ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕မေစ်းတြင္ ဇန္န၀ါရီ ၂၁ ရက္ ေန႔လယ္ ၁၂နာရီခဲြက မီးေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ေရး သ႐ုပ္ျပ ေလ့က်င့္မႈျပဳလုပ္ေၾကာင္း သိရသည္။
မီးသတ္ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္ကိုကိုဦးေဆာင္ေသာ သေႏၶမီးသတ္တပ္ဖဲြ႔၀င္၂၆ ဦးႏွင့္ အရန္မီးသတ္တပ္ဖဲြ႔၀င္ ၃၀ ဦးတို႔က ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၀င္မ်ားႏွင့္ပူးေပါင္း၍ မီးသတ္ယာဥ္ (၅)စီးျဖင့္ ေလ့က်င့္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ သ႐ုပ္ျပေလ့က်င့္မႈတြင္ ၿမိဳ႕မေစ်းအတြင္း မီးေလာင္ကၽြမ္းေသာ ေနရာသုံးခုကို ေစ်းေကာ္မတီ၀င္မ်ားႏွင့္ ေစ်းသူေစ်းသားမ်ားက မီးခ်ိတ္၊ မီးကပ္မ်ား၊ ေရပုံးမ်ားျဖင့္လည္းေကာင္း၊ မီးသတ္တပ္ဖဲြ႔၀င္မ်ားက မီးသတ္ယာဥ္ (၅)စီးျဖင့္လည္းေကာင္း ၀ိုင္း၀န္း မီးၿငိမ္းသတ္ ေလ့က်င့္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းေနာက္ မီးသတ္ေဆးဗူးျဖင့္ အ၀တ္အထည္၊ ဆီႏွင့္ လွ်ပ္စစ္မီးၿငိမ္းသတ္နည္းမ်ားကို ရွင္းလင္းေျပာၾကားၿပီး ေစ်းသူေစ်းသားမ်ားက မီးသတ္ေဆးဗူးျဖင့္ ဆီမွမီးေလာင္ကၽြမ္းမႈကို လက္ေတြ႔ ၿငိမ္းသတ္ခဲ့ၾကသည္။
အဆိုပါ သ႐ုပ္ျပေလ့က်င့္မႈကို ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း၊ ခ႐ိုင္၊ ၿမိဳ႕နယ္စီမံခန္႔ခဲြမႈေကာ္မတီ၀င္မ်ား၊ ၿမိ႕နယ္စည္ပင္သာယာေရးေကာ္မတီ၀င္မ်ား၊ ေစ်းေကာ္မတီ၀င္မ်ားႏွင့္ ေစ်းသူေစ်းသားမ်ား တက္ေရာက္ၾကည့္႐ႈ အားေပးခဲ့ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး
မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကိုကိုဦးဆောင်သော သန္ဓမေီးသတ်တပ်ဖွဲ့ဝင်၂၆ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့က မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် (၅)စီးဖြင့် လေ့ကျင့်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်မှုတွင် မြို့မဈေးအတွင်း မီးလောင်ကျွမ်းသော နေရာသုံးခုကို ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများက မီးချိတ်၊ မီးကပ်များ၊ ရေပုံးများဖြင့်လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၅)စီးဖြင့်လည်းကောင်း ဝိုင်းဝန်း မီးငြိမ်းသတ် လေ့ကျင့်ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် မီးသတ်ဆေးဗူးဖြင့် အဝတ်အထည်၊ ဆီနှင့် လျှပ်စစ်မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး ဈေးသူဈေးသားများက မီးသတ်ဆေးဗူးဖြင့် ဆီမှမီးလောင်ကျွမ်းမှုကို လက်တွေ့ ငြိမ်းသတ်ခဲ့ကြသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်မှုကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြိ့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး