ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးနှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဒေါ်နန်းရွှေမြင့် နှင့် အဖွဲ့ဝင်များသည် ဘ၀နတ်ထံပျံလွန်တော်မှုသွားသည့် လားရှိုးကန်မိန်းကျောင်းဆရာတော်၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမြှော်ကာ အလှူငွေများကို ဇန်န၀ါရီလ(၁၁)ရက်နေ့က လှူဒါန်းကြောင်း သိရသည်။
ကန်မိန်းကျောင်းထိုင်ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား မီးပူဇော်သဂြုင်္ိဟ်ခြင်း အန္တိမဈာပနအခမ်းအနားကို ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ခမ်းဦး
ကန်မိန်းကျောင်းထိုင်ဆရာတော်၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား မီးပူဇော်သင်္ဂြိုဟ်ခြင်း အနိ္တမဈာပနအခမ်းအနားကို ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ ကန်မိန်းကျောင်း ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက သံဃမဟာထေရ၊ သံဃမဟာနာယက ဘဒ္ဒန္တမုနိန္ဒသည် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်(ဝဝး၂၀)နာရီအချိန်က ဘဝနတ်ထံပျံလွန်တော်မှုသွားခြင်း ဖြစ်ကြောင်း ဘဝနတ်ထံ ပျံလွန်တော်မှုသည့်အချိန်တွင် သက်တော်(၈၆)နှစ် နှင့် ဝါတော် (၆၆)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ခမ်းဦး