က်ဳိင္းလပ္တြင္ ဆိုလာႏွင့္တြဲလွ်က္ ဘထၳရီေၾကာင့္ အပူလြန္ကဲ့၍ မီးေလာင္ရာမွ ေနအိမ္တစ္လံုး ဆံုးရႈံး

က်ဳိင္းလပ္တြင္ ဆိုလာႏွင့္တြဲလွ်က္ ဘထၳရီေၾကာင့္ အပူလြန္ကဲ့၍ မီးေလာင္ရာမွ ေနအိမ္တစ္လံုး ဆံုးရႈံး
ဇန်နဝါရီ 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမဳိ႕ရွိ နမ့္ျဖန္ေက်းရြာတြင္ ဆိုလာႏွင့္တြဲလ်က္ ဘထၳရီ အပူလြန္ကဲ့ရာမွ ေနအိမ္မီးေလာင္မႈ ဇန္န၀ါရီလ(၃၁)ရက္ေန႔ နံနက္(၁၁)နာရီ၀န္းက်င္က ျဖစ္ပြားခဲ့ရာ ေနအိမ္တစ္လံုး မီးေလာင္ဆံုးရႈံးသြားေၾကာင္း သိရသည္။

က်ဳိင္းလပ္ၿမိဳ႕ နမ့္ျဖန္ေက်းရြာေန ဦးအုိက္အင္၏ ေနအိမ္တြင္ ဆိုလားျပားႏွင့္ တြဲလ်က္ ဘထၳရီ အပူလြန္ကဲရာမွ မီးကူးစက္ေလာင္ကြ်မ္းမႈျဖစ္ေပၚရာမွ ေက်းရြာေန တိုင္းရင္းသား ျပည္သူမ်ားမွ စုေပါင္း၀ိုင္း၀န္းကာ  နံနက္(၁၁)နာရီခြဲ၀န္းက်င္တြင္ မီးၿငႇိမ္းသတ္ႏိုင္ခဲ့၍ ေနအိမ္တစ္လံုး မီးေလာင္ပ်က္ဆီး ဆံုးရႈံးသြားေသာ္လည္း ေဘးအိမ္မ်ားသို႔ မီးကူးစက္မႈကို တားဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္  ဦးအုိက္အင္ခမ္းအား ဥပေဒအရ အေရးယူ ႏုိင္ေရးအတြက္ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းမွ ေဆာင္ရြက္ ေနလ်က္ရွိေၾကာင္းသိရသည္။

ဓာတ္ပံု - က်ဳိင္းလပ္ ျပန္/ဆက္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ နမ့်ဖြန်ကျေးရွာတွင် ဆိုလာနှင့်တွဲလျက် ဘထ္ထရီ အပူလွန်ကဲ့ရာမှ နေအိမ်မီးလောင်မှု ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ကျိုင်းလပ်မြို့ နမ့်ဖြန်ကျေးရွာနေ ဦးအိုက်အင်၏ နေအိမ်တွင် ဆိုလားပြားနှင့် တွဲလျက် ဘထ္ထရီ အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပေါ်ရာမှ ကျေးရွာနေ တိုင်းရင်းသား ပြည်သူများမှ စုပေါင်းဝိုင်းဝန်းကာ နံနက်(၁၁)နာရီခွဲဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့၍ နေအိမ်တစ်လုံး မီးလောင်ပျက်ဆီး ဆုံးရှုံးသွားသော်လည်း ဘေးအိမ်များသို့ မီးကူးစက်မှုကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးအိုက်အင်ခမ်းအား ဥပဒေအရ အရေးယူ နိုင်ရေးအတွက် မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ဆောင်ရွက် နေလျက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ - ကျိုင်းလပ် ပြန်/ဆက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~