျန်နေတဲ့ လမ်းတွေ ဆိုရင် တတ်နိုင်တဲ့သူတွေ တစ်ယောက် ဘယ်လောက် စုပေါင်းပြီး အပြည့်လုပ်မယ် စသည်ဖြင့် လုပ်လာကြတဲ့အတွက် လမ်းတွေဟာ သတ်မှတ်ထားတာထက် ကျော်လွန်ပြီး ခင်းနိုင်ခဲ့ကြတာပါ။ တစ်ရွာနဲ့ တစ်ရွာတော့ မတူပေမဲ့ အဓိက ကတော့ ရွာသူ၊ရွာသားများ ပူးပေါင်း ပါဝင်လာမှုကြောင့်ပါ"ဟု တာလမြေို့ ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီက ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် တာဝန်ရှိသူများသည် လမ်းပိုင်း အဆင့်မြှင့်မှုများ ဆောင်ရွက်မှုအဖြစ် ကွန်ကရစ်လမ်းခင်းထားသည့် တာလမြေို့ရှိ ရပ်ကွက်(၂) စံပယ်လမ်း၊ ရပ်ကွက်(၄)ရှိ လုတောင်းမိုင်ရွာမှ ပိတောက်လမ်း၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စုရှိ လွန်းကျိုင်း - ဝိန်းလန်း - ဖကန် ကျေးရွာချင်းဆက်လမ်း၊ မိုင်းလင်း(နောက်)ရှိ မိုင်းလင်း - ကော်ကော့ကျေးရွာလမ်းနှင့် နားယောင်း ကျေးရွာအုပ်စုရှိ ဝမ်ဆာရွာအဝင်လမ်းတို့အား ဇန်နဝါရီလ (၂၂) ရက်တွင် စစ်ဆေးခဲ့ရာ တာလမြေို့ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ အပါအဝင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ဓာတ်ပုံ - စိုင်းတွီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~