ခ်င္းရိုင္းခရိုင္အတြင္း တရားမ၀င္သြားေရာက္သူမ်ားကို ဖမ္းဆီးၿပီး တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း

ခ်င္းရိုင္းခရိုင္အတြင္း တရားမ၀င္သြားေရာက္သူမ်ားကို ဖမ္းဆီးၿပီး တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္း
ဇန်နဝါရီ 31, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ အတြင္း ဖမ္းဆီးရမိသည့္ တရားမ၀င္ေရြ႕ေျပာင္း ျမန္မာႏိုင္ငံသားႏွင့္ ရက္ေက်ာ္ ေနထိုင္သူမ်ားအား တာခ်ီလိတ္သို႔ ဇန္န၀ါရီလ(၃၁)ရက္ေန႔က လႊဲေျပာင္းေပးရာတြင္ အမ်ဳိးသား၊ အမ်ဳိးသမီး စုစုေပါင္း (၁၁)ဦး ရွိေၾကာင္း သိရသည္။

ထိုင္းရဲလ၀ကမ်ားမ်ားမွ ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္အတြင္း ဖမ္းဆီးရမိသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အမ်ဳိးသား(၂)ဦး ႏွင့္ အမ်ဳိးသမီး(၂)ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ အမ်ဳိးသား(၃)ဦး ႏွင့္အမ်ဳိးသမီး(၂)ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ အမ်ဳိးသမီး (၁)ဦး ႏွင့္ မႏၱေလးတိုင္းေဒသႀကီးမွ အမ်ဳိးသားတစ္ဦး စုစုေပါင္း (၁၁)ဦးကို ျမန္မာ - ထိုင္း အမွတ္(၂) ခ်စ္ၾကည္ေရးတံတားတြင္ လာေရာက္လႊဲေျပာင္းလာရာ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက စိစစ္လက္ခံခဲ့ၾကသည္။

အဆိုပါ (၁၁)ဦးတြင္ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမ၀င္သြားေရာက္ေနထိုင္သူ (၁)ဦး၊ နယ္ေျမေက်ာ္သြားသူ (၃)ဦး ႏွင့္ ရက္ေက်္ာေနထိုင္သူ (၇)ဦး အသီးသီး ပါ၀င္ေၾကာင္း သိရသည္။

ဇန္န၀ါရီလ(၃၁)ရက္ေန႔ နံနက္ပိုင္းတြင္ ထိုင္းဘက္မွ တရားမ၀င္သြားေရာက္သည့္ ျမန္မာႏိုင္ငံသား (၁၁)ဦး ကို လာေရာက္လႊဲေျပာင္းလာသည့္အျပင္  ထိုင္းႏိုင္ငံ လူမႈဖြံ႔ၿဖဳိးတိုးတက္ေရးႏွင့္လူသားလံုၿခံဳေရး ၀န္ႀကီးဌာနလက္ေအာက္ရွိ ေဂဟာအသီးသီးတြင္ လက္ခံေစာင့္ေရွာက္ေပးထားသည့္ လူကုန္ကူး ခံရသူမ်ားထဲမွ ျမန္မာႏိုင္ငံသား အမ်ဳိးသမီး (၁၅)ဦးကို ထိုင္းႏိုင္ငံခ်င္းရိုင္းခရိုင္ ပူးေပါင္းအဖြဲ႔မွ လာေရာက္၍ လႊဲေျပာင္းလာရာ ျမန္မာဘက္ တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးတြင္ ဇန္န၀ါရီလ(၃၁)ရက္ေန႔ နံနက္ပိုင္းက လႊဲေျပာင္းအပ္ႏွံမႈကို လက္ခံခဲ့ၾကေၾကာင္းလည္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ အတွင်း ဖမ်းဆီးရမိသည့် တရားမဝင်ရွေ့ပြောင်း မြန်မာနိုင်ငံသားနှင့် ရက်ကျော် နေထိုင်သူများအား တာချီလိတ်သို့ ဇန်နဝါရီလ(၃၁)ရက်နေ့က လွှဲပြောင်းပေးရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၁)ဦး ရှိကြောင်း သိရသည်။

ထိုင်းရဲလဝကများများမှ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း ဖမ်းဆီးရမိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၃)ဦး နှင့်အမျိုးသမီး(၂)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသမီး (၁)ဦး နှင့် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦး စုစုပေါင်း (၁၁)ဦးကို မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် လာရောက်လွှဲပြောင်းလာရာ မြန်မာဘက် တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။

အဆိုပါ (၁၁)ဦးတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သွားရောက်နေထိုင်သူ (၁)ဦး၊ နယ်မြေကျော်သွားသူ (၃)ဦး နှင့် ရက်ကျော်နေထိုင်သူ (၇)ဦး အသီးသီး ပါဝင်ကြောင်း သိရသည်။

ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းဘက်မှ တရားမဝင်သွားရောက်သည့် မြန်မာနိုင်ငံသား (၁၁)ဦး ကို လာရောက်လွှဲပြောင်းလာသည့်အပြင် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေး ဝန်ကြီးဌာနလက်အောက်ရှိ ဂေဟာအသီးသီးတွင် လက်ခံစောင့်ရှောက်ပေးထားသည့် လူကုန်ကူး ခံရသူများထဲမှ မြန်မာနိုင်ငံသား အမျိုးသမီး (၁၅)ဦးကို ထိုင်းနိုင်ငံချင်းရိုင်းခရိုင် ပူးပေါင်းအဖွဲ့မှ လာရောက်၍ လွှဲပြောင်းလာရာ မြန်မာဘက် တာဝန်ရှိသူများက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းအပ်နှံမှုကို လက်ခံခဲ့ကြကြောင်းလည်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~