ေတာင္ႀကီးတြင္ အရပ္ဖက္အဖြဲ႕၏ အမိႈက္ေကာက္ျခင္း အစီအစဥ္၌ ျပည္နယ္အစိုးရ ပါဝင္ လုပ္ေဆာင္

ေတာင္ႀကီးတြင္ အရပ္ဖက္အဖြဲ႕၏ အမိႈက္ေကာက္ျခင္း အစီအစဥ္၌ ျပည္နယ္အစိုးရ ပါဝင္ လုပ္ေဆာင္
ဇန်နဝါရီ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၌ ျပည္ေထာင္စုေန႔ ဂုဏ္ျပဳအစီအစဥ္အျဖစ္ ရွင္သန္ကမၻာေျမ အစိမ္းေရာင္ ကြန္ယက္အဖြဲ႕ (သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရး)မွ ဦးေဆာင္၍ အမိႈက္ေကာက္ျခင္း အစီအစဥ္ကို ဇန္နဝါရီလ (၂၉)ရက္ေန႔ နံနက္ပိုင္းက စတင္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ားလည္း ပါဝင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ လူထုႏွင့္ တသားထဲျဖစ္ေစရန္ အရပ္ဖက္အဖြဲ႕မ်ားႏွင့္ ပူးေပါင္း လုပ္ေဆာင္သြားရန္ ရည္ရြယ္ထားေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးထံမွ သိရသည္။

“အဓိကကေတာ့ လူထုလႈပ္ရွားမႈပါပဲ။ အမိႈက္ေကာက္တဲ့ လႈပ္ရွားမႈကေနစၿပီးေတာ့ ေနာက္ဆံုး ျပသနာေတြမွာ မူးယစ္ေဆး၀ါးျပသနာေတြလည္းရွိတယ္။ အားလံုးကေတာ့ လူထုအားပါရမွာေပါ့ေနာ္။ ကၽြန္ေတာ္တို႔ အေနနဲ႔လူထုနဲ႔ အတူရွိမွရမယ္။ ရွမ္းအစိုးရ၀န္ႀကီးေတြဟာ လူထုနဲ႔ တသားတည္း ရွိေနမွအဆင္ေျပမယ္။ ဒါမွ ဘာလုပ္ လုပ္ေအာင္ျမင္ ေနမယ္ေလ။ ေနာက္လာမယ့္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေတြမွာ ျပည္သူေတြပါ ပါလာမယ္” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အဖြဲ႕ဝင္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ အဆိုပါ အစီအစဥ္အား ေဖေဖာ္၀ါရီလ (၁၂) ရက္ေန႔မတိုင္မီ အခ်ိန္ထိ အပတ္စဥ္ လုပ္ေဆာင္မည္ျဖစ္ၿပီး ပင္လံုၿမိဳ႕ တြင္လည္း အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ားအစီအစဥ္ျဖင့္ အမိႈက္ေကာက္ျခင္းကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အပတ္စဥ္ အမိႈက္ေကာက္ေနတာထက္ လူေတြကို လက္ေတြ႕ပညာေပးတာပါ။ ဒီလိုပညာေပးမႈနဲ႔ ပတ္သက္ၿပီး လူေတြက အမိႈက္ကို လက္လြတ္စပယ္ မပစ္ေတာ့ဘဲ ထိန္းသိမ္းလာမယ္လို႔ ထင္တယ္။ မထိန္းသိမ္းနိုင္မခ်င္း လက္ေတြ႕ပညာေပး လုပ္ေဆာင္ေနဦးမွာပါ။ ကြ်န္မတို႔အဖြဲ႕ကေန ဦးေဆာင္ၿပီးေတာ့ ၀န္ႀကီးမ်ားအဖြဲ႕ရယ္၊ NLD အဖြဲ႕၊ ေကာင္းကင္ျဖဴေဆာက္လုပ္ေရး၊ smart and style အဖြဲ႕ ပါတယ္။ စာေရးဆရာေတြနဲ႔ ေပါင္းၿပီးေတာ့ ပညာေပးပိုင္းကေနလည္း တစ္ဆင့္သြားရမယ္။ လူငယ္ေတြလည္း ပူးေပါင္း ပါ၀င္လာတယ္။ လက္ေတြ႕ကို တကယ္လုပ္ကို လုပ္ရမယ္။ ေက်ာင္းေတြမွာလည္း ကြ်န္မတို႔ အဖြဲ႕ကေန ပညာေပးဖို႔ ကမ္းလွမ္းထားတာေတြလည္း ရွိပါတယ္” ဟု ရွင္သန္ကမၻာေျမ အစိမ္းေရာင္ ကြန္ရက္အဖြဲ႕ မွ ေဒၚခ်ယ္ရီေက်ာ္က ေျပာသည္။

အဆိုပါ ရွင္သန္ကမၻာေျမအစိမ္းေရာင္ကြန္ယက္အဖြဲ႕(သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရး)သည္ အပတ္စဥ္ အမိႈက္္ေကာက္ျခင္း ႏွင့္ ေက်ာင္းမ်ားတြင္လည္း ပညာေပးျခင္း၊ အမိႈက္မ်ားကို စနစ္တက် ပစ္ျခင္းကိစၥရပ္မ်ားကိုလည္း ပညာေပး လုပ္ေဆာင္ျခင္း၊ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာကိစၥရပ္မ်ား၊ သစ္ပင္စိုက္ပ်ဳိးျခင္း မ်ားကို ျပဳလုပ္ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ပြည်ထောင်စုနေ့ ဂုဏ်ပြုအစီအစဉ်အဖြစ် ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ယက်အဖွဲ့ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး)မှ ဦးဆောင်၍ အမှိုက်ကောက်ခြင်း အစီအစဉ်ကို ဇန်နဝါရီလ (၂၉)ရက်နေ့ နံနက်ပိုင်းက စတင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများလည်း ပါဝင်လုပ်ဆောင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့အနဖြေင့် လူထုနှင့် တသားထဲဖြစ်စေရန် အရပ်ဖက်အဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးထံမှ သိရသည်။

“အဓိကကတော့ လူထုလှုပ်ရှားမှုပါပဲ။ အမှိုက်ကောက်တဲ့ လှုပ်ရှားမှုကနေစပြီးတော့ နောက်ဆုံး ပြသနာတွေမှာ မူးယစ်ဆေးဝါးပြသနာတွေလည်းရှိတယ်။ အားလုံးကတော့ လူထုအားပါရမှာပေါ့နော်။ ကျွန်တော်တို့ အနေနဲ့လူထုနဲ့ အတူရှိမှရမယ်။ ရှမ်းအစိုးရဝန်ကြီးတွေဟာ လူထုနဲ့ တသားတည်း ရှိနေမှအဆင်ပြေမယ်။ ဒါမှ ဘာလုပ် လုပ်အောင်မြင် နေမယ်လေ။ နောက်လာမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပြည်သူတွေပါ ပါလာမယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

တောင်ကြီးမြို့တွင် အဆိုပါ အစီအစဉ်အား ဖေဖော်ဝါရီလ (၁၂) ရက်နေ့မတိုင်မီ အချိန်ထိ အပတ်စဉ် လုပ်ဆောင်မည်ဖြစ်ပြီး ပင်လုံမြို့ တွင်လည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများအစီအစဉ်ဖြင့် အမှိုက်ကောက်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အပတ်စဉ် အမှိုက်ကောက်နေတာထက် လူတွေကို လက်တွေ့ပညာပေးတာပါ။ ဒီလိုပညာပေးမှုနဲ့ ပတ်သက်ပြီး လူတွေက အမှိုက်ကို လက်လွတ်စပယ် မပစ်တော့ဘဲ ထိန်းသိမ်းလာမယ်လို့ ထင်တယ်။ မထိန်းသိမ်းနိုင်မချင်း လက်တွေ့ပညာပေး လုပ်ဆောင်နေဦးမှာပါ။ ကျွန်မတို့အဖွဲ့ကနေ ဦးဆောင်ပြီးတော့ ဝန်ကြီးများအဖွဲ့ရယ်၊ NLD အဖွဲ့၊ ကောင်းကင်ဖြူဆောက်လုပ်ရေး၊ smart and style အဖွဲ့ ပါတယ်။ စာရေးဆရာတွေနဲ့ ပေါင်းပြီးတော့ ပညာပေးပိုင်းကနေလည်း တစ်ဆင့်သွားရမယ်။ လူငယ်တွေလည်း ပူးပေါင်း ပါဝင်လာတယ်။ လက်တွေ့ကို တကယ်လုပ်ကို လုပ်ရမယ်။ ကျောင်းတွေမှာလည်း ကျွန်မတို့ အဖွဲ့ကနေ ပညာပေးဖို့ ကမ်းလှမ်းထားတာတွေလည်း ရှိပါတယ်” ဟု ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ရက်အဖွဲ့ မှ ဒေါ်ချယ်ရီကျော်က ပြောသည်။

အဆိုပါ ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ယက်အဖွဲ့(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး)သည် အပတ်စဉ် အမှိုက်ကောက်ခြင်း နှင့် ကျောင်းများတွင်လည်း ပညာပေးခြင်း၊ အမှိုက်များကို စနစ်တကျ ပစ်ခြင်းကိစ္စရပ်များကိုလည်း ပညာပေး လုပ်ဆောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ သစ်ပင်စိုက်ပျိုးခြင်း များကို ပြုလုပ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~