ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ မူးယစ္ေဆးျဖတ္စခန္းဖြင့္ႏုိင္ေရး ပူးေပါင္းလုပ္ေဆာင္မည္

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ မူးယစ္ေဆးျဖတ္စခန္းဖြင့္ႏုိင္ေရး ပူးေပါင္းလုပ္ေဆာင္မည္
ဇန်နဝါရီ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ကကၠဴအနီး ေအာင္ဆုေဗြ၌ မူးယစ္ေဆး၀ါး ေဆးျဖတ္စခန္းႏွင့္ ျပန္လည္ထူေထာင္ေရးစခန္း ဖြင့္လွစ္ႏုိင္ေရးအတြက္ ျပည္နယ္အစိုးရႏွင့္ ဌာနဆိုင္ရာမ်ား၊ အရပ္ဖက္အဖြဲ႕မ်ား ပူးေပါင္း ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

“မူးယစ္ေဆး၀ါး ေဆးျဖတ္စခန္း၊ ျပန္လည္ထူေထာင္စခန္း လုပ္မယ္ဆိုရင္လည္း ထိထိေရာက္ေရာက္ ေအာင္ျမင္ေအာင္ အဆံုးထိ လုပ္ရမယ္။ CSO အဖြဲ႕အစည္းေတြနဲ႔လည္း ညိႇႏိုင္းေဆြးေႏြးရမယ္။ ဘတ္ဂ်က္မစဥ္းစားနဲ႔။ ဘတ္ဂ်က္ျပႆနာမရွိဘူး။ လုပ္မယ္ဆိုရင္ လုပ္ကိုလုပ္ရမယ္။ စီမံကိန္းကို ေသခ်ာေရးဆြဲဖို႔လိုတယ္။ တကယ္ထိေရာက္မႈရွိတဲ့ စီမံခ်က္ရွိဖို႔က အေရးႀကီးဆံုးလိုအပ္ပါတယ္” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

ျပည္သူလူထုအေျချပဳ မူးယစ္ေဆးစြဲသူမ်ားကုသေရးစခန္းမ်ားဖြင့္လွစ္မည့္ လုပ္ငန္းစီမံခ်က္ အေကာင္အထည္ေဖာ္ျခင္း အခမ္းအနားကို ဇန္နဝါရီလ ၂၄ ရက္က ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပရာ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးက ယင္းကဲ့သို႔ ေျပာလိုက္ျခင္းျဖစ္သည္။

“ေအာင္ဆုေဗြစခန္း ထြက္လာတာက်ေတာ့ ၂၀၀၆ ခုႏွစ္ ဇြန္လကစၿပီး အခုဆိုရင္ ရွစ္လေလာက္ၾကာေနၿပီ။ ဒီလိုပူးေပါင္းေဆာင္ရြက္မႈေတြ ျပဳလုပ္မယ္ဆိုေတာ့ အရမ္း၀မ္းသာပါတယ္။ ဒီစခန္းမွာလည္း ေဆးျဖတ္မယ္။ ေဆးျဖတ္ၿပီး ျပန္လည္ထူေထာင္မယ္။ ဒီဘတ္ဂ်က္ထဲမွာေတာ့ မပါဘူးဆိုေပမဲ့လည္း ရသေလာက္ သူတို႔သံုးလိမ့္မယ္။ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွာေတာ့ လံုး၀အေကာင္အထည္ ေဖာ္နိုင္ပါၿပီ။ ရွမ္းျပည္မွာက ေဆးစြဲတဲ့သူလည္း မ်ားလာတယ္” ဟု ျမန္မာနိုင္ငံ မူးယစ္ေဆး၀ါးဆန္႔က်င္ေရးအသင္း ရွမ္းျပည္နယ္ေတာင္ပိုင္း အသင္းခြဲ (MANA) အတြင္းေရးမွဴး ေဒၚနန္းမိုမိုသီတာက ေျပာသည္။

အဆိုပါ စခန္းတည္ေဆာက္ေရးအတြက္ ေျမေနရာအား ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႔ ဥကၠဌ ဦးခြန္စံလြင္က ေျမဧက (၂၀)ကို ျမန္မာနိုင္ငံ မူးယစ္ေဆး၀ါး ဆန္႔က်င္ေရးအသင္းသို႔ ေပးထားျခင္းျဖစ္သည္။

“ရွမ္းျပည္မွာေတာ့ ဘိန္းစိုက္ပ်ဳိးမႈအမ်ားဆံုး လို႔ ေျပာၾကပါတယ္။ ဒါေတြကို မူးယစ္ေဆး၀ါးဆန္႔က်င္ေရး အေနနဲ႔ ကၽြန္ေတာ္တို႔ဘက္ကေနလည္း အကူအညီေတြေပးမယ္။ အားလံုးဘက္စံုကေန ၀ိုင္း၀န္း ေဆာင္ရြက္ရင္ေတာ့ ေအာင္ျမင္သြားမွာပါ”ဟု လူမႈ၀န္ထမ္းဦးစီးဌာနမွ ညြန္ၾကားေရးမွဴး ဦးထြန္းဦးက ေျပာသည္။

အဆိိုပါစခန္းမ်ားဖြင့္လွစ္ႏုိင္ေရးအတြက္ ရွမ္းျပည္နယ္အစိုးရ၊ လူမူ၀န္ထမ္းဦးစီးဌာနႏွင့္ သက္ဆိုင္ေသာ အဖြဲ႕အစည္းမ်ားပူးေပါင္း၍ ၂၀၁၈-၂၀၁၉ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကက္ကူအနီး အောင်ဆုဗွေ၌ မူးယစ်ဆေးဝါး ဆေးဖြတ်စခန်းနှင့် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“မူးယစ်ဆေးဝါး ဆေးဖြတ်စခန်း၊ ပြန်လည်ထူထောင်စခန်း လုပ်မယ်ဆိုရင်လည်း ထိထိရောက်ရောက် အောင်မြင်အောင် အဆုံးထိ လုပ်ရမယ်။ CSO အဖွဲ့အစည်းတွေနဲ့လည်း ညှိနိုင်းဆွေးနွေးရမယ်။ ဘတ်ဂျက်မစဉ်းစားနဲ့။ ဘတ်ဂျက်ပြဿနာမရှိဘူး။ လုပ်မယ်ဆိုရင် လုပ်ကိုလုပ်ရမယ်။ စီမံကိန်းကို သေချာရေးဆွဲဖို့လိုတယ်။ တကယ်ထိရောက်မှုရှိတဲ့ စီမံချက်ရှိဖို့က အရေးကြီးဆုံးလိုအပ်ပါတယ်” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ပြည်သူလူထုအခြပြေု မူးယစ်ဆေးစွဲသူများကုသရေးစခန်းများဖွင့်လှစ်မည့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်က တောင်ကြီးမြို့တွင် ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးက ယင်းကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။

“အောင်ဆုဗွေစခန်း ထွက်လာတာကျတော့ ၂၀၀၆ ခုနှစ် ဇွန်လကစပြီး အခုဆိုရင် ရှစ်လလောက်ကြာနပြေီ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်မယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဒီစခန်းမှာလည်း ဆေးဖြတ်မယ်။ ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မယ်။ ဒီဘတ်ဂျက်ထဲမှာတော့ မပါဘူးဆိုပေမဲ့လည်း ရသလောက် သူတို့သုံးလိမ့်မယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာတော့ လုံးဝအကောင်အထည် ဖော်နိုင်ပါပြီ။ ရှမ်းပြည်မှာက ဆေးစွဲတဲ့သူလည်း များလာတယ်” ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲ (MANA) အတွင်းရေးမှူး ဒေါ်နန်းမိုမိုသီတာက ပြောသည်။

အဆိုပါ စခန်းတည်ဆောက်ရေးအတွက် မြေနေရာအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က မြေဧက (၂၀)ကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းသို့ ပေးထားခြင်းဖြစ်သည်။

“ရှမ်းပြည်မှာတော့ ဘိန်းစိုက်ပျိုးမှုအများဆုံး လို့ ပြောကြပါတယ်။ ဒါတွေကို မူးယစ်ဆေးဝါးဆန့်ကျင်ရေး အနေနဲ့ ကျွန်တော်တို့ဘက်ကနေလည်း အကူအညီတွေပေးမယ်။ အားလုံးဘက်စုံကနေ ဝိုင်းဝန်း ဆောင်ရွက်ရင်တော့ အောင်မြင်သွားမှာပါ”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးထွန်းဦးက ပြောသည်။

အဆိုပါစခန်းများဖွင့်လှစ်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရ၊ လူမူဝန်ထမ်းဦးစီးဌာနနှင့် သက်ဆိုင်သော အဖွဲ့အစည်းများပူးပေါင်း၍ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~