ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္ ႏြားလဝိုးေက်းရြာအုပ္စု ေအာင္သေျပကုန္းေက်းရြာတြင္ အမ်ိဳးသား တစ္ဦးက ေက်းရြာအား ဆဲဆိုသျဖင့္ ျပန္လည္ေတာင္းပန္ခုိင္းရာမွ လူငယ္မ်ား အခ်င္းမ်ားၿပီး တူမီးေသနတ္ျဖင့္ တစ္ခ်က္ပစ္ေဖါက္ကာ ဓါးျဖင့္ဝင္ခုတ္သျဖင့္ ဖမ္းဆီးၿပီး ရဲစခန္းသို႔ အပ္လုိက္ေၾကာင္း သိရသည္။
ေအာင္သေျပကုန္း ရြာသားတစ္ဦးျဖစ္သည့္ ေမာင္ဟိုက္ဆိုသူက ဇန္နဝါရီလ ၂၃ ရက္ေန႔တြင္ ေက်းရြာတြင္းရိွ လူငယ္မ်ား ေဘာလံုးကစားေနေသာ ေဘာလံုးကြင္းသို႔ လာေရာက္၍ ဆဲဆိုခဲ့ၿပီး ေက်းရြာအတြင္း ေအာ္ဟစ္ ဆဲဆိုကာ ရြာရွိလူငယ္မ်ားအား စိန္ေခၚရန္စခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
''သူကအရင္က ရဲက ဝရမ္းထုတ္ထားတာေလ။ ကြ်န္ေတာ္တို႔လည္း သူ႔ကို ေကာင္းေကာင္း ေနလာမလားဆိုၿပီး ၾကည့္ေနတာ ။ အခုက အရမ္းလိုက္ဆဲတယ္ေလ။ စိန္ေခၚတယ္။ ကြ်န္ေတာ္တို႔ သူငယ္ခ်င္းပါပဲ။ ဒါေပမဲ့ ဒီလိုဆိုးတာေတာ့မခံႏိုင္လို႔ ဖမ္းၿပီး ရဲကိုအပ္လိုက္တာ''ဟု ရြာသားတစ္ဦးျဖစ္သူ ေမာင္အီမွက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ယင္းသုိ႔ လုပ္ေဆာင္သည္ကို မေက်နပ္သည့္ လူငယ္ (၃၀)ခန္႔က ည (၉)နာရီခြဲခ်ိန္ခန္႔တြင္ ေမာင္ဟိုက္အိမ္သို႔ ေရာက္ရွိလာၿပီး ရြာအား ဆဲဆိုခဲ့ျခင္းအေပၚ ျပန္လည္ေတာင္းပန္ရန္ ေမာင္ဟိုက္အာ းေျပာဆိုရာ ေက်ာက္ခဲျဖင့္ ပစ္ေပါက္ၿပီး တူမီးေသနတ္ျဖင့္တစ္ခ်က္ ပစ္ေဖာက္ကာ ဓားရွည္ျဖင့္ လူငယ္အုပ္စုတြင္းသို႔ ဝင္ေရာက္ခုတ္ခဲ့ေၾကာင္း သိရသည္။
ေမာင္ဟိုက္အား လူငယ္မ်ားက ဝိုင္းဝန္းဖမ္းဆီးရာ ဒဏ္ရာရသြားသျဖင့္ လိြဳင္ေကာ္ေဆးရံုတြင္ (မစိုးရိမ္ရ)လူနာအျဖစ္ ကုသမႈခံယူလ်က္ရွိေၾကာင္းသိရသည္။
လက္ရိွတြင္ ေမာင္ဟိုက္အား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ၁၉ (စ ) / ၁၉(င) ျဖင့္ အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း ၿမိဳ႕မရဲစခန္း၏ရဲမွတ္တမ္းအရ သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
အောင်သပြေကုန်း ရွာသားတစ်ဦးဖြစ်သည့် မောင်ဟိုက်ဆိုသူက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျေးရွာတွင်းရှိ လူငယ်များ ဘောလုံးကစားနေသော ဘောလုံးကွင်းသို့ လာရောက်၍ ဆဲဆိုခဲ့ပြီး ကျေးရွာအတွင်း အော်ဟစ် ဆဲဆိုကာ ရွာရှိလူငယ်များအား စိန်ခေါ်ရန်စခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
''သူကအရင်က ရဲက ဝရမ်းထုတ်ထားတာလေ။ ကျွန်တော်တို့လည်း သူ့ကို ကောင်းကောင်း နေလာမလားဆိုပြီး ကြည့်နေတာ။ အခုက အရမ်းလိုက်ဆဲတယ်လေ။ စိန်ခေါ်တယ်။ ကျွန်တော်တို့ သူငယ်ချင်းပါပဲ။ ဒါပေမဲ့ ဒီလိုဆိုးတာတော့မခံနိုင်လို့ ဖမ်းပြီး ရဲကိုအပ်လိုက်တာ''ဟု ရွာသားတစ်ဦးဖြစ်သူ မောင်အီမှက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ယင်းသို့ လုပ်ဆောင်သည်ကို မကျေနပ်သည့် လူငယ် (၃၀)ခန့်က ည (၉)နာရီခွဲချိန်ခန့်တွင် မောင်ဟိုက်အိမ်သို့ ရောက်ရှိလာပြီး ရွာအား ဆဲဆိုခဲ့ခြင်းအပေါ် ပြန်လည်တောင်းပန်ရန် မောင်ဟိုက်အားပြောဆိုရာ ကျောက်ခဲဖြင့် ပစ်ပေါက်ပြီး တူမီးသေနတ်ဖြင့်တစ်ချက် ပစ်ဖောက်ကာ ဓားရှည်ဖြင့် လူငယ်အုပ်စုတွင်းသို့ ဝင်ရောက်ခုတ်ခဲ့ကြောင်း သိရသည်။
မောင်ဟိုက်အား လူငယ်များက ဝိုင်းဝန်းဖမ်းဆီးရာ ဒဏ်ရာရသွားသဖြင့် လွိုင်ကော်ဆေးရုံတွင် (မစိုးရိမ်ရ)လူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် မောင်ဟိုက်အား လွိုင်ကော်မြို့မရဲစခန်းတွင် ၁၉ (စ ) / ၁၉(င) ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲစခန်း၏ရဲမှတ်တမ်းအရ သိရသည်။
သတင်း - ဆန်းဖြိုးထွန်း