ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ကျပ်သိန်း(၉၅၀)ခွင့်ပြုငွေဖြင့် မတ်လကုန်တွင် အပြီးသတ် တည်ဆောက်ရမည့် နဝဒေးတံတားသစ်အား ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး
မယ်ဆွမ်မြောက်ရပ်ကွက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ကို ဆက်သွယ်ထားသည့် သစ်သားတံတားအစားထိုး အလျား ၈၀ ပေ၊ အနံ ၁၅ ပေရှိ အာရ်စီ၊ ကွန်ကရစ်တံတားကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ၂၀၁၆ -၂၀၁၇ဘဏ္ဍာနှစ် ဖြည့်စွက် ရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ကြီးကြပ်ကာ ဆောက်လုပ်သွားမည်ဖြစ်သည်။
ဦးစိုင်းစွံဆိုင်းနှင့် တာဝန်ရှိသူတို့က ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက သွားရောက်စစ်ဆေးကြသည်။
မယ်ဆွမ်မြောက်ရပ်ကွက်နှင့် မယ်ဆွမ်တောင်ရပ်ကွက်ကို ဆက်သွယ်ထားသည့် သစ်သားတံတားအစားထိုး အလျား ၈၀ ပေ၊ အနံ ၁၅ ပေရှိ အာရ်စီ၊ ကွန်ကရစ်တံတားကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ၂၀၁၆ -၂၀၁၇ဘဏ္ဍာနှစ် ဖြည့်စွက် ရန်ပုံငွေမှ ခွင့်ပြုငွဖြေင့် ပြည်နယ်စည်ပင်သာယာရေးဌာနမှ ကြီးကြပ်ကာ ဆောက်လုပ်သွားမည်ဖြစ်သည်။
အဆိုပါ တံတားကို အသစ်ပြုပြင် တည်ဆောက်ပေးရန် ၂၀၁၅ခုနှစ် ဇူလိုင် ၂၄ ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မိုင်းဆတ်ခရီးစဉ်တွင် တင်ပြထားသဖြင့် အလျား ၈၀ ပေ၊ အနံ ၁၅ ပေရှိ အာရ်စီ၊ ကွန်ကရစ်တံတားတည်ဆောက်ရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ဖြည့်စွက်ရန်ပုံငွေ ကျပ်သိန်း(၉၅၀) ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ပြီး ယနေ့စစ်ဆေးမှုတွင် ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းထွန်းဇော်က တံတားသစ် ပြန်လည်တည်ဆောက်မည့် အခြေအနေအား ရှင်းလင်း တင်ပြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး