ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ရွှေပြည်သစ် (တီးမ) မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး စခန်း၏ ဒေသတစ်ဝိုက်တွင် နယ်မြေမအေးချမ်းသဖြင့် သင်တန်း မဖွင့်နိုင်ခြင်းမရှိ၍ ကွတ်ခိုင်မြို့သို့ ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်တွင်း မူးယစ်ဆေးဖြတ်စခန်းများကို ပြည်နယ်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေပြည်သစ် (တီးမ ) မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်း (စခန်းအခြေပြု) နေရာတွင် ၀န်ထမ်းများရှိသော်လည်း နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိခြင်းနှင့် တက်ရောက် ကုသသည့်လူနာ မရှိသဖြင့် ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
“ရပ်ဆိုင်းထားတဲ့နေရာ ပြန်ဖွင့်ဖို့ဆိုတာကလည်း ရွှပြေည်သစ် (တီးမ)မှာက ဝန်ထမ်း(၁၅) ဦးရှိတယ်။ လူနာက မရှိဘူး။ ဒါတွေကို ပြန်လည်ညှိနှိုင်းပြီး ပြန်ဖွဲ့မှာဖြစ်တယ်။ အကယ်၍ တခြားနေရာမှာ ပြန်လည် ထူထောင်ရေးစခန်း တည်ထောင်ဖို့ သူတို့က မြေနေရာပေးမယ်။ လုံခြုံရေးရော၊ နေရာရောရှိနေတယ်။ အဲဒီလိုဆိုရင်တော့ ကျွန်တော်ကိုယ်တိုင် သွားရောက်စစ်ဆေးမယ်။ ဝိုင်းဝန်းကူညီပါမယ်။ အခု ရွပြေည်အေး တီးမမှာတော့ အေးချမ်းတည်ငြိမ်မှုမရှိတဲ့အတွက်ကြောင့် ပြန်လည်ထူထောင်မှာဖြစ်ပါတယ်။ နဂိုရှိနေတဲ့ မူဆယ်ကနေ ကွတ်ခိုင်ကို ပြောင်းသွားဖို့ စီစဉ်ထားတာ ရှိပါတယ်။ ကွတ်ခိုင်မှာ နေရာချထားရင်တော့ ပိုအဆင်ပြေမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် က ပြောသည်။
ရှမ်းပြည်နယ်အစိုးရအနဖြေင့် ပြည်နယ်တွင်း မူးယစ်ဆေးဖြတ်စခန်းများကို ပြည်နယ်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
“တောင်ကြီးဆိုရင်တော့ အောင်ဆုဗွေ ပြန်လည်ထူထောင်စခန်း အသစ်လုပ်ဖို့ရှိတယ်။ ကျန်တဲ့နေရာက ကျိုင်းတုံ၊ တာချီလိတ်မှာတော့ ဆက်လက် ဆောင်ရွက်နေဆဲပါ။ ဆေးဖြတ်တယ်ဆိုတာက ကျွန်တော်တို့ ဘက်က လမ်းကြောင်းမှန်အောင် ပြန်လုပ်ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့ကို လာဆက်သွယ်မယ်ဆိုရင် ဘယ်ကဖြစ်ဖြစ်၊ ဌာနဆိုင်ရာကဖြစ်ဖြစ် တတ်နိုင်သလောက် ကူညီပေးသွားမှာပါ” ဟု ဒေါက်တာ အောင်သန်းမောင်က ပြောသည်။
အဆိုပါ ရွှပြေည်သစ် (တီးမ ) မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်း (စခန်းအခြပြေု) နေရာတွင် ဝန်ထမ်းများရှိသော်လည်း နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိခြင်းနှင့် တက်ရောက် ကုသသည့်လူနာ မရှိသဖြင့် ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို