ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် မိုင်းဖြတ်မြို့နယ်ရှိ အဆောက်အဦးနှင့် လမ်းများအား စစ်ဆေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ထားသည့် မိုင်းဖြတ်မြို့နယ်ရှိ အဆောက်အဦးနှင့် လမ်းများအား စစ်ဆေး
ဇနျနဝါရီ 31, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေ သည့် အဆောက်အဦးနှင့် လမ်းများအား ဇန်န၀ါရီလ(၃၁)ရက်နေ့တွင် စစ်ဆေးကြောင်း သိရသည်။



လင်းထက်မြန်မာကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်သည့် ကျပ်(၅၉.၂၅)သန်းခွင့်ပြုငွေဖြင့် တည်ဆောက်သော ပါထွန်ကျေးရွာအ၀င် ကျောက်ချောလမ်းအား လည်းကောင်း၊ ကျပ်(၆၀.၂၅)သန်း ခွင့်ပြုငွေဖြင့် တည်ဆောက်သည့် ၀မ်မိုင်ရပ်ကွက်မှ ပါပူးကျေးရွာမှ ကျောက်ချောလမ်းတို့အား ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်အတွင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွဖြေင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေ သည့် အဆောက်အဦးနှင့် လမ်းများအား ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စစ်ဆေးကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ပြည်နယ်ရုံးခွဲ ဦးစီးမှူး ဦးထွန်းဇော်ချစ်နှင့် တာချီလိတ်ခရိုင်ဦးစီးမှူး ဦးအောင်ထွန်းတို့ ပါဝင်သည့် အဖွဲ့သည် နမ့်လန်းကျေးရွာမှ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်(၆၉ . ၈၁)သန်းဖြင့် နမ့်ယွန်းတောင်ပေါ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်လျှက်ရှိသည့် (RC)နှစ်ထပ် မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦးအား ကြည့်ရှုစစ်ဆေးသည်။

“ဒီအဆောက်အဦးကို သတ်မှတ်စံနှုန်းအပြည့်အဝ ဆောက်လုပ်ပေးစေလိုပါတယ်။ သေချာ ခိုင်ခန့်အောင်လည်း တာဝန်ယူထားတဲ့ကုမ္ပဏီက ဆောက်လုပ်ပေးစေလိုပါတယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက မှာကြားသွားသည်။

လင်းထက်မြန်မာကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်သည့် ကျပ်(၅၉.၂၅)သန်းခွင့်ပြုငွဖြေင့် တည်ဆောက်သော ပါထွန်ကျေးရွာအဝင် ကျောက်ချောလမ်းအား လည်းကောင်း၊ ကျပ်(၆၀.၂၅)သန်း ခွင့်ပြုငွဖြေင့် တည်ဆောက်သည့် ဝမ်မိုင်ရပ်ကွက်မှ ပါပူးကျေးရွာမှ ကျောက်ချောလမ်းတို့အား ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

သတင်း / ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~