က်င့္၀တ္နီတိရြတ္ဆုိၿပဳိင္ပဲြႏွင့္ ေဆးေရာင္ျခယ္ၿပဳိင္ပဲြမ်ားတြင္ ေက်ာင္းသားေက်ာင္းသူ ၂၈ ဦးပါဝင္ယွဥ္ၿပိဳင္

က်င့္၀တ္နီတိရြတ္ဆုိၿပဳိင္ပဲြႏွင့္ ေဆးေရာင္ျခယ္ၿပဳိင္ပဲြမ်ားတြင္ ေက်ာင္းသားေက်ာင္းသူ ၂၈ ဦးပါဝင္ယွဥ္ၿပိဳင္
ဇန်နဝါရီ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း တာခ်ီလိတ္ခရုိင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး ဦးစီးဌာနႏွင့္ ၿမဳိ႕နယ္ပညာေရးဌာနတုိ႔  ပူးေပါင္း၍  က်င့္၀တ္နီတိရြတ္ဆုိၿပဳိင္ပဲြ ႏွင့္ ေဆးေရာင္ျခယ္ၿပဳိင္ပဲြကုိ  ဇန္န၀ါရီ (၃၀) ရက္ေန႔ နံနက္ (၉)နာရီခဲြက ခရုိင္ျပန္/ဆက္ရံုးရွိ ခန္းမ၌ က်င္းပရာ ေက်ာင္းသားေက်ာင္းသူ (၂၈)ဦးယွဥ္ၿပိဳင္ၾကေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲမွာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား  ငယ္စဥ္ကတည္းက စာဖတ္သည့္ အေလ့က်င့္ေကာင္းမ်ား တုိးပြားရရွိၿပီး ဉာဏ္ရည္ဉာဏ္ေသြးမ်ားထက္ျမက္လာေစရန္၊ တီထြင္ဖန္တီးလုိစိတ္မ်ား ရင့္သန္လာေစရန္ ၊ စာဖတ္ရွိန္ ျမင့္မား လာေစရန္  က်င္းပရျခင္းျဖစ္ေၾကာင္း ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ ဆက္ဆံေရးဦးစီးဌာနမွ ခရုိင္ဦးစီးအရာရွိ ဦးလွေဌး က ရွင္းလင္း ေျပာၾကားသည္။

ၿပိဳင္ပြဲတြင္ အေျခခံပညာအလယ္တန္း ႏွင့္ မူလတန္းအဆင့္ ေက်ာင္းသား ေက်ာင္းသူ (၂၈)ဦးတုိ႔က  ဝင္ေရာက္ယွဥ္ၿပိဳင္ၾကၿပီး  ၿပဳိင္ပဲြဆုရေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အေဆြေတာ္မိသားစု (၂၄)နာရီအထူးကု ေဆးခန္းမွ ဦးတင္လႈိင္၊ ၿမဳိ႕နယ္စာေရးဆရာအသင္း ဥကၠ႒ ဦးထိန္မင္း ႏွင့္ တာ၀န္ရွိသူမ်ားက ဆုမ်ားခ်ီးျမႇင့္ေပးအပ္ေၾကာင္း သိရသည္။

ယင္းေနာက္ Community Centre ႏွင့္ ကေလးစာဖတ္ခန္းတုိ႔တြင္ အသံုးျပဳရန္ ထုိင္ခံုမ်ား၊ စာအုပ္တင္စင္ ႏွင့္ ေဖာ့အခင္းမ်ားလွဴ ဒါန္းေပးသည့္အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားကုိ တာ၀န္ရွိသူက ေပးအပ္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေ၀ယံလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျင့်ဝတ်နီတိရွတ်ဆိုပြိုင်ပွဲ နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဇန်နဝါရီ (၃၀) ရက်နေ့ နံနက် (၉)နာရီခွဲက ခရိုင်ပြန်/ဆက်ရုံးရှိ ခန်းမ၌ ကျင်းပရာ ကျောင်းသားကျောင်းသူ (၂၈)ဦးယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲမှာ ကျောင်းသား၊ ကျောင်းသူများ ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့ကျင့်ကောင်းများ တိုးပွားရရှိပြီး ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ စာဖတ်ရှိန် မြင့်မား လာစေရန် ကျင်းပရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေး က ရှင်းလင်း ပြောကြားသည်။

ပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်း နှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဆုရကျောင်းသား၊ ကျောင်းသူများအား အဆွေတော်မိသားစု (၂၄)နာရီအထူးကု ဆေးခန်းမှ ဦးတင်လှိုင်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထိန်မင်း နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ကြောင်း သိရသည်။

ယင်းနောက် Community Centre နှင့် ကလေးစာဖတ်ခန်းတို့တွင် အသုံးပြုရန် ထိုင်ခုံများ၊ စာအုပ်တင်စင် နှင့် ဖော့အခင်းများလှူ ဒါန်းပေးသည့်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူက ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ -ေဝယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~