မိုင်းဆတ်တွင် ကျေးရွာစာကြည့်တိုက်များ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲ ကျင်းပ

မိုင်းဆတ်တွင် ကျေးရွာစာကြည့်တိုက်များ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြောပြိုင်ပွဲ ကျင်းပ
ဇနျနဝါရီ 29, 2017
By Tachileik News Agency



ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကုန်းကုလားကျေးရွာ အလင်းရောင်စာကြည့်တိုက်ကိုယ်စားပြု မဘမ်ဘီးနာအား ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လည်းကောင်း၊ ဒုတိယဆုရရှိသူ ကျဒယ်ကျေးရွာ ပညာတံခွန်စာကြည့်တိုက် ကိုယ်စားပြု မနဒီလေးအား မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းမြဦးဆာက လည်းကောင်း၊ တတိယဆုရရှိသူ နောင်ဟီးရွာ မြတ်ပညာ စာကြည့်တိုက်ကိုယ်စားပြု မောင်စောမူးဆိုဂေးကဲအား မြို့နယ်ဆက်သွယ်ရေး တာဝန်ခံ ဦးစောစိုးနိုင်က လည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသူများကို တာဝန်ရှိသူတို့ကလည်းကောင်း အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ချီးးမြှင့်ကြကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြောပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက် (၉) နာရီတွင် ခရိုင်ပြည်သူ့ စာကြည့်တိုက် ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ ပုံပြောပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ စံညီကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်(၁၁)တိုက်မှ လူငယ်(၁၁)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကုန်းကုလားကျေးရွာ အလင်းရောင်စာကြည့်တိုက်ကိုယ်စားပြု မဘမ်ဘီးနာအား ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦးက လည်းကောင်း၊ ဒုတိယဆုရရှိသူ ကျဒယ်ကျေးရွာ ပညာတံခွန်စာကြည့်တိုက် ကိုယ်စားပြု မနဒီလေးအား မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းမြဦးဆာက လည်းကောင်း၊ တတိယဆုရရှိသူ နောင်ဟီးရွာ မြတ်ပညာ စာကြည့်တိုက်ကိုယ်စားပြု မောင်စောမူးဆိုဂေးကဲအား မြို့နယ်ဆက်သွယ်ရေး တာဝန်ခံ ဦးစောစိုးနိုင်က လည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသူများကို တာဝန်ရှိသူတို့ကလည်းကောင်း အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~