တာခ်ီလိတ္ခရိိုင္၊ မုိင္းျဖတ္ၿမိဳ႕ႏွင့္ မိုင္းေယာင္းၿမိဳ႕တို႔တြင္ သိမ္းဆည္းခံ လယ္ယာေျမမ်ား ျပန္လည္ရရွိေရး ႏွင့္ ျပည္နယ္အစိုးရထံ ျပန္လည္တင္ျပႏိုင္ေရးအတြက္ တာခ်ီလိတ္ခရိုင္အတြင္းရွိ လြႊတ္ေတာ္ ကိုယ္စားလွယ္ (၃)ဦးႏွင့္အဖြဲ႔မွ ဇန္န၀ါရီလ(၂၅)ရက္ေန႔က သြားေရာက္၍ ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း သိရသည္။
"စစ္မႈထမ္းေဟာင္းမိသားစုဆိုၿပီး အမည္ခံၿပီး လုပ္ေနၾကတာေတြပါ ။ဧက (၅၀)ေက်ာ္တယ္ အက်ယ္ႀကီးပဲ၊ မလုပ္စားပဲနဲ႔ သူတို႔ ျပန္ငွားစားတာေတြ ျဖစ္ေနတယ္၊ ေအာက္ေျခက မရွင္းမရွင္းျဖစ္တာေတြေပါ့၊ ကြ်န္ေတာ္တို႔ အခု ကြင္းဆင္းၿပီးေတာ့ ေတြ႕ရွိခ်က္ေတြ အကုန္လံုးကို ျပည္နယ္အစိုးရထံ တင္ျပသြားမွာပါ"ဟု အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ က တာခ်ီလိတ္သတင္း ေအဂ်င္စီကို ေျပာသည္။
အဆိုပါ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႔မွ သိမ္းဆည္းခံ လယ္ယာေျမမ်ားကိစၥႏွင့္ ပတ္သက္၍ ကြင္းစစ္ေဆးစစ္မႈမ်ား ျပဳလုပ္ရာတြင္ မိုင္းေယာင္းၿမိဳ႕ထဲတြင္လည္း တပ္သိမ္းေျမမ်ားရွိေနေၾကာင္းႏွင့္ တာခ်ီလိတ္ခရိုင္အတြင္း သိမ္းဆည္းခံလယ္ယာေျမမ်ားႏွင့္ ပတ္သက္၍ ကြင္းဆင္းစစ္ေဆး ေတြ႕ရွိခ်က္ အားလံုးကို ျပည္နယ္အစိုးရထံ တင္ျပသြားမွာ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။
အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ မိုင္းေယာင္းမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းေအာင္ ႏွင့္ တာခ်ီလိတ္မဲဆႏၵနယ္ အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ အပါအ၀င္ NLD အလုပ္အမႈေဆာင္အဖြဲ႔၀င္မ်ား ႏွင့္ တာ၀န္ရွိသူမ်ားက လယ္ယာေျမမ်ား သိမ္းဆည္းခံရသည့္ ေတာင္သူမ်ား ႏွင့္ ေတြ႕ဆံုၿပီး ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။
ဓာတ္ပံု - Aung Joy
"စစ်မှုထမ်းဟောင်းမိသားစုဆိုပြီး အမည်ခံပြီး လုပ်နကြေတာတွေပါ။ဧက (၅၀)ကျော်တယ် အကျယ်ကြီးပဲ၊ မလုပ်စားပဲနဲ့ သူတို့ ပြန်ငှါးစားတာတွေ ဖြစ်နေတယ်၊ အောက်ခြေက မရှင်းမရှင်းဖြစ်တာတွေပေါ့၊ ကျွန်တော်တို့ အခု ကွင်းဆင်းပြီးတော့ တွေ့ရှိချက်တွေ အကုန်လုံးကို ပြည်နယ်အစိုးရထံ တင်ပြသွားမှာပါ"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် က တာချီလိတ်သတင်း အေဂျင်စီကို ပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှ သိမ်းဆည်းခံ လယ်ယာမြေများကိစ္စနှင့် ပတ်သက်၍ ကွင်းစစ်ဆေးစစ်မှုများ ပြုလုပ်ရာတွင် မိုင်းယောင်းမြို့ထဲတွင်လည်း တပ်သိမ်းမြေများရှိနေကြောင်းနှင့် တာချီလိတ်ခရိုင်အတွင်း သိမ်းဆည်းခံလယ်ယာမြေများနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက် အားလုံးကို ပြည်နယ်အစိုးရထံ တင်ပြသွားမှာ ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ မိုင်းယောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင် နှင့် တာချီလိတ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် အပါအဝင် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက လယ်ယာမြေများ သိမ်းဆည်းခံရသည့် တောင်သူများ နှင့် တွေ့ဆုံပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - Aung Joy