ထိုင္းႏိုင္ငံ၀န္ႀကီးဌာနလက္ေအာက္ရွိ ေဂဟာအသီးသီးတြင္ လက္ခံေစာင့္ေရွာက္ေပးထားသည့္ လူကုန္ကူး ခံရသူမ်ားထဲမွ ျမန္မာႏိုင္ငံသား အမ်ဳိးသမီးမ်ားကို စိစစ္၍ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ရန္ ျမန္မာ - ထိုင္း ႏွစ္ဖက္တာ၀န္ရွိသူမ်ား စီစဥ္ေနေၾကာင္း သိရသည္။
"အခုက ခါတိုင္းလို ဖမ္းဆီးခံထားရတဲ့ လူလႊဲေျပာင္းမ်ဳိးမဟုတ္ဘဲ လူကုန္ကူးခံရတာေတြဆိုေတာ့ ကြ်န္ေတာ္တို႔ဘက္က ျပည္နယ္လူမႈ၀န္ထမ္းေရာ၊ အမ်ဳိးသမီးေရးရာေရာ၊ လူကုန္တားရဲေရာ အစံုပါမွာပါ။ လက္ခံတာေတာ့ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွာပဲ လက္ခံသြားမွာပါ၊"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အငယ္တန္းစာေရး ဦးလင္းလင္းၿဖဳိးက ေျပာသည္။
ထိုင္းႏိုင္ငံ လူမႈဖြံ႔ၿဖဳိးတိုးတက္ေရးႏွင့္ လူသားလံုၿခံဳေရး၀န္ႀကီးဌာနလက္ေအာက္ရွိ ေဂဟာမ်ားတြင္ ေစာင့္ေရွာက္ထားသည့္ လူကုန္ကူးခံရသည့္ အမ်ဳိးသမီးမ်ားအနက္ ႏိုင္ငံသားစိစစ္အတည္ျပဳထားႏုိင္သည့္ ျမန္မာႏို္င္ငံသား(၁၅)ဦးကို ဇန္န၀ါရီလ(၃၁)ရက္ေန႔တြင္ ျမန္မာ - ထိုင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ လာေရာက္လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။
"၂၀၁၆ တုန္းကေတာ့ လူကုန္ကူးခံရတာေတြ လႊဲေျပာင္းတာ မရွိခဲ့ဘူး။ အခု ၂၀၁၇ မွာေတာ့ လႊဲလာမွာ (၁၅)ေယာက္ဆိုေတာ့ ၂၀၁၇မွာ လူကုန္ကူးခံရမႈနဲ႔ ျပန္လႊဲေပးတာဆိုရင္ ပထမဆံုး ျဖစ္မွာပါ"ဟု ၎က ေျပာသည္။
ထိုင္းဘက္မွ လာေရာက္ လႊဲေျပာင္းအပ္ႏွံမည့္ ျမန္မာႏိုင္ငံသား အမ်ဳိးသမီး (၁၅)ဦးအား ျမန္မာႏိုင္ငံမွ တာ၀န္ရွိသူမ်ားက လက္ခံထားၿပီး မိဘမ်ားထံ ျပန္လည္ေရာက္ရွိေရးအတြက္ ကူညီ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
သတင္း - ကိုေဇာင္း
"အခုက ခါတိုင်းလို ဖမ်းဆီးခံထားရတဲ့ လူလွှဲပြောင်းမျိုးမဟုတ်ဘဲ လူကုန်ကူးခံရတာတွေဆိုတော့ ကျွန်တော်တို့ဘက်က ပြည်နယ်လူမှုဝန်ထမ်းရော၊ အမျိုးသမီးရေးရာရော၊ လူကုန်တားရဲရော အစုံပါမှာပါ။ လက်ခံတာတော့ ချစ်ကြည်ရေး အမှတ်(၁)တံတားမှာပဲ လက်ခံသွားမှာပါ၊"ဟု တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးလင်းလင်းဖြိုးက ပြောသည်။
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ ဂေဟာများတွင် စောင့်ရှောက်ထားသည့် လူကုန်ကူးခံရသည့် အမျိုးသမီးများအနက် နိုင်ငံသားစိစစ်အတည်ပြုထားနိုင်သည့် မြန်မာနို်င်ငံသား(၁၅)ဦးကို ဇန်နဝါရီလ(၃၁)ရက်နေ့တွင် မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လာရောက်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
"၂၀၁၆ တုန်းကတော့ လူကုန်ကူးခံရတာတွေ လွှဲပြောင်းတာ မရှိခဲ့ဘူး။ အခု ၂၀၁၇ မှာတော့ လွှဲလာမှာ (၁၅)ယောက်ဆိုတော့ ၂၀၁၇မှာ လူကုန်ကူးခံရမှုနဲ့ ပြန်လွှဲပေးတာဆိုရင် ပထမဆုံး ဖြစ်မှာပါ"ဟု၎င်းက ပြောသည်။
ထိုင်းဘက်မှ လာရောက် လွှဲပြောင်းအပ်နှံမည့် မြန်မာနိုင်ငံသား အမျိုးသမီး (၁၅)ဦးအား မြန်မာနိုင်ငံမှ တာဝန်ရှိသူများက လက်ခံထားပြီး မိဘများထံ ပြန်လည်ရောက်ရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုဇောင်း