မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ အလုပ္မလုပ္ႏုိင္သျဖင့္ ပုလိပ္ၿမိဳ႕ ပန္ဒါခ်ည္မွ်ည္ႏွင့္ အထည္စက္ရံုမွ လုပ္သားမ်ားအေရး ရွစ္လၾကာသည္အထိ မေျဖရွင္းႏုိင္ျခင္း ျဖစ္သည္ဟု ဆႏၵျပလုပ္သားမ်ားက ေျပာဆိုလုိက္သည္။
''ဝန္ႀကီးေတြက ဝန္ထမ္းေတြကို ထိန္းခ်ဳပ္တာ မဟုတ္ဘဲ ဝန္ထမ္းက လူႀကီးေတြကို ျပန္ၿပီး ထိန္းခ်ဳပ္တာျဖစ္ေနတယ္။ အခုခ်ိန္ထိ ဒီကိစၥကို မေျဖရွင္းနိုင္တာက ဒီအတိုင္းအစိုးရက အလုပ္ မလုပ္နိုင္တာေၾကာင့္ပါ'' ဟု ဆႏၵထုတ္ေဖာ္ပြဲတြင္ပါသည့္ အလုပ္သမားအဖြဲ႕ခ်ဳပ္မွ ကိုသက္ႏွင္းေအာင္က ေျပာသည္။
မႏၱေလးတိုင္းေဒသႀကီး ပုလိပ္ၿမိဳ႕ ပန္ဒါခ်ည္မွ်ည္ႏွင့္အထည္စက္ရံုအလုပ္ရွင္မွ EC စာခ်ဳပ္ ခ်ိဳးေဖာက္သည္ဟုဆိုကာ လုပ္သား (၅၀၀)ေက်ာ္က ဇန္နဝါရီလ (၂၂) ရက္ နံနက္(၉)နာရီတြင္ ဆႏၵထုတ္ေဖာ္ၾကျခင္းျဖစ္သည္။
“ပန္ဒါကုမၸဏီအေနျဖင့္ လက္ရွိအစိုးရအဖြဲ႔ ညႇိႏိႈင္းေပးမႈကို ခ်ိဳးေဖာက္ပါတယ္။ အလုပ္ရွင္ အေနနဲ႔ ဥပေဒကို အမ်ဳိးမ်ဳိး ျပဳလုပ္ၿပီး ေလးစားမႈ မရွိတဲ့အတြက္ သပိတ္ေမွာက္တာက ၾကာျမင့္ခဲ့ပါတယ္။ ျပည္သူ႔အစိုးရ အဖြဲ႔အေနနဲ႔ လႊဲေျပာင္းခံ ႏိုင္ငံ့၀န္ထမ္းေဟာင္းေတြရဲ႕ ဘဝေတြကို အျမန္ဆံုး အဆံုးသတ္အေျဖထုတ္ေပးဖို႔ အခုလို ဆႏၵထုတ္ေဖာ္ျခင္းျဖစ္ပါတယ္”ဟု သပိတ္ေခါင္းေဆာင္ ေဒၚဇာျခည္၀င္းက ေျပာသည္။
ပန္ဒါခ်ည္ထည္စက္ရံုမွ လုပ္သားမ်ား ဆႏၵထုတ္ေဖာ္ေနမႈသည္ ၂၀၁၆ခုႏွစ္၊ ဇြန္လ(၃)ရက္မွ စတင္ခဲ့ျခင္းျဖစ္ၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႔ အေနျဖင့္ ညႇိႏိႈင္းဖ်န္ေျဖေရးေကာ္မတီဖြဲ႔စည္း၍ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလက ေစ့စပ္ညိႇႏိႈင္းေပးခဲ့ေသာ္လည္း ေျပလည္ျခင္းမရိွေသးေၾကာင္း သိရသည္။
ပန္ဒါခ်ည္မွ်င္စက္ရံုမွ အလုပ္သမား (၃၀၀)ခန္႔ ဆႏၵထုတ္ေဖာ္ရန္ ခြင့္ျပဳခ်က္တင္ထားျခင္းျဖစ္ၿပီး ဆႏၵထုတ္ေဖာ္ရာသို႔ စိန္ကမၻာ၊ စပါးႏွံ၊ အီလန္စက္ရံုမ်ားမွ လုပ္သားမ်ားႏွင့္လူငယ္ေရးရာအဖြဲ႔ (၁၅) ဖြဲ႔ကလည္း ဝန္းရံ ခဲ့ၾကေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ေရႊေဇာ္
''ဝန်ကြီးတွေက ဝန်ထမ်းတွေကို ထိန်းချုပ်တာ မဟုတ်ဘဲ ဝန်ထမ်းက လူကြီးတွေကို ပြန်ပြီး ထိန်းချုပ်တာဖြစ်နေတယ်။ အခုချိန်ထိ ဒီကိစ္စကို မဖြေရှင်းနိုင်တာက ဒီအတိုင်းအစိုးရက အလုပ် မလုပ်နိုင်တာကြောင့်ပါ'' ဟု ဆန္ဒထုတ်ဖော်ပွဲတွင်ပါသည့် အလုပ်သမားအဖွဲ့ချုပ်မှ ကိုသက်နှင်းအောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ ပန်ဒါချည်မျှည်နှင့်အထည်စက်ရုံအလုပ်ရှင်မှ EC စာချုပ် ချိုးဖောက်သည်ဟုဆိုကာ လုပ်သား (၅၀၀)ကျော်က ဇန်နဝါရီလ (၂၂) ရက် နံနက်(၉)နာရီတွင် ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။
“ပန်ဒါကုမ္ပဏီအနဖြေင့် လက်ရှိအစိုးရအဖွဲ့ ညှိနှိုင်းပေးမှုကို ချိုးဖောက်ပါတယ်။ အလုပ်ရှင် အနေနဲ့ ဥပဒေကို အမျိုးမျိုး ပြုလုပ်ပြီး လေးစားမှု မရှိတဲ့အတွက် သပိတ်မှောက်တာက ကြာမြင့်ခဲ့ပါတယ်။ ပြည်သူ့အစိုးရ အဖွဲ့အနေနဲ့ လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းဟောင်းတွေရဲ့ ဘဝတွေကို အမြန်ဆုံး အဆုံးသတ်အဖြေထုတ်ပေးဖို့ အခုလို ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်”ဟု သပိတ်ခေါင်းဆောင် ဒေါ်ဇာခြည်ဝင်းက ပြောသည်။
ပန်ဒါချည်ထည်စက်ရုံမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေမှုသည် ၂၀၁၆ခုနှစ်၊ ဇွန်လ(၃)ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အနဖြေင့် ညှိနှိုင်းဖျန်ဖြေရေးကော်မတီဖွဲ့စည်း၍ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက စေ့စပ်ညှိနှိုင်းပေးခဲ့သော်လည်း ပြေလည်ခြင်းမရှိသေးကြောင်း သိရသည်။
ပန်ဒါချည်မျှင်စက်ရုံမှ အလုပ်သမား (၃၀၀)ခန့် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တင်ထားခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ရာသို့ စိန်ကမ္ဘာ၊ စပါးနှံ၊ အီလန်စက်ရုံများမှ လုပ်သားများနှင့်လူငယ်ရေးရာအဖွဲ့ (၁၅) ဖွဲ့ကလည်း ဝန်းရံ ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ရွှေဇော်