ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေး ၀န်ကြီးဌာနလက်အောက်ရှိ ဂေဟာအသီးသီးတွင် လက်ခံစောင့်ရှောက်ပေးထားသည့် လူကုန်ကူး ခံရသူများထဲမှ မြန်မာနိုင်ငံသား အမျိုးသမီး (၁၅)ဦးကို ထိုင်းနိုင်ငံချင်းရိုင်းခရိုင် ပူးပေါင်းအဖွဲ့မှ လာရောက်၍ လွှဲပြောင်းလာရာ မြန်မာဘက် တာဝန်ရှိသူများက တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ဇန်န၀ါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းအပ်နှံမှုကို လက်ခံခဲ့ကြသည်။
ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ခရိုင်လ၀ကမှူး ဗိုလ်မှူးကြီး အေကွန်ဘွတ်စဘားဘန်ဒင်နှင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ အပါအ၀င် သက်ဆိုင်ရာဌာနများဖြင့် လူဦးအင်းအား (၂၉)ဦးတို့မှ လာရောက် လွှဲပြောင်းအပ်နှံရာတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ခရိုင်လ၀ကဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင် နှင့် အမျိုးသမီးသက်မွေး အတတ်သင် ကျောင်းမှ ဆရာမများ၊ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် ဝေါလ်ဗွီရှင်(မြန်မာ၊ ရန်ကုန်/ကျိုင်းတုံ/တာချီလိတ်)အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြပြီး အဆိုပါ အမျိုးသမီး (၁၅)ဦးအား အားပေးနှစ်သိမ့်ပေးခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ - ဇောင်းညီ
လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၁၅)ဦးတွင် အသက်အငယ်ဆုံးအဖြစ် (၁၆)နှစ်အရွယ်မှ အကြီးဆုံးအဖြစ် အသက်(၂၀)နှစ်အထိ ပါဝင်ပြီး အားလုံးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် နှင့် မက်မန်းတို့မှ ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်ဇာတိ (၂)ယောက်ကိုတော့ သူ့မိဘတွေက လာခေါ်သွားတယ်။ ကျန်တဲ့ (၁၃)ဦးကိုတော့ နေရပ်ပြန်နိုင်ရေးအတွက်ကို တာဝန်ရှိသူတွေက ဆက်လက်ဆောင်ရွက်နကြေပါတယ်၊ အခုလို လာရောက် လူကုန်ကူးခံရပြီးတော့ ထိုင်းဘက်က လာလွှဲပေးတာဟာ ဒီနှစ်မှာတော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်"ဟု လွှဲပြောင်းလက်ခံရာတွင် ပါဝင်သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ခရိုင်လဝကမှူး ဗိုလ်မှူးကြီး အေကွန်ဘွတ်စဘားဘန်ဒင်နှင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ အပါအဝင် သက်ဆိုင်ရာဌာနများဖြင့် လူဦးအင်းအား (၂၉)ဦးတို့မှ လာရောက် လွှဲပြောင်းအပ်နှံရာတွင် မြန်မာဘက်မှ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်မှ ရဲမှူး ရင်ရင်အေး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ခရိုင်လဝကဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူနိုင် နှင့် အမျိုးသမီးသက်မွေး အတတ်သင် ကျောင်းမှ ဆရာမများ၊ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့်ေဝါလ်ဗွီရှင်(မြန်မာ၊ ရန်ကုန်/ကျိုင်းတုံ/တာချီလိတ်)အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံခဲ့ကြပြီး အဆိုပါ အမျိုးသမီး (၁၅)ဦးအား အားပေးနှစ်သိမ့်ပေးခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ - ဇောင်းညီ