ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ရွိ နမ့္ေဘာ္ဝမ္း (က)ရပ္ကြက္တြင္ ဇန္နဝါရီလ(၂၇)ရက္ေန႔ ညပိုင္းက အမ်ဳိးသားတစ္ဦး ႀကိဳးဆြဲခ် ေသဆုံး သြားေၾကာင္း သိရသည္။
ေသဆုံးသူမွာ အသက္(၃၀)ေက်ာ္ရွိ ေဇာ္မင္းဦး(ခ)ကိုေဇာ္ ျဖစ္ၿပီး ေဈးေရာင္းသည့္ အလုပ္ကို လုပ္ကိုင္သူ ျဖစ္ေၾကာင္း သိရသည္။
ေသဆုံးသူ ကိုေဇာ္မွာ ၎မေသဆုံးမွီ တစ္ရက္အလိုက သူငယ္ခ်င္း ျဖစ္သူအား မိမိအေနျဖင့္ ႀကံဳရာက်ဘမ္း အလုပ္ကို လုပ္ကိုင္ေသာ္လည္း စီးပြားေရး အဆင္မေျပသည့္အျပင္ မိသားစုမ်ားက ၾကည့္ရႈ႕ေစာင္မမႈ႔မရွိျခင္း တို႔ေၾကာင့္ စိတ္ညစ္ေနေၾကာင္း ရင္ဖြင့္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
အခင္းျဖစ္ပြားသည့္ ဇန္နဝါရီလ(၂၇)ရက္ေန႔ ည (၇)နာရီ မတိုင္ခင္က ၎၏ သူငယ္ခ်င္းျဖစ္သူမွ ဖုန္းေခၚဆိုေသာ္လည္း ဖုန္းမကိုင္သျဖင့္ အိမ္ေရွ႕သို႔သြားေရာက္ၾကည့္ရႈ႕ရာ အိမ္ေပါက္ဝ ပိတ္ထား၍ ဖုန္းေခၚၾကည့္ကာ ဖုန္းမွာ အိမ္ထဲတြင္ အသံျမည္ေနသျဖင့္ တံခါးအား ဖြင့္ၾကည့္ရာတြင္ ကိုေဇာ္မွာ ႀကိဳတန္းလန္းျဖင့္ ေသဆုံးေနေၾကာင္း သိရသည္။
၎သည္ ေနအိမ္ ထုတ္တန္းတြင္ ဝါယာႀကိဳအား ခ်ည္ၿပီး ထိုင္လွ်က္ ႀကိဳးတန္းလန္းျဖင့္ ယာဘက္သို႔ ေစာင္းကာ ပါစပ္မွ လွ်ာထြက္၍ ေသဆုံးေနေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္ကို ရဲစစ္ေဆးခ်က္အရ သိရသည္။
အဆိုပါ ကိစၥႏွင့္ ပက္သက္၍ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္မဟုတ္အား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္း မွ စုံစမ္းစစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
သေဆုံးသူမှာ အသက်(၃၀)ကျော်ရှိ ဇော်မင်းဦး(ခ)ကိုဇော် ဖြစ်ပြီး ဈေးရောင်းသည့် အလုပ်ကို လုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ ကိုဇော်မှာ၎င်းမသေဆုံးမှီ တစ်ရက်အလိုက သူငယ်ချင်း ဖြစ်သူအား မိမိအနဖြေင့် ကြုံရာကျဘမ်း အလုပ်ကို လုပ်ကိုင်သော်လည်း စီးပွားရေး အဆင်မပြေသည့်အပြင် မိသားစုများက ကြည့်ရှု့စောင်မမှု့မရှိခြင်း တို့ကြောင့် စိတ်ညစ်နေကြောင်း ရင်ဖွင့်ပြောဆိုခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့် ဇန်နဝါရီလ(၂၇)ရက်နေ့ ည (၇)နာရီ မတိုင်ခင်က၎င်း၏ သူငယ်ချင်းဖြစ်သူမှ ဖုန်းခေါ်ဆိုသော်လည်း ဖုန်းမကိုင်သဖြင့် အိမ်ရှေ့သို့သွားရောက်ကြည့်ရှု့ရာ အိမ်ပေါက်ဝ ပိတ်ထား၍ ဖုန်းခေါ်ကြည့်ကာ ဖုန်းမှာ အိမ်ထဲတွင် အသံမြည်နေသဖြင့် တံခါးအား ဖွင့်ကြည့်ရာတွင် ကိုဇော်မှာ ကြိုတန်းလန်းဖြင့် သေဆုံးနေကြောင်း သိရသည်။
၎င်းသည် နေအိမ် ထုတ်တန်းတွင် ဝါယာကြိုအား ချည်ပြီး ထိုင်လျှက် ကြိုးတန်းလန်းဖြင့် ယာဘက်သို့ စောင်းကာ ပါစပ်မှ လျှာထွက်၍ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ကို ရဲစစ်ဆေးချက်အရ သိရသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်အား လွိုင်ကော်မြို့မရဲစခန်း မှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း