တာချီလိတ်သို့ ထိုင်းမှ လွှဲပြောင်းလာရာတွင် မူးယစ်မှုဖြင့် နှစ်ကြီးသမားများလည်း ပါဝင်

တာချီလိတ်သို့ ထိုင်းမှ လွှဲပြောင်းလာရာတွင် မူးယစ်မှုဖြင့် နှစ်ကြီးသမားများလည်း ပါဝင်
ဇန်နဝါရီ 23, 2017
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသော တရားမ၀င် ရွှေ့ပြောင်းမြန်မာလုပ်သားများနှင့် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အပါအ၀င် မြန်မာနိုင်ငံသား (၁၂)ဦးအား ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူများမှ လွှဲပြောင်းပေးလာကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက ဇန်န၀ါရီလ(၂၃)ရက်နေ့ နေ့လယ်ပိုင်းက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားတွင် လာရောက်လွှဲပြောင်းလာရာ မြန်မာနိုင်ငံသား အမျိုးသား(၉)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၂)ဦး ဖြစ်ပြီး၊ ထိုသို့ လွှဲပြောင်းလာမှုကို မြန်မာဘက် တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။

"အခု လွှဲလာတဲ့ (၁၂)ဦးထဲမှာ ထောင်နှစ်ကြီးသမား (၂)ယောက်ပါတယ်၊ မူးယစ်ဆေးဝါးအမှုနဲ့ (၁၀)နှစ်ကျပြီး လွတ်ငြိမ်းနဲ့ ပြန်ပါလာတွေလည်း ပါတယ်"ဟု မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၇ခုနှစ် ဇန်န၀ါရီလအတွင်း၌ ယခုလို ထိုင်းဘက်မှ လာရောက်လွှဲပြောင်းမှုများ ပြုလုပ်ရာတွင် (၁၀)ကြိမ်ရှိပြီ ဖြစ်ပြီး လူဦးရေ (၁၁၂)ဦးအား လွှဲပြောင်းလာခဲ့ပြီးကြောင်းနှင့် ဇန်န၀ါရီလ(၃၀)ရက်နေ့တွင်လည်း ထပ်မံ၍ လွှဲပြောင်းလာဖို့ ရှိသေးကြောင်း သိရှိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းွိုင်ငံအတွင်း ဖမ်းဆီးရမိသော တရားမဝင် ရေ်ပြောင်းမြန်မာလုပ်သားများွှင့် လွတ်4ဣငိမ်းချမ်းသာဖြင့် လွတ်မြောက်လာသည့် မြန်မွာိုင်ငံသား အပါအဝင် မြန်မွာိုင်ငံသား (၁၂)ဦးအား ထိုင်းွိုင်ငံဘက်က တာဝန်ရှိသူများမှ လဲပြောင်းပေးလာဪေကာင်း သိရသည်။

ထိုင်းွိုင်ငံဘက်မှ တာဝန်ရှိသူများက ဇန်နဝါရီလ(၂၃)ရက်နေဈ နေဈလယ်ပိုင်းက မြန်မာ - ထိုင်း ချစ်ဪကည်ရေး အမှတ်(၂) တံတားတွင် လာရောက်လဲပြောင်းလာရာ မြန်မွာိုင်ငံသား အမျှိးသား(၉)ဦးွှင့် အမျှိးသမီး(၃)ဦး စုစုပေါင်း (၁၂)ဦး ဖြစ်4ဣပီး၊ ထိုသိုဈ လဲပြောင်းလာမဪ ဦဦကို မြန်မာဘက် တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ဪကသည်။

"အခု လဲလာတဲ့ (၁၂)ဦးထဲမှာ ထောငွှ်စ် Kှုကီးသမား (၂)ယောက်ပါတယ်၊ မူးယစ်ဆေးဝါးအမဪ ဦဦနဲဈ (၁၀)ွှစ်ကျ4ဣပီး လွတ်4ဣငိမ်းနဲဈ ပြန်ပါလာတွေလည်း ပါတယ်"ဟု မြန်မာဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၇ခွှုစ် ဇန်နဝါရီလအတွင်း၌ ယခုလို ထိုင်းဘက်မှ လာရောက်လဲပြောင်းမဪ ဦဦများ ပြှလုပ်ရာတွင် (၁၀) Kှုကိမ်ရှိ4ဣပီ ဖြစ်4ဣပီး လူဦးရေ (၁၁၂)ဦးအား လဲပြောင်းလာခဲ့4ဣပီးဪေကာင်းွှင့် ဇန်နဝါရီလ(၃၀)ရက်နေဈတွင်လည်း ထပ်မံ၍ လဲပြောင်းလာဖိုဈ ရှိသေးဪေကာင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~