ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ မယ်နင်စုပေါင်းသုသာန်တွင် မီးသဂြုင်္ိဟ်စက် တည်ဆောက်ရန် ကျပ်သိန်း (၆၀၀) ကုန်ကျမည့်အနက် စုပေါင်းလှူဒါန်းသည့် ကျပ်သိန်း (၁၉၀)ကို စည်ပင်သာယာရေးဌာနသို့ ပေးအပ်လိုက်ကြောင်း သိရသည်။
ပထမအကြိမ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ဇန်န၀ါရီ ၂၆ ရက်နံနက် ၉ နာရီက မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ သီရိရတနာခန်းမ၌ ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိုင်းကျော်အောင်က မီးသဂြုင်္ိဟ်စက် တည်ဆောက်မည့် လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ မီးသဂြုင်္ိဟ်စက် တည်ဆောက်ရန် လှူဒါန်းလိုပါက မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဖုန်း ၀၈၄-၆၀၂၄၈၊ ၀၈၄-၆၀၄၃၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ မယ်နင်စုပေါင်းသုသာန်တွင် မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန် ကျပ်သိန်း (၆၀၀) ကုန်ကျမည့်အနက် စုပေါင်းလှူဒါန်းသည့် ကျပ်သိန်း (၁၉၀)ကို စည်ပင်သာယာရေးဌာနသို့ ပေးအပ်လိုက်ကြောင်း သိရသည်။
ပထမအကြိမ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နံနက် ၉ နာရီက မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ သီရိရတနာခန်းမ၌ ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးစိုင်းကျော်အောင်က မီးသင်္ဂြိုဟ်စက် တည်ဆောက်မည့် လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက ငွေကျပ်သိန်း ၂၀၊ ဗိုလ်မှူးချုပ် သူရလှမင်းက ၁၀ သိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယက ၁၀ သိန်း၊ တင်မြင့်ရီကုမ္မဏ္ဍီက သိန်း ၅၀၊ ခမ်းဝိုကုမ္ပဏီက သိန်း ၃၀၊ ဦးစိုင်းကျော်အောင်မိသားစုက သိန်း ၂၀၊ ဦးစိုင်းလွင်ခမ်းမိသားစုက သိန်း ၂၀၊ ဦးစိုင်းကောလီမိသားစုက ၁၀ သိန်း၊ ဦးအောင်ညိုမိသားစုက ၁၀ သိန်း၊ ဦးထွန်းလွင်ဦး မိသားစုက ၅ သိန်းနှင့် ဦးစိုင်းဝဏ္ဍမိသားစုက ၅ သိန်း စုစုပေါင်းငွေကျပ်သိန်း ၁၉၀ ကို အသီးသီးပေးအပ်လှူဒါန်းရာ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဌက လက်ခံရယူပြီး မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါ မီးသင်္ဂြိုဟ်စက် တည်ဆောက်ရန် လှူဒါန်းလိုပါက မိုင်းဆတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဖုန်း ဝ၈၄-၆၀၂၄၈၊ ဝ၈၄-၆၀၄၃၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး