ေတာင္ႀကီးစည္ပင္သာယာေရးဌာနသို႔ ဂ်ပန္ႏုိင္ငံမွ ခ်ယ္ရီပင္ ၂၀၀ လႊဲေျပာင္းေပးအပ္

ေတာင္ႀကီးစည္ပင္သာယာေရးဌာနသို႔ ဂ်ပန္ႏုိင္ငံမွ ခ်ယ္ရီပင္ ၂၀၀ လႊဲေျပာင္းေပးအပ္
ဇန်နဝါရီ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ စိုက္ပ်ိဳးရန္ JAPAN SAKURA EXCHANGE ASSOCIATION က တစ္ႏွစ္သားအရြယ္ ဂ်ပန္ခ်ယ္ရီပင္ (၂၀၀)အား စည္ပင္သာယာေရးဌာနသို႔ ဇန္နဝါရီလ ၂၆ ရက္ နံနက္ပိုင္းက လႊဲေျပာင္းေပးအပ္ေၾကာင္း သိရသည္။

“အခု ေလာေလာဆယ္မွာေတာ့ ပ်ဳိးပင္ေတြကို ပန္းပ်ဳိးဥယ်ာဥ္ထဲမွာပဲ ထားဦးမယ္။ ေျမႀကီးေပၚမွာ စိုက္ပ်ဳိးလို႔ရတဲ့ အခ်ိန္ဆိုရင္ေတာ့ အမ်ားျပည္သူ အပန္းေျဖနိုင္မယ့္ ေနရာေတြမွာထားဖို႔ အစီအစဥ္ရွိပါတယ္။ တျခား ေအးသာယာ၊ ေအာင္ပန္း၊ ကေလာတို႔ ဘက္က်ေတာ့ အပင္ရွင္သန္မႈ နႈန္းေပၚမွာ မႈတည္ၿပီးမွ ေပးမွာပါ။ အဓိက ေနရာကေတာ့ ကေလာကိုေပးမွာပါ” ဟု ၿမိဳ႕နယ္စည္ပင္ သာယာေရးဌာနမွ ဦးစီးအရာရွိ ဦးဥာဏ္လင္းေမာင္က ေျပာသည္။

ခ်ယ္ရီပ်ိဳးပင္မ်ားအား စိုက္ပ်ိဳးရန္မွာ ေျမအေျပာင္းအလဲေၾကာင့္ အခ်ိန္အနည္းငယ္ယူရန္ လိုအပ္သည္ဟု ပ်ိဳးပင္မ်ားကို လႊဲေျပာင္းေပးအပ္သည့္ JAPAN SAKURA EXCHANGE ASSOCIATION ထံမွ သိရသည္။

“ေတာင္ႀကီးမွာ အပင္ ၂၀၀ စိုက္ရင္ေတာ့ ၃၀ ေသရင္ေတာင္ အပင္ ၁၇၀ ေလာက္ေတာ့ ရွင္သန္မယ္လို႕ ေမွ်ာ္လင့္ပါတယ္” ဟု JAPAN SAKURA EXCHANGE ASSOCIATIONမွ တာ၀န္ရွိသူ ေဒၚဧပရယ္ က ေျပာသည္။

အဆိုပါ ဂ်ပန္ခ်ယ္ရီပင္မ်ားသည္ ေလးႏွစ္သားအရြယ္တြင္ စတင္ပြင့္ၿပီး ယခုအပင္မ်ားအား ေလးႏွစ္သား အထိ ပန္းအိုးတြင္ထားၿပီးမွ ေျမႀကီးတြင္ စစိုက္မည္ျဖစ္ေၾကာင္း သိရသည္။

ဂ်ပန္ခ်ယ္ရီပင္အား ေတာင္ႀကီးၿမိဳ႕ စည္ပင္သာယာေရးဌာနမွ အပင္ (၇၀) ၊ ပတ္၀န္းက်င္ထိန္းသိမ္းေရးဌာနမွ အပင္ (၂၀) ၊ အမွတ္ (၁၀) အဆင့္ျမင့္ ဆက္သြယ္ေရးတပ္ရင္းမွ (၁၀) ပင္ ၊ (၂၁၂) တပ္ မွ (၁၀) ပင္၊ ရပခမွ (၁၀) ပင္၊ အပင္သယ္ေဆာင္ေပးသူႏွင့္ ေတာင္ႀကီးခ်ယ္ရီအဖြဲ႕မွ (၃၀) ပင္၊ သစ္ပင္ခ်စ္သူအဖြဲ႕မွ (၂၀) ပင္၊ Senior Women အဖြဲ႕မွ (၁၀) ပင္၊ ရွင္သန္ကမၻာေျမ မွ (၁၀) ပင္၊ပန္းပ်ိဳးလက္ မွ (၁၀) ပင္ ခြဲေဝယူထား ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စိုက်ပျိုးရန် JAPAN SAKURA EXCHANGE ASSOCIATION က တစ်နှစ်သားအရွယ် ဂျပန်ချယ်ရီပင် (၂၀၀)အား စည်ပင်သာယာရေးဌာနသို့ ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

“အခု လောလောဆယ်မှာတော့ ပျိုးပင်တွေကို ပန်းပျိုးဥယျာဉ်ထဲမှာပဲ ထားဦးမယ်။ မြကြေီးပေါ်မှာ စိုက်ပျိုးလို့ရတဲ့ အချိန်ဆိုရင်တော့ အများပြည်သူ အပန်းဖြေနိုင်မယ့် နေရာတွေမှာထားဖို့ အစီအစဉ်ရှိပါတယ်။ တခြား အေးသာယာ၊ အောင်ပန်း၊ ကလောတို့ ဘက်ကျတော့ အပင်ရှင်သန်မှု နှုန်းပေါ်မှာ မှုတည်ပြီးမှ ပေးမှာပါ။ အဓိက နေရာကတော့ ကလောကိုပေးမှာပါ” ဟု မြို့နယ်စည်ပင် သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးဉာဏ်လင်းမောင်က ပြောသည်။

ချယ်ရီပျိုးပင်များအား စိုက်ပျိုးရန်မှာ မြေအပြောင်းအလဲကြောင့် အချိန်အနည်းငယ်ယူရန် လိုအပ်သည်ဟု ပျိုးပင်များကို လွှဲပြောင်းပေးအပ်သည့် JAPAN SAKURA EXCHANGE ASSOCIATION ထံမှ သိရသည်။

“တောင်ကြီးမှာ အပင် ၂၀၀ စိုက်ရင်တော့ ၃၀ သေရင်တောင် အပင် ၁၇၀ လောက်တော့ ရှင်သန်မယ်လို့ မျှော်လင့်ပါတယ်” ဟု JAPAN SAKURA EXCHANGE ASSOCIATIONမှ တာဝန်ရှိသူ ဒေါ်ဧပရယ် က ပြောသည်။

အဆိုပါ ဂျပန်ချယ်ရီပင်များသည် လေးနှစ်သားအရွယ်တွင် စတင်ပွင့်ပြီး ယခုအပင်များအား လေးနှစ်သား အထိ ပန်းအိုးတွင်ထားပြီးမှ မြကြေီးတွင် စစိုက်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ချယ်ရီပင်အား တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနမှ အပင် (၇၀)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ အပင် (၂၀)၊ အမှတ် (၁၀) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ (၁၀) ပင်၊ (၂၁၂) တပ် မှ (၁၀) ပင်၊ ရပခမှ (၁၀) ပင်၊ အပင်သယ်ဆောင်ပေးသူနှင့် တောင်ကြီးချယ်ရီအဖွဲ့မှ (၃၀) ပင်၊ သစ်ပင်ချစ်သူအဖွဲ့မှ (၂၀) ပင်၊ Senior Women အဖွဲ့မှ (၁၀) ပင်၊ ရှင်သန်ကမ္ဘာမြေ မှ (၁၀) ပင်၊ပန်းပျိုးလက် မှ (၁၀) ပင် ခွဲဝေယူထား ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~